cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ကမ္ဘာမြေနေ့ကိုဂုဏ်ပြုသောအားဖြင့် ဓာတုဆေးကို နည်းစနစ်မှန်မှန်နှင့်စနစ်တကျသုံးစွဲကြပါစို့”

. သတင်းစုံ
ယနေ့ ဧပြီလ (၂၂) ရက်နေ့တွင် ကျရောက်သော ကမ္ဘာမြေနေ့ (World Earth Day) ကို ဂုဏ်ပြုသောအားဖြင့်
  • ယနေ့ ဧပြီလ (၂၂) ရက်နေ့တွင် ကျရောက်သော ကမ္ဘာမြေနေ့ (World Earth Day) ကို ဂုဏ်ပြုသောအားဖြင့် ဓာတုဆေးအသုံးပြုမှုနှင့် မြေကြီးအတွင်းရှိ အနုဇီဝသက်ရှိများအပေါ် ဆက်စပ်ပုံတို့ကို သိရှိစေရန် ဝေမျှပေးလိုက်ပါတယ်။

    လူသားများအနေဖြင့် ကမ္ဘာမြေကြီးကိုတန်ဖိုးထားမှီခိုနေရသောကြောင့် ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သောအရာများကို သတိရှိရှိလုပ်ဆောင်ကြဖို့ရာလည်း လွန်စွာမှ အရေးကြီးပါတယ်။

    ဓာတုဆေးများကို ကာလကြာရှည်စွာ ဆက်တိုက်သုံးစွဲလာခြင်းကြောင့် မြေကြီးအတွင်း ဆေးဓာတ်ကြွင်းစုပုံခြင်း၊ ရွေ့လျားခြင်း၊ ပြိုကွဲခြင်း၊ မြေကြီးမှ ဆေးကိုစုပ်ယူထားနိုင်စွမ်းရှိခြင်း စသည့်ဖြစ်စဥ်များကြောင့် မြေကြီးရဲ့ ရူပ၊ ဓာတုဂုဏ်သတ္တိများကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ မြေကြီးရဲ့အာဟာရ၊ မြေသားဖွဲ့စည်းပုံ၊ သီးနှံပင်အမြစ်စဥ် အားကောင်းမွန်မှု ၊ အမြစ်မှအာဟာရနှင့်ရေကိုစုပ်ယူရာမှာ ကူညီပံ့ပိုးပေးတဲ့ အနုဇီဝသက်ရှိမျိုးကွဲများ၊ ထိုသက်ရှိတို့၏ ပွားများမှု၊ လုပ်ငန်းစဥ်တို့ကို ထိခိုက်နိုင်ပါတယ်။

    ဓာတုဆေးများ မြေကြီးအတွင်း ကာလကြာရှည် စုပုံနိုင်လာခြင်းဟာ ဆေးအမျိုးအစား၊ ပြင်းအား၊ နှုန်းထား၊ အကြိမ်ရေများစွာအသုံးပြုမှု၊ ဖျော်စပ်မှု၊ အသုံးပြုနည်းစနစ်လွဲမှားမှု၊ ပတ်ဝန်းကျင်ရာသီဥတုအခြေအနေ (အစိုဓာတ်၊ pH )စသည်တို့အပေါ် မူတည်ပါတယ်။

    ဒါ့ကြောင့် ဓာတုဆေးများကို လိုအပ်မှသာ နည်းစနစ်မှန်ကန်ဖြင့် စနစ်တကျသုံးစွဲခြင်းဖြင့် စိုက်ခင်းမြေရဲ့ ကျန်းမာရေးနှင့် အနုဇီဝသက်ရှိများ ရှင်သန်ပွားများမှုကို ထိန်းသိမ်းကြပါစို့လို့ နှိုးဆော် အကြံပြုလိုက်ပါတယ်။

    ထွက်တိုး

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments0
views64views1724