cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒူးရင်းသီးစားပြီး မင်းဂွတ်သီးစားပါ

. ကျန်းမာရေး
ဒူးရင်းသီးဟာ အပူစာဖြစ်တာကြောင့် များများစားသုံးမိမယ်ဆိုရင် အပူကန်ခြင်း၊ လည်ချောင်းနာခြင်း၊ လေထိုးလေအောင့်ခြင်း နဲ့ အပူဒဏ်ကြောင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားသုံးပြီးတဲ့အခါ မင်းဂွတ်သီး ဒါမှမဟုတ် အုန်းစိမ်းရည် သောက်သုံးပေးခြင်းဟာ အပူဓာတ်ကိုသက်သာစေပါတယ်။
  • ဒူးရင်းသီးဟာ အပူစာဖြစ်တာကြောင့် များများစားသုံးမိမယ်ဆိုရင် အပူကန်ခြင်း၊ လည်ချောင်းနာခြင်း၊ လေထိုးလေအောင့်ခြင်း နဲ့ အပူဒဏ်ကြောင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားသုံးပြီးတဲ့အခါ မင်းဂွတ်သီး ဒါမှမဟုတ် အုန်းစိမ်းရည် သောက်သုံးပေးခြင်းဟာ အပူဓာတ်ကိုသက်သာစေပါတယ်။ မင်းဂွတ်သီးဟာ အအေးစာဖြစ်တဲ့အတွက် အပူကန်လို့ဖြစ်တဲ့ယားနာ၊ အလုံးအကျိတ်၊ မိတ်ဖုတွေ အပူများလို့ နှာခေါင်းသွေးလျှံတာတွေ၊ ရင်ပူတာတွေကို ပျောက်ကင်းသက်သာစေပါနိုင်ပါတယ်။ ဒါကြောင့် အပူစာဖြစ်တဲ့ ဒူးရင်းသီးစားပြီးရင် မင်းဂွတ်သီးစားပေးရခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီချင်း တူတာကြောင့် ဒူးရင်းသီးစားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။

    ဒူးရင်းသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်စေပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒူးရင်းသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ကြောင့် သွေးပေါင်လျော့ကျစေပြီး သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ဓာတ်ကြောင့် သွေးအားနည်းရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။

    ဒီလို ကျန်းမာရေးကောင်းကျိုးတွေများစွာရှိတဲ့ ဒူးရင်းသီးကို စားသုံးတဲ့အခါမှာ ဆောင်ရန်ရှောင်ရန်အချက်တွေလည်းရှိပါတယ်။

    ဒူးရင်းသီး စားရင်း အရက်၊ ဘီယာ သောက်သုံးခြင်းတို့ဟာ ခေါင်းကိုအလွန်အမင်း ကိုက်ခဲစေနိုင်ပြီး သေဆုံးတဲ့အထိပါ ဖြစ်စေနိုင်တာကြောင့် ဒူးရင်းသီးနဲ့ အရက်၊ ဘီယာ၊ ဝိုင် အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေနဲ့ တွဲဖက် မစားသုံးသင့်ပါဘူး။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိပေမယ့် ဒူးရင်းသီးကို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ရှိသူတွေ အနေနဲ့ကတော့ ချင့်ချိန်ပြီး စားသုံးသင့်ပါတယ်။ ဒါ့အပြင် ဒူးရင်းသီးစားပြီး ကော်ဖီသောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် တွဲဖက် မစားသုံး သင့်ပါဘူး။ အခုလို နွေရာသီကာလမှာတော့ ဒူးရင်းသီး အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး တခါစားရင် ၂ မွှာ ကနေ ၃ မွှာ ခန့် အထိသာ စားသုံးသင့်ပါတယ်။

    မင်းဂွတ်သီး၏ကျန်းမာရေးအတွက်ကောင်းကျိုးများ

    မင်းဂွတ်သီးမှာ အမျှင်ဓါတ်၊ နိုင်ယာစင်၊ ဖောလစ်အက်စစ်၊ ဗီတာမင်ဘီ၊ စီ၊ ကယ်လ်ဆီယံ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓါတ် စတဲ့ ဓါတ်တွေများစွာပါဝင်ပါတယ်။ တခြားသစ်သီးတွေမှာ ပါလေ့သိပ်မရှိတဲ့ Xanthone ခေါ် ဓါတ်ပစ္စည်းတမျိုးလည်းကြွယ်ဝစွာပါပါတယ်။

    အမျှင်ဓါတ်နဲ့ ဗီတာမင်စီဓါတ် ကြွယ်ဝစွာပါရှိတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းကင်းစေကာ ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။ Xanthone ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မင်းဂွတ်သီးဟာ သကြားနဲ့မတည့်ဘူးလို့ လူအများက ထင်မြင်ယူဆကြပေမယ့် နောက်ပိုင်းသုတေသနတွေအရ ဒါဟာမှားတဲ့ထင်မြင်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။

    နိုင်ငံတချို့မှာဆိုရင် မင်းဂွတ်သီးကို သကြားတို့၊ ပျားရည်တို့နဲ့ရောပြီး ဖျော်ရည်ဖျော်သောက်တာမျိုးတောင် ရှိပါတယ်။

    မင်းဂွတ်သီးဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တဲ့အစွမ်းလည်းရှိလို့ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့လည်း စားလို့ရတဲ့ အသီးဖြစ်ပါတယ်။ မင်းဂွတ်သီးရဲ့ အခွံကလည်း အသုံးဝင်ပါသေးတယ်။ အရေပြားပေါ်မှာ အနာဖြစ်တာ၊ အင်ပြင်ထွက်တာ၊ မိတ်ထွက်တာတွေအတွက် မင်းဂွတ်သီးအခွံကို သွေးလိမ်းပါက သက်သာပျောက်ကင်းနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ မင်းဂွတ်သီးကို ကုန်ကြမ်းအနေနဲ့အသုံးပြုပြီး ဆေးဝါးတွေလည်း ထုတ်လုပ်လာကြပါတယ်။

    content.ondoctor.com.mm/healthy-eating/17885/

    Ref; benefitandharm.com

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes6comments0
views333views1855