cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သကြားစျေး အတက်အကျ ပေါ်မူတည်ပြီး ကြံစျေးတိုးဝယ်နေ

. ဈေးကွက်သတင်းများ
“ လက်ရှိ တစ်သိန်းခွဲ ပတ်ဝန်းကျင်ထိ သွားနေတယ် ။တောင်သူတွေအတွက် ဒီစျေးက တွက်ခြေကိုက်မှာပါ။ အကျိုးရှိပါတယ်။ သကြားစျေးပေါ်တွက်ချက်ပြီး စက်ရုံတွေက တိုးပေးရတာပေါ့ ။ “ ဟု မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
  • စက်ရုံများမှ သကြားစျေး အတက်အကျ ပေါ်မူတည်ပြီး ကြံစျေးတိုးဝယ်နေကြောင်း ကြံစိုက်တောင်သူများ ထံမှ သိရသည်။

    လက်ရှိ သကြားစျေးကောင်းသည့်အတွက် သကြားစက်ရုံများမှ ယခင်နှစ်များထက် ကြံဈေးနှုန်းများ တိုးမြှင့်ဝယ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

    ပြည်တွင်း၌ သကြားစက်ရုံ အရောက်စျေး သန့်ရှင်းလတ်ဆက်သည့် ကြံတစ်တန်ကို တစ်သိန်းသုံး သောင်းခွဲ မှ တစ်သိန်းငါး သောင်း ကျပ် အထိ စျေးကွက်ရှိ ကြောင်း သိရသည်။

    “ လက်ရှိ တစ်သိန်းခွဲ ပတ်ဝန်းကျင်ထိ သွားနေတယ် ။တောင်သူတွေအတွက် ဒီစျေးက တွက်ခြေကိုက်မှာပါ။ အကျိုးရှိပါတယ်။

    သကြားစျေးပေါ်တွက်ချက်ပြီး စက်ရုံတွေက တိုးပေးရတာပေါ့ ။ “ ဟု မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

    ၂၀၂၃-၂၀၂၄ ကြံကြိတ်ရာသီတွင် သကြားစက်ရုံတချို့ မှ ကြံတစ်တန်ကို တစ်သိန်းနှစ်သောင်းအထိသာ အများဆုံးပေးဝယ်ယူမည်ဟု ကြော်ငြာခဲ့သော်လည်း သကြားစျေးကောင်းနေ၍ အချို့သကြား စက်ရုံများမှ

    ကြံစျေးအား တစ်သိန်းခွဲထိ တိုးပေးမည်ဟု ကြေငြာအသိပေးထားခဲ့ကြသည်။

    “ ဂရိတ်ဝေါနယ်မြေဆိုရင် အ‌ခြေအနေ မကောင်းလို့ ကြံခုတ်တွေ ခဏ ရပ်သွားတာတွေ ရှိတယ်၊ စစ်ကိုင်းတိုင်းဆို လုံးဝအခြေအနေမကောင်းဘူး။ နောင်ချို ဘက်တော့ မဆိုးဘူးပြောရမယ်။ ညှိုနှိုင်းပြီး လုပ်နေကြရတယ်။

    အခက်အခဲအမျိုးမျိုးထဲကမှ ကြံစိုက်တောင်သူတွေ အကျိုးရှိ အောင်လဲ စက်ရုံတွေက လုပ်ကိုင်လုပ်ပေးနေရတယ်။ စက်မလည်ရင် တောင်သူတွေ ဝင်ငွေအခက်အခဲတွေ ရှိမယ် ၊သူတို့ စိုက်ထား တဲ့ ကြံတွေ ဆုံးရှုံးကုန်မယ်။ စက်လည်မှ နှစ်ဦး နှစ်ဖက် အကျိုးရှိမယ်။ “ ဟု သကြား လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

    ပြီးခဲ့သည့် နှစ်က အချို့ ပြည်တွင်းသကြားစက်ရုံများ မှ သကြားစျေးကောင်းခဲ့သည်အတွက် စက်ရုံသို့ ရောင်းချခဲ့သည့် တောင်သူများ အား အမြတ်ငွေ ထပ်မံခွဲဝေးပေးခြင်းများလည်းရှိခဲ့ကြောင်း သိရ သည်။

    ပြီးခဲ့ သည့် နှစ်က သကြားစျေးကောင်းခဲ့ သည့် အတွက် ပိုပြီး စိုက်ခဲ့ သောကြောင့် ယခုနှစ် ကြံ အထွက်နှုန်းမှာ ပြီးခဲ့ နှစ်ထပ် ပိုများ နိုင်ကြောင်း သုံးသပ်ကြသည်။

    “အရင်က စက်ရုံတွေက ကြံစျေးကို ကြိုမကြေငြာဘူး။ နောက်ပိုင်းမှာသာ ကြိုကြောငြာပေးကြတာ။ကြိုအသိပေးတော့ ကြံစိုက် တောင်သူတွေအတွက် တိုးစိုက်သင့် မစိုက်သင့် တွက်ခြေကိုက် မကိုက် စဉ်းစားလို့ရတယ် ။ သကြားစက်ရုံတွေ အနေနဲ့ တောင်သူတွေဘက်ကြည့်ပေးတဲ့ အတွက် တောင်သူတွေ အတွက်

    အဆင်ပြေတာပေါ့ ။လက်ရှိ ဒီဘက်မှာ ကြံ က လှတဲ့ တစ်စီးချင်းဆို ၁၄၀,၀၀ အများနဲ့ယူမယ်ဆို ၁၃၅,၀၀ ကျပ် ရှိတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး မှ ကြံစိုက်တောင်သူ ကို မင်းသူက ပြောသည်။

    လက်ရှိ ပြည်တွင်း စားသုံးရန် အတွက် ချန်ကာ ကျန်သကြားများကို ပြည်ပသို့ တင်ပို့ နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း မှသိရသည်။

    ပြည်တွင်း ၌ တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်း ခန့် ထွက်ရှိကြောင်း ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes5comments0
views138views1690