cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖိုးလမင်းကျိုင်း (White grubs) အကြောင်းသိကောင်းစရာ

. ပိုးမွှား
သားလောင်းများသည် မြစ်မွှားများကို စားသောက်ခြင်းကြောင့် အပင်များညှိုးနွမ်းကာ အကွက်လိုက်သေတတ်ပါသည်။

ဖျက်ကောင်ပုံသဏ္ဍန်ဥ- အဖြူရောင်ရှိပြီး အများအားဖြင့် လုံးဝန်းသည်။
  • ဒီကနေ့မှာတော့ထွက်တိုးကဖိုးလမင်းကျိုင်းဖျက်ဆီးပုံလက္ခဏာနှင့်ကာကွယ်နှိမ်နင်းနည်းများကိုထွက်တိုးမှဝေမျှပေးလိုက်ပါတယ်။

    ဖျက်ဆီးပုံလက္မဏာများသားလောင်းများသည် အမြစ်များကို စားသောက်ပြီး သီးတောင့်များကို ထိခိုက်စေသည်။ သားလောင်းများသည် မြစ်မွှားများကို စားသောက်ခြင်းကြောင့် အပင်များညှိုးနွမ်းကာ အကွက်လိုက်သေတတ်ပါသည်။

    ဖျက်ကောင်ပုံသဏ္ဍန်ဥ- အဖြူရောင်ရှိပြီး အများအားဖြင့် လုံးဝန်းသည်။

    လောက်ကောင်- လောက်ကောင်ငယ်များသည် အလင်းဖောက်နိုင်ကာ ဖြူဝါရောင်ရှိပြီး အင်္ဂလိပ်အက္ခရာ စီ ပုံသဏ္ဍန်ရှိသည်။

    အရွယ်ရောက်ကောင်- အညိုရင့်ရောင်ရှိသည်။ မိုးကျသည်နှင့်ကျိုင်းကောင်များသည် ၃-၄ ရက်အတွင်း မြေကြီးထဲကထွက်လာကြသည်။

    ကာကွယ်နှိမ်နင်းနည်း- မစိုက်မှီ မေနှင့် ဇွန်လများတွင် (၂)ကြိမ်ထွန်ယက်ပါ။ မြောင်းဆွဲပါ။ သီးလှည့်စိုက်ပါ။

    - ထောင်ချောက်သီးနှံအဖြစ် နေကြာ၊ နှံစားပြောင်း၊ ဖူးစားပြောင်း၊ ကြက်သွန်နီတို့ကိုစိုက်ပျိုးပါ။

    - အကောင်ဦးရေမများမှီ စိုက်ပြီးတစ်ပတ်အတွင်းမှစ၍ လက်ဖြင့်ကောက်ယူခြင်းသည် ကျိုင်းကောင်ဦးရေကိုလျော့ချစေပါသည်။

    - ထောင်ချောက်ပင်တွင် စုဝေးလာသောကျိုင်းကောင်များကို ကောက်ယူဖျက်ဆီးပစ်ပါ။

    - ပိုးသတ်ဆေးများအနေဖြင့်-ဖစ်ပပရိုနေး(အခဲ)ကို ကြဲပက်အသုံးပြုနိုင်ပါသည်။

    မူရင်း- စိုက်ပျိုးရေးဦးစီးဌာန

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes12comments0
views205views2538