cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေဆောင်မှိုရောဂါကို ဘယ်လိုဖြေရှင်းနိုင်မလဲ။

. ရောဂါ
ကြက်သွန်ဖြူ၊ နီမှထုတ်ပေးသော thiosulfinates နှင့် disulfides ဓာတ်သည် မြေပေါ်တွင် အဆိပ်ငွေ့ပေးသော မီသိုင်းဘရိုမိုက်နှင့်ဆင်တူသည့်အာနိသင်ရှိပြီး မြေဆောင်မှိုများရှင်သန်မှုကို ဟန့်တားပေးနိုင်သည်။
  • ၁။ စိုက်ခင်းသန့်ရှင်းရေး၊ စိုက်နည်းစနစ် ပြင်ဆင်ပါ။  

    ရောဂါကျပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်များသေချာရှင်းပါ။  

    ကောင်းစွာဆွေးမြေ့နေသောမြေဆွေးကိုသာ အသုံးပြုပါ။ 

    လယ်ယာသုံးကိရိယာများကိုသန့်ရှင်းပါ။ 

    စိုက်ခင်းလေဝင်လေထွက်ကောင်းစေမည့်နည်းလမ်းများကိုဆောင်ရွက်ပါ။ ရေထုတ်ပါ။ 

    ထယ်တစ်စက်ထိုး၍မြေကိုတိုက်ရိုက်နေရောင်ခြည်ရရှိစေရန်ဆောင်ရွက်ပါ။ 

    ရောဂါကင်းစင်မှုထောက်ခံချက်ပါသော၊ သေချာသောမျိုးစေ့၊ မျိုးပိုင်းကိုစိုက်ပျိုးပါ။ 

    ၂။ စိုက်ခင်းရေသွင်းရေထုတ်စနစ်နှင့်မြေသြဇာအာဟာရထည့်သွင်းမှုကိုစနစ်တကျဆောင်ရွက်ပါ။ 

     ကာလကြာရှည်ရေလွှမ်းထားခြင်းကို သတိပြုဆင်ခြင်ပါ။   

     ဓာတ်မြေသြဇာတစ်မျိုးမျိုး (အထူးသဖြင့် နိုက်ထရိုဂျင်) ကိုအလွန်အကျွံအသုံးပြုခြင်းဆင်ခြင်ပါ။   အနည်းလိုအာဟာရ (Ca, Mg , Zn) ကိုလိုအပ်ပါက စနစ်တကျဖြည့်စွက်ပါ။      သဘာဝမြေသြဇာထည့်သွင်းပါ။ 

    ၃။ ဖြစ်နိုင်လျှင် သီးလှည့်စိုက်ပါ။ 

    ၄။ နွေထယ်ရေးခံပါ။ 

    ၅။ Biofumigants အသုံးပြုပါ။ မုန်ညင်း၊ မုန်လာ အုပ်စုသီးနှံ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ မုန်လာဥမှထုတ်ပေးနိုင်သောဆာလဖာဓာတ်၊ Isothiocyanates (ITC) နှင့် glucosinolate သည် မြေဆောင်မှိုအချို့ဖြစ်သော ( Phytophthora, Rhizoctonia) စပိုးများအပေါ်အဆိပ်သင့်စေနိုင်သည်။ 

    ကြက်သွန်ဖြူ၊ နီမှထုတ်ပေးသော thiosulfinates နှင့် disulfides ဓာတ်သည် မြေပေါ်တွင် အဆိပ်ငွေ့ပေးသော မီသိုင်းဘရိုမိုက်နှင့်ဆင်တူသည့်အာနိသင်ရှိပြီး မြေဆောင်မှိုများရှင်သန်မှုကို ဟန့်တားပေးနိုင်သည်။  

    မုန်ညင်းမုန်လာအုပ်စုအပင်များမှထုတ်သော glucosinolates သည်ရေအစိုဓာတ်ဖြင့်ပြိုကွဲဓာတ်ပြုကာ myrosinase အင်ဇိုင်းအကူအညီဖြင့် Isothiocyanates (ITC) အဖြစ်ပြောင်းလဲကာ အနုဇီဝသက်ရှိများ ပွားများမှုကိုအထောက်အကူပြုပေးနိုင်သည်။ 

    ၆။ မြေပြင်ခြင်း 

    စိုက်ခင်းသို့ နွားချေး၊ သစ်စိမ်းမြေသြဇာ၊ တမာကြိတ်ဖက်၊ ပဲမှော်၊ Rhizobium, Trichoderma , Pseudomonas, Mycorrhiza စသည်တို့ထည့်သွင်းပေးခြင်း ။ 

    မြေချဥ်ငန်ကိန်း ထိန်းညှိပေးခြင်းပြုလုပ်ပါ။ 

    ၇။ မှိုသတ်ဆေး မြေခံထည့်ခြင်း 

          Azoxystrobin, Hymexazol, Cyprodinil 

    ၈။ မြေဆောင်မှိုရောဂါများဖြေရှင်းရန်အတွက် မှိုသတ်ဆေးတစ်မျိုးထဲကိုသာအသုံးပြုခြင်းဖြင့် လုံလောက်မှုမရှိပါ။ မစိုက်မီ၊ စိုက်ခင်း၊ စိုက်ပျိုးရိတ်သိမ်းပြီးကာလတစ်လျှောက်လုံးအဆင့်ဆင့်သော ကာကွယ်နည်းစနစ်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ သီးနှံတစ်ရာသီအတွက်လိုက်နာရန်မဟုတ်ပဲ အချိန်အတိုင်းအတာတစ်ခု သို့မဟုတ် ရေရှည်ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည်။ 

    Dr.Kyu Kyu Thin (Dr.DaDa) 


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes8comments0
views158views2217