cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မတ်ပဲ၊ ပဲစင်းငုံ အကျစျေးနဲ့ ရှိနေပြီး ထန်းလျက်၊ သကြားအတက်စျေးနဲ့ရှိနေ (၂၂.၄.၂၀၂၄ မှ ၂၆.၄.၂၀၂၄)

. ဈေးကွက်သတင်းများ
အိန္ဒိယနိုင်ငံတွင်းမှာလည်း ရွေးကောက်ပွဲကာလအတွင်း ပဲဈေးကျဆင်းအောင် နည်းအမျိုးမျိုးလုပ်ဆောင်နေတာ ဖြစ်လို့ အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးက ကျဆင်းသွားပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ သင်္ကြန်ပိတ်ရက်ကာလ အပြီး ဈေးတွေ က ဆက်တက်မလာပဲကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင် အရောင်းအဝယ်တွေ သွက်နေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ပဲဈေးက ဆက်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံတွင်းမှာလည်း ရွေးကောက်ပွဲကာလအတွင်း ပဲဈေးကျဆင်းအောင် နည်းအမျိုးမျိုးလုပ်ဆောင်နေတာ ဖြစ်လို့ အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးက ကျဆင်းသွားပါတယ်။

    ဈေးကွက်အတွင်းမတ်ပဲ ဈေးကျဆင်းသွားပေမယ့် ပြီးခဲ့တဲ့ မတ်လ ကာလ နဲ့ ယှဉ်ရင် အတက်ဈေးမှာ ပဲ ရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

    လက်ရှိ အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာ မတ်ပဲ FAQ က တစ်တန်ကို ၉၂၀၀ ရူပီးရှိပြီး တစ်ပတ်အတွင်း ရူပီး ၁၀၀ ဈေးကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင် ကာလ နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၃၀၀ နီးပါးဈေးကျဆင်းသွားခဲ့တာပါ။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၉၀၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင် အခြေအနေနဲ့ ယှဉ်ရင်တော့ တစ်တန်ကို ငွေကျပ် ၈၀၀၀၀ နီးပါးဈေး ကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၄၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျပ် လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၀၅ မှ ၅၂၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။

    မတ်ပဲက ၄ လတာကာလအတွင်း တစ်တန်ကို ၃၅ သိန်းအထိ မြင့်တက်ခဲ့ပေမယ့် လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေကြောင့် စံချိန်တင်ဈေးရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ရပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကတော့ သင်္ကြန်ပိတ်ရက်အပြီး အမြင့်ဈေးနဲ့ ရှိနေခဲ့တာ ဖြစ်ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံ ရဲ့ ပဲစင်းငုံနီ လိုအပ်ချက်ကြောင့် ပဲစင်းငုံနီက မတ်ပဲလောက် ဈေးအများကြီး ကျဆင်းသွား တာမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၀၉၀၀ ပေါက်ဈေးရှိခဲ့ပြီး ပိတ်ရက်မတိုင်ခင် ကာလနဲ့ယှဉ်ရင် တစ်တန်ကို ၅၀ လောက်သာ ကျဆင်းသွားခဲ့ပါတယ်။

    အိန္ဒိယအစိုးရကတော့ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကစပြီး ပဲ လက်ကျန်စာရင်းတွေကို ပေးဖို့ ထုတ်ပြန်ခဲ့ပြီး လှောင်စာရင်းတွေကို စစ်ဆေးတာတွေကို လုပ်ဆောင်ပေမယ့် ထင်သလောက် ကျဆင်းသွား တာမျိုးမရှိတာကို တွေ့ရပါတယ်။

    ပဲစင်းငုံနီကို မြန်မာအပါအဝင် အခြား အာဖရိက နိုင်ငံတို့ကပါ ဝယ်ယူနေပေမယ့် အဝင်နည်းနေသေး တယ်လို့ အိန္ဒိယကုန်သွယ်ရေးသတင်းတွေ အရ သိရပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၁၃၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပိတ်ရက်မတိုင်ခင် ကာလ နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၁၇၀၀၀ လောက်သာ ဈေးကျဆင်းသွားခဲ့ပါ တယ်။

    ပြောင်းဆံ

    ပြောင်းကတော့ ဆက်တိုက်ဈေးငြိမ်နေခဲ့ရာမှ ပိတ်ရက် အပြီးမှာတော့ ဈေးအနည်းငယ်မြင့် တက်လာခဲ့ပါတယ်။ဈေးကွက်အတွင်း အနည်းငယ် လှုပ်ခတ်မှု တွေ ရှိပေမယ့် အမှန်တကယ် တောင်သူ လက်ထဲက ပြောင်းကတော့ ဈေးကောင်းမရရှိဘူးလို့ သိရပါတယ်။

    လက်ရှိ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေ ခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ကလည်းပြောင်းတင်သွင်းမှုကို ဧပြီလ ကုန်ထိ ပိတ်ထားခဲ့တာ ဖြစ်တဲ့အတွက် ဧပြီ အပြီး ပြန်ဖွင့်တဲ့အချိန် ပြန်တင်ပို့နိုင်မလားကိုတော့ စောင့်ကြည့်ရမယ့် အခြေ အနေ ဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကြားရှိပြီး တစ်လနီးပါးဈေးငြိမ်နေပါတယ်။

    မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၁၀၀၀ ပေါက်ဈေးရှိနေပြီး ပိတ်ရက်မတိုင်မီ ကာလ နဲ့ ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀ ကျပ်လောက်ဈေးမြင့်တက်လာပါတယ်။

    နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ငွေကျပ် ၁၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ဈေးကွက်ထဲ နယ်ပေါင်းစုံကနေ အဝင်များနေပေမယ့် ပိတ်ရက်အပြီး မှာတော့ အမြင့်ဈေး နဲ့ ရှိနေခဲ့ပါတယ်။ အရည်အသွေးပေါ် မူတည်ပြီး အတက်အကျ ရှိနေပေမယ့် ဈေးကွက်ထဲ ဈေးကောင်းတဲ့ ဆိပ်ဖြူဈေးကတော့ ဈေးမြင့်တက်ပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကို အဝင်ကလည်း ပိဿာချိန် ၂ သိန်း ပတ်ချာလည်း အဝင်ရှိနေတာ ဖြစ်ပြီး ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်ကလည်းသွက်နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်၊တောင်တွင်းကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၆၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ထန်းလျက်

    ထန်းလျက်ကတော့ ပွဲတော်မတိုင်မီအချိန်ကတည်းက အတက်ဈေးနဲ့ ရှိနေခဲ့တာ ဖြစ်ပြီး ပွဲတော်အပြီး မှာလည်း ဈေးက ထပ်မံ မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းနေသေးတာ ဖြစ်တဲ့အတွက် ဈေးမြင့်တက်နေတာလို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ထန်းလျက်(တောင်သူ/မလိုင်ဒုံး) တစ်ပိဿာကို ၄၃၀၀ မှ ၄၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်၊ညောင်ဦး‌ဆေးရှယ်ကတော့ တစ်ပိဿာကို ၃၈၀ မှ ၅၀၀၀ ရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်၊ရေစကြိုထန်းလျက်ကတော့ တစ်ပိဿာကို ၅၅၀၀ မှ ၅၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ထပ်မံ ဈေးမြင့်တက်လာပါတယ်။

    သကြား

    သကြားဈေးကတော့ ဈေးကွက်ထဲ မြင့်တက်နေပါတယ်။ပွဲတော်ကာလ ပြည်တွင်းဝယ်ယူစားသုံးမှု အပြင် ပြည်ပ တင်ပို့နေတာကြောင့်လည်း ဈေးမြင့်တက်နေတာလို့သိရပါတယ်။လက်ရှိ ပြည်တွင်းမှာသကြားဈေးမြင့်တက်နေပေမယ့် ကမ္ဘာ့သကြားပေါက်ဈေးက ကျဆင်းနေပါတယ်။ ငွေကြေးဖောင်းပွ မှုကြောင့်သာ ဈေးမြင့်တက်နေတာ ဖြစ်လို့ အမြတ်ရရှိမှုကတော့ မရှိဘူးလို့ ကုန်သည် အချို့က ပြောပါတယ်။

    လက်ရှိရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ သကြား တစ်ပိဿာကို ၄၆၀၀ ပေါက်ဈေးရှိနေပြီး ပိတ်ရက် မတိုင်မီ ကာလ နဲ့ ယှဉ်ရင်တော့ တစ်ပိဿာကို ၅၀ လောက်ဈေးမြင့်တက်လာပါတယ်။

    မေမီမောင်(AMIA)

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes5comments0
views136views2899