cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“သရက်နှင့် ကျန်းမာရေး”

. ကျန်းမာရေးဆောင်းပါးများ
သရက်သီးထဲတွင် Glutamine အက်စစ်ပါရှိသည့်အတွက် ဦးနှောက်ထဲရှိဆဲလ်များကို နှိုးဆော် ပေးကာ မှတ်ဉာဏ်စွမ်းပကားကို တိုးတက်စေသည့်အတွက် ကလေးငယ်များကို သရက်သီး ကျွေးပေးသင့်သည်။
  • အချိုဓာတ်၊ အချဉ်ဓာတ်ကို တစ်ပြိုင်တည်းပေးစွမ်းနိုင်သည့် သရက်သီးသည် အရသာရှိရုံသာမက လူသားတို့ကျန်းမာရေးကို များစွာအထောက်အကူပြုပေးသော ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် (ခေါ်) ကစီဓာတ်၊ အဆီ၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ကယ်စီယမ်၊ မဂ္ဂနီးစ်၊ ဆီလီနီယမ်၊ အိုင်းယွန်း၊ ဆိုဒီယမ်နှင့် ဖော့စဖောရပ် စသည့်အာဟာရဓာတ်များအပြင် အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းလည်းပါဝင်သည်။ အသီးသာမက အရွက်နှင့်အစေ့တို့လည်း ဆေးဖက် ဝင်သည်။ ဆေးသိပ္ပံပညာရှင်များ၏ အဆိုအရ မျောက်များသည် သရက်သီးအစေ့ကိုပါ စားသုံးလေ့ရှိ သောကြောင့် ခွန်အားများတိုးပွားကာ အပင်အမြင့်ခုန်နိုင်သည်ဟု ဆိုရိုးစကားရှိသည်။

    Institute of Food Research မှ လေ့လာချက်များအရ သရက်သီးထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ဓာတ်ပေါင်းစုတို့ အလုံအလောက်ပါရှိသောကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့ မဖြစ်ပေါ်လာအောင် ကာကွယ်ပေး နိုင်ကြောင်းသိရသည်။

    ပျော်ဝင်လွယ်သော အမျှင်ဓာတ်၊ Pectin နှင့် ဗီတာမင်စီတို့ များစွာပါဝင်သောကြောင့် သွေးအတွင်းမကောင်းသည့် ကိုလက်စထရောအဆင့်ကို လျော့ကျစေသည်။

    သရက်သီး တစ်ခွက်စာ ပမာဏတွင် လူတစ်ဦးစီမှာ တစ်နေ့တာ လိုအပ်သော ဗီတာမင်အေ၏ ၂၅ ရာခိုင်နှုန်းခန့်ပါဝင်သည်။ ထို့ပြင် flavonoids, Betacarotene, alpha-caroteneနှင့် betacryptoxanthin တို့လည်း ပါရှိနေသဖြင့် မျက်စိအမြင် အာရုံကို တိုးတက်ကောင်းမွန်စေပြီး မျက်စိခြောက်သွေ့ခြင်းနှင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိယားယံခြင်း၊ ရောင်ကိုင်းခြင်းနှင့် မျက်ကြည်လွှာရောဂါ အမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်သည်။

    မန်ကျည်းသီးထဲတွင် တွေ့ရသော Tartaric အက်စစ်၊ သစ်တော်သီးထဲတွင် တွေ့ရသော Malic အက်စစ်၊ သံပရာသီးနှင့် ရှောက်သီးတို့ထဲတွင် တွေ့ရသော Citric အက်စစ်တို့အားလုံး သရက် သီးထဲတွင် မျှခြေပါဝင်နေသောကြောင့် ခန္ဓာကိုယ်၏ အယ်ကာလီဓာတ်ကို ညီညွတ်မျှတစေ သည်။

    သရက်သီးထဲတွင် Glycemic ပါဝင်မှု ၄၁ မှ ၆၀ ရှိပြီး ဆီးထဲရှိသကြားပမာဏကို မျှတစေသဖြင့် ဆီးချိုရောဂါသည်များ အသင့်အတင့် စားသုံးပေးသင့်သည်။ ထို့ပြင် ညအိပ်ရာမဝင်ခင် ရေနွေး ဆူဆူတွင် သရက်ရွက် ၁၀ ရွက် သို့မဟုတ် ၁၅ ရွက်ထည့်၍ အဖုံးဖုံးထားပြီး နံနက်ရောက် သောအခါ အရည်စစ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို သက်သာလာစေနိုင်သည်။

    ဗီတာမင်အီးဓာတ် အမြောက်အမြားပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်း ထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေး၍ ကာမအားကိုတိုးပွားစေကာ သက်လုံ ကောင်းပြီး လန်းဆန်းပေါ့ပါးတက်ကြွစေသည်။

    သရက်သီးထဲတွင် သင်္ဘောသီးကဲ့သို့ ချေဖျက်လွယ်သော အမျှင်ဓာတ် အမြောက်အမြားပါရှိ သဖြင့် အစာကြေညက်စေပြီး ဝမ်းမှန်စေသည်။ ထို့ပြင် အစာအိမ်နှင့် အူများကို သန့်စင်စေရုံသာ မက အသည်းကိုပါ ကောင်းကျိုးပြုသည်။

    သရက်သီးသည် ခန္ဓာကိုယ်ကိုအေးမြစေသော အစွမ်းသတ္တိပါရှိသဖြင့် ပူပြင်းသော နွေရာသီတွင် သရက်သီးဖျော်ရည်သောက်ပြီး အပူဒဏ်သင့်ခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် ဆီးရွှင်စေသ ဖြင့် ဆီးကျောက်တည်မှုအန္တရာယ်ကို လျှော့ချပေးပြီး ကျောက်ကပ်ကို သန့်စင်စေကာ ခန္ဓာကိုယ် တွင် ဆီးဆိပ်တက်ခြင်းပြဿနာကို မဖြစ်ပေါ်စေနိုင်ပါ။

    သရက်သီးထဲတွင် ဗီတာမင်အေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အတူဗီတာမင်စီ ၇၆ ရာခိုင် နှုန်းနှင့် ကာရိုတီးနွိုက် ၂၅ မျိုး ထူးထူးခြားခြားပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။

    Cameroonian University တွင် ကိုယ်အလေးချိန် ၁၀၂ ပေါင်ရှိသော အမျိုးသားတစ်ဦးကို ရက်သတ္တ ၁၀ ပတ်မျှ သရက်သီး တစ်မျိုးတည်းသာ ကျွေးပြီး စမ်းသပ်ခဲ့ရာ အံ့ဖွယ်ကောင်း လောက်အောင် ၁၂ ဒသမ ၅ ကီလို ကိုယ်အလေးချိန် ကျသွားသည့်အပြင် မကောင်းသော ကိုလက်စထရောနှင့် သွေးထဲရှိသကြားပမာဏတို့ ကျနေကြောင်းစမ်းသပ်တွေ့ရှိရသည်။ ထို့ကြောင့် ဘေးဥပဒ်ကင်းဝေးစွာဖြင့် ကိုယ်အလေးချိန်ကျလိုပါက သရက်သီးစားသုံးရန် အကြံ ပြုထားသည်။ (အကယ်၍ ကိုယ်အလေး ချိန်တက်လိုပါက သရက်သီးကို နို့ဖြင့် တွဲဖက် စားသောက်ပေးရပါမည်။ ခွန်အားများ တိုးပွားစေနိုင်၏)

    သရက်သီးထဲတွင် Glutamine အက်စစ်ပါရှိသည့်အတွက် ဦးနှောက်ထဲရှိဆဲလ်များကို နှိုးဆော် ပေးကာ မှတ်ဉာဏ်စွမ်းပကားကို တိုးတက်စေသည့်အတွက် ကလေးငယ်များကို သရက်သီး ကျွေးပေးသင့်သည်။

    သရက်သီးထဲတွင် ဗီတာမင်အေဓာတ် အမြောက်အမြားပါရှိသောကြောင့် အသားအရေကို နူးညံ့ ချောမွေ့စေနိုင်သည်။ သရက်သီးကို ခပ်ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ညင်သာစွာကပ်ကာ အချိန် ၁၅ မိနစ်ခန့် အကြာတွင် ရေနွေးဖြင့် သန့်စင်ဆေးကြောပေးပါက ချွေးပေါက်များကိုပွင့်စေပြီး ဝက်ခြံပေါက်ခြင်းမှ ကာကွယ်နိုင်သည်။ ထိုကဲ့သို့ မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် အသားအရေ ၏ အစိုဓာတ်ကိုထိန်းညှိပေးကာ ဖြူစင်ဝင်းပသော လှတစ်မျက်နှာကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

    သွေးအားနည်းရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို မှန်မှန်မှီဝဲ စားသုံးခြင်းဖြင့် သွေးနီဥပမာဏ တိုးပွားလာစေနိုင်သည်။ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာတို့ကို သက်သာ စေသလို သွေးဆုံးပြီးစ အမျိုးသမီးများအတွက်ကိုလည်း အထူးသင့်တော်သည်။ ထို့ပြင် ကယ်စီယမ်နှင့်မဂ္ဂနီစီယမ်တို့ပါရှိခြင်းကြောင့် သားလျှောသားပျက်ခြင်းမှ ကာကွယ်ပေးနိုင်ရုံမျှ မက သံဓာတ်ကြွယ်ဝခြင်း၊ HB ပမာဏကိုထိန်းညှိကာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ကောင်းစွာ လည်ပတ်စေနိုင်ခြင်းကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်များသည် သရက်သီးနှင့် သရက်သီး ဖျော်ရည်တို့ကို သောက်သုံးပေးသင့်သည်။ (သို့သော် မွေးဖွားခါနီးမိခင်လောင်းများ အလွန်အကျွံ မစားသုံးသင့်ပါ)

    ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ လုံလောက်စွာပါရှိခြင်းကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေခြင်း၊ glycemic ဓာတ်ပါဝင်မှု နည်းပါးသောကြောင့် သွေးထဲရှိသကြားပမာဏကို ထိန်းညှိပေးကာ အဆီပမာဏကိုလည်း မျှတစေခြင်းစသည့် အကျိုးကျေးဇူးများကြောင့် သွေးတိုးရောဂါဝေဒနာ သည်များအတွက် အထူးသင့်တော်ကောင်းမွန်သည်။

    Beta-carotene, Potassium နှင့် Selenium တို့ ပါရှိသဖြင့် နှလုံးနှင့် နှလုံးကြွက်သားများကို ကျန်းမာကြံ့ခိုင်စေသည်။ သွေးဖြူဥကိုလှုံ့ဆော်ပေးကာမလိုလားအပ်သည့် ဘက်တီးရီးယားများ ကို ပျက်စီးစေနိုင်သည်။

    တရုတ်ဆေးကျမ်းများမှာ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်း တစ်မျိုးပါဝင်သည့်အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာရေး ပြဿနာများကို ဖြစ်ပွားစေနိုင်သော ဖရီးရယ်ဒီကယ်များ ကို ထိန်းထားပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝစွာပါရှိသည့်အတွက် သွားဖုံးသွေးယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊ မအီမသာပျို့အန်ခြင်း၊ ပင်လယ်လှိုင်းမူး ခြင်း၊ ကြွက်တက်ခြင်းစသည့် ဝေဒနာများကို ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထား သည်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပြီးနောက် စွမ်းအင်ပြန်လည်ဖြည့်ပေးနိုင်သည်ဟု လည်းဆိုသည်။

    ပေါက်ပေါက်

    ကျန်းမာရေး

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes13comments0
views98views1900