cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေချိုပုစွန်ထုတ်ကြီး အသားတိုးမွေးမြူခြင်းအကြောင်း

. ငါးမွေးမြူရေးဆောင်းပါးများ
သားပေါက်ထည့်သွင်းမွေးမြူခြင်းတွင် တိုက်ရိုက်ထည့်သွင်း မွေးမြူခြင်း နှင့် ပြုစုပြီးမှ ထည့်သွင်းမွေးမြူခြင်းဟူ၍ နှစ်မျိုးရှိကြပါသည်။ ပြုစုပြီးမှ ထည့်သွင်းမွေးမြူခြင်းသည် ကောင်းမွန်သော နည်းစနစ်ဖြစ်ပါကြောင်း တင်ပြလိုပါသည်။
  • ရေချိုပုစွန်ထုတ်ကြီးမျိုးကို တစ်ဧကလျှင် သားလောင်း ကောင်ရေ (၃၀၀၀၀ မှ ၄၀၀၀၀)အထိ ထည့် သွင်းမွေးမြူနိုင်ပါသည်။ ထည့်သွင်းနှုန်းမှာ (7-10 PL / M) တစ်မီတာ (၃) ပေ ပတ်လည်အကျယ်တွင် ၇ ကောင် မှ ၁၀ ကောင် ထည့်သွင်းနိုင်ပါသည်။ သားပေါက်အရွယ်အစားမှာ (၀.၆ မီလီမီတာမှ ၀.၈ မီလီမီတာ) အတွင်းရှိပြီး အလေးချိန်အားဖြင့် ( ၀.၀၁ ဂရမ် မှ ၀.၀၃ ဂရမ်) အထိ ရှိပါသည်။

    သားပေါက်ထည့်သွင်းမွေးမြူခြင်းတွင် တိုက်ရိုက်ထည့်သွင်း မွေးမြူခြင်း နှင့် ပြုစုပြီးမှ ထည့်သွင်းမွေးမြူခြင်းဟူ၍ နှစ်မျိုးရှိကြပါသည်။ ပြုစုပြီးမှ ထည့်သွင်းမွေးမြူခြင်းသည် ကောင်းမွန်သော နည်းစနစ်ဖြစ်ပါကြောင်း တင်ပြလိုပါသည်။

    သားပေါက်များအား ပြုစုကန်တွင် (500-800 PL/ M) ၃ပေ ပတ်လည်အကျယ်တွင် အကောင်ရေ ၅၀၀မှ ၈၀၀ ထည့်သွင်းပြီး ကိုယ်အလေးချိန်၏ ၅% အစာကြွေးပြီး တစ်လခန့်ပြုစုပါက ပျမ်းမျှအလေးချိန် ၀.၅ဂရမ် ဖြစ်လာပြီး ၊အရွယ်အစားမှာ ၁.၅ စင်တီမီတာ မှ ၂.၅ စင်တီမီတာအထိ ရှိလာ‌ကြောင်း တွေ့ရှိရပါ မည်။

    ပုစွန်သားပေါက်များသည် အပူချိန်ရုတ်တရက်ပြောင်းလဲခြင်းကို ခံနိုင်ရည်မရှိသည့် အတွက် သားပေါက်များအား မြေကြီးကန်အတွင်းသို့ ထည့်သွင်းချိန် အရေးကြီးပါသည်။ နေအေးချိန် နှင့် အောင် စီဂျင်ပျော်ဝင်မှု အများဆုံးအချိန် ညနေပိုင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ ကန်အတွင်းသို့ ပုစွန်သား ပေါက်ထည့်သွင်းရာတွင် ချက်ချင်း မလွှတ်ဘဲ သယ်ယူလာသော သားပေါက်အိတ်အား ကန်အတွင်းရှိ ရေတွင် (၁၀)မီနစ်စိမ်ထားပြီး အတွင်းအပြင် ရေအပူချိန် ညီစေရန် ကန်အတွင်းမှ ရေကို အိတ်အတွင်းသို့ အနည်းငယ်စီ ပက်ဖျန်းပေးရမည်ဖြစ်ပါသည်။ ပုစွန် ထည့်ထားသော အိတ်အတွင်းမှ ရေ နှင့် ကန်အတွင်း မှရေကို ရေအပူချိန်တိုင်း သာမိုမီတာ နှင့် တိုင်းတာပြီး ၊ တူညီမှ ထည့်သွင်းခြင်းသည် အကောင်းဆုံးဖြစ် ပါသည်။

    မွေးမြူရေးကာလ ပထမ (၄)လတွင် ကန်အတွင်း ရှိ ပုစွန်အလေးချိန် စုစုပေါင်း၏ ၅% ကို အစာ တောင့် ကျွေးမွေး၍လည်းကောင်း၊ ဒုတိယ (၄)လမှစတင်ပြီး ၃% ကျွေးပေးပါက မွေးမြူရေးကာလ(၆)လ ပြည့်ပါက ပုစွန်တစ်ကောင်၏ ပျမ်းမျှအလေးချိန် (၃ကျပ်သားမှ ၄ကျပ်သားအထိ) ရှိနိုင်ပါသည်။ ပုစွန်အကောင်ရေ အဖတ်တင်နှုန်း မှာ (၄၀ မှ ၅၀) % အထိ ရှိနိုင်ပါသည်။

    ဦးဆန်းအောင်

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes7comments0
views215views2941