cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဘက်တီးရီးယားပိုးကြောင့် ငါးရောဂါကျရောက်ခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ကာကွယ်ကုသခြင်းလုပ်ငန်းအနေဖြင့် ငါးမွေးကန်တစ်ဧကတွင် အိမ်သုံးဆား ၁၅ပိဿာ နှင့် ထုံး ၁၅ပိဿာ (သို့မဟုတ်) ၃၀ပိဿာကို ကန်အတွင်းပက်ပေးပါ။
  • ငါးမွေးကန် ရေညစ်ညမ်းခြင်းနှင့် ငါးမွေးကန်ပတ်လည်ညစ်ညမ်းမှုတို့ကြောင့် ငါးများတွင် ရောဂါ ကျရောက်ခြင်းများ ရှိတတ်ပါသည်။ ဘက်တီးရီးယားပိုးကြောင့် ကော်လစ်နာရစ် ရောဂါသည် ငါး၏ကိုယ် ခန္ဓာတွင်သာဖြစ်ပွားပြီး၊ ကိုယ်တွင်းအင်္ဂါများတွင် ဖြစ်ပွားခြင်းမရှိပါ။ ရောဂါဖြစ်စတွင် ငါး၏ ဦးခေါင်း၊ အရေ ပြားနှင့်ပါးဟက်ဆူးတောင်များတွင် အဖြူရောင် အစက်အပျောက်များ ထွက်လာပြီး မကြာမီ ၄င်းအဖြူစက် ပတ်ပတ်လည်တွင် အနီရောင်ကွင်းများ ဝိုင်းရံဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါ ရောဂါပိုးသည် ငါးမွေးတောင် သူတိုင်း ကျရောက်တတ်ပါသည်။ ရာသီအပြောင်းအလဲနှင့် နွေရာသီတွင် အဖြစ်များပါသည်။

    ကာကွယ်ကုသခြင်းလုပ်ငန်းအနေဖြင့် ငါးမွေးကန်တစ်ဧကတွင် အိမ်သုံးဆား ၁၅ပိဿာ နှင့် ထုံး ၁၅ပိဿာ (သို့မဟုတ်) ၃၀ပိဿာကို ကန်အတွင်းပက်ပေးပါ။ အထက်ပါအတိုင်း သုံးစွဲပြီးနောက် နောက်ထပ် သုံးပါက အထက်ပါနှုန်း၏ တစ်ဝက်ကို ဆောင်ရာသီနောက်ပိုင်း တစ်လခြားစီ ကန်အတွင်းပက်ပေးပါ။ ရောဂါဖြစ်သော ငါးကို ရေ ၁၀လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ် ၅ဂရမ် (၀.၀၃ကျပ်သား)ဖျော်ရည်တွင် ငါးကို ၁၀စက္ကန့်စိမ်ထားပေးပါ။ ရေအနက်(၃)ပေရှိ တစ်ဧက ကန်တွင် ဘက်တီးရီးယားပိုးသတ်ဆေး ၁ ပိဿာ ၆၀ကျပ်သားကို သုံးစွဲနိုင်ပါသည်။

    ဦးဆန်းအောင် (ထွက်တိုး)

    -----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes10comments0
views150views3002