တွဲဖက်၊ ရောစပ်၍ မသုံးရသော စိုက်ပျိုးရေး ဓါတုဆေးများ ❌❌❌
- စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ ဖြစ်ကြသည့် ပိုးသတ်ဆေးများ ၊ မှိုသတ်ဆေးများ ၊ ပေါင်းသတ်ဆေးများသည် ဓာတုပစ္စည်းများ ဖြစ်သည့်အားလျှော်စွာ တစ်ခုနှင့်တစ်ခု ဓာတ်ပြု၍ ဓာတ်ပျယ်ခြင်းများ ဖြစ်နိုင်သည်။ ထိုသို့ ဖြစ်လာလျှင် မလိုလားအပ်သော ဆိုးကျိုးများနှင့် ဓာတ်ပျယ်သဖြင့် ပိုက်ဆံပေး၍ ဝယ်သုံးရသော်လည်း ငွေကုန် သလောက် ထိရောက်မှုနည်း၍ အကျိုးနည်းခြင်းများ ဖြစ်လာနိုင်သည်။ ထိုကြောင့် သုံးသလောက် အကျိုးရှိစေရန် အောက်ဖော်ပြပါ တွဲဖက်မသုံးသင့်သောစိုက်ပျိုးရေးသုံးဆေးများကို လေ့လာထားသင့်သည်။ - တွဲဖက်မသုံးသင့်သောစိုက်ပျိုးရေးသုံးဆေးများ - ၁။ ထုံးကန့်ဆေးရည်(LimeSulphur)သည် - - (၁) ကာဘာရိုင်(Carbaryl) ပိုးသတ်ဆေး၊ - (၂) အယ်ဒီကပ် (Aldricard) ပိုးသတ်ဆေး၊ - (၃) ကာဘိုဖျူရန် (Carbofuran) - (၄) ကာဘိုဆာဖန်(Carbosulfan) ၊ - (၅) ကာဘင်ဒါဇင် ( Carbendazim ) - (၆) ကော့ပါးမှိုသတ်ဆေးများ (ဥပမာ။ ။ဘလူးရီးလ်၊ ချန်ပီယမ် ) - (၇) ကလိုပိုင်ရီဖော့ (Chlorpyrifos) - (၈) ဆိုက်ပါ မီသရင်း (Cypermethrin) - (၉) ဒိုင်ကလိုဖော့ (Diclophos) - (၁၀) အင်ဒိုဆာဖန် ( Endosulfan) - (၁၁) ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin)ခေါ် ဖန်ဘီလီရိတ် (Fenevelerate) ဆေးများ - (၁၂) ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး) - (၁၃) ကာဆူကာမိုင်စင်( Kasugamycin)ရောဂါသတ်ဆေး - (၁၄) မာလာသီယွန် (Malathion) - (၁၅) ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေး စသော ဆေးများနှင့် တွဲမသုံးသင့်ပါ။ - ၂။ ဘော်ဒိုဆေးရည်ကို အယ်ဒီကပ် (Aldricard) ခေါ်ပိုးသတ်ဆေး ၊ ကက်ပ်တန်(Captan) မှိုသတ်ဆေး၊ ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin) ခေါ် ဖန်ဘီလီရိတ်( Fenevelerate)ဆေးများ ၊ ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး) ၊ ကာဆူကာမိုင်စင်( Kasugamycin) ရောဂါသတ်ဆေး ၊ မာလာသီယွန် (Malathion) ၊ ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေး စသည်တို့နှင့်ရောမသုံးရ ။ - ၃။ ကပ်ပတန်(Captan) မှိုသတ်ဆေးကို Parashoot စသော (Methyl Parathion) ဆေးများဖြင့် ရောမသုံးရ။ - ၄။ ကျူပရိုမက် (Cupromax) cuproxat ခေါ်ကော့ပါးအောက်ဆီကလိုရိုက် (Copper oxychloride ) ကို အောက်ပါဆေးရည်များဖြင့် ရောမသုံးရ။ - (က) သိုင်ရမ် (Thiron) - (ခ) ဟိုမိုင်း (Homai) - (ဂ) မာကြူရီပါသော ဓာတ်ပေါင်းဆေးများ (Mercury Compound) - (ဃ) မင်ကိုဇတ် (Mancozeb) - (င) မန်းနက် (Maneb) - (စ) ဇီးနက် (Zined) - (ဆ) ကိုဆိုက် (Kocide) - ၅။ အီသနယ် ( Ethnal) မှည့်ဆေးကို မင်ကိုဇတ်(Mancozeb)၊မဲနက်(Maneb)၊ဇီးနက်(Zineb) စသော မှိုသတ်ဆေးများနှင့် ရောမသုံးရ။ - ၆။ ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin) ခေါ် ဖန်ဘီလီရိတ်( Fenevelerate) ဆေးများကို ကလိုရိုပါရီဖော့(Chloropyrifos)ပါသော ဆေးများဖြင့် တွဲမသုံးရ။ - ၇။ ဖော့အီသိုင်း (Fosethyl) ဆေးကို ရွက်ဖြန်းမြေသြဇာရည်များနှင့် ရောမသုံးရ။ - ၈။ ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး)ကို ကလိုရင်းပါသော ပိုးသတ်ဆေးများနှင့် ရောမသုံးရ။ - ၉။ ဂလိုင်ဖိုဆိတ်(Glyphosate) ပေါင်းသတ်ဆေးကို အခြား ပေါင်းသတ်ဆေးများနှင့် ရောမဖျန်းရ။ (ဂလိုင်ဖိုဆိတ်သည် ရွေးချယ်မဲ့ ပေါင်းသတ်ဆေး ဖြစ်သည်။) - ၁၀။ ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေးကို ရေဖျော်ဆေးမှုန့်များနှင့် ရောမဖျန်းရ ။ - ၁၁။ ဖော့စဖမီဒွန် ( Phosphamidom) ကို ကော့ပါးအောက်ဆီကလိုရိုဒ်၊(Copper oxychloride) ၊ ကက်ပ်တန် (Captan) ၊ ဖောလ်ပက် (Folpet)စသော ဆေးများနှင့် ရောမသုံးရ။ - ၁၂။ ပရိုပနေး( Propanil) ကို ရွက်ဖြန်းမြေသြဇာ ၊ ကာဘာမိတ် ( Carbamate)ဆေးများဖြင့် ရောမသုံးရ။ - ၁၃။ ဟိုမိုင်း(Homai) ၊ လက်ဘီလီတိတ်(Labilite) ၊ တော့ပ်စင်(Topsin) မှိုသတ်ဆေးများကို ကော့ပါးပါသော အခြားမှိုသတ်ဆေးများ (ဥပမာ။ ။ ဘလူးရှီး (Blueshield)၊ ကိုဆိုက်(Kocide)၊ချန်ပီယမ်(Champion) စသော ဆေးများနှင့် ရောမသုံးရ။ - ၁၄။ ကော့ပါးပါသော ဆေးများသည် ဘန်ဇီမီဒယ်ဇိုး( Bezimidazole) အုပ်စုဝင်ဆေများ ဖြစ်ကြသော ကာဘင်ဒါဇင်(Carbendazim)၊ ဘီနိုမိုင်း( Benomyl) စသော ဆေးများနှင့် ရောမသုံးရ။ - မူရင်းရေးသားသူကို အထူးလေးစားစွာဖြင့် - သီးနှံပင် စိုက်ပျိုးနည်းများ၊ ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းများ၊ စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
