cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေချဉ်ခြင်းနှင့် ပြန်လည်ပြုပြင်နည်း

. မြေဆီလွှာ
နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံ သုံးမိလို့၊ အပင်အမြစ်တွေက စိမ့်ထွက်တဲ့ ဟိုက်ဒရိုဂျင် အိုင်းယွန်းများကြောင့် မြေချဉ်တာလည်း ဖြစ်တတ်ပါတယ်။ မြေဆီလွှာ အတွင်းမှာရှိတဲ့ အလူမီနီယမ်များ ရေမှာ ပျော်ဝင်ပြီး ထွက်လာတဲ့ ဟိုက်ဒရို အိုင်းယွန်းတွေကြောင့်လည်း မြေချဉ်နိုင်ပါတယ်။ မှိုသတ်ဆေးများကဲ့သို့တချို့သော စိုက်ပျိုးရေးသုံး ဆေးများ အတွင်းမှာ ပါဝင်တဲ့ဆာလ်ဖာ ဓာတ်ဟာလည်း မြေကိုချဉ်စေနိုင်တယ်။ လေထုထဲမှာ ရောက်ရှိနေတဲ့ အက်ဆစ်ဖြစ်စေသော ဓာတ်ငွေ့များဟာ မိုးရေမှာပျော်၊ မြေပြင်သို့ မိုးရေနဲ့ အတူ အက်ဆစ်အဖြစ် ပါဝင်လာတဲ့အတွက် မြေဆီလွှာအတွင်းမှာ ထုံးနှင့် အယ်လ်ကာလီ ပစ္စည်းများ စိမ့်ယိုပျောက်ဆုံးတဲ့အတွက် မြေချဉ်စေတာလည်း ဖြစ်တယ်။
  • ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတ မြို့နယ်မှ လယ်သမားကြီး တစ်ဦးက သူ့ရဲ့လယ်မြေတွေဟာ မြေချဉ်နေတယ်လို့ ထင်ပါတယ်။

    စပါးလည်း အထွက်ကျသလို စပါးအပြီး မတ်ပဲလည်း စိုက်လို့မရ ဖြစ်နေပါတယ်။ ဒီလိုဖြစ်တာ နှစ်နှစ်လောက် ရှိနေပြီလို့ ထင်ပါတယ်။ အဲဒါ မြေချဉ်လို့ဖြစ်တာ ဟုတ်၊ မဟုတ်နဲ့ မြေချဉ်နေတာဖြစ်ခဲ့ရင် ဘယ်လိုပြုပြင်ရ မလဲဆိုတာ အကြံပြုပေးပါလို့ ဖုန်းနဲ့ တောင်းဆိုလာ ပါတယ်။ မြန်မာပြည် အောက်ပိုင်းဒေသ တွေမှာရှိတဲ့ လယ်မြေတွေဟာ မြေချဉ်တတ်တာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

    ဒီလိုမြေကို ချဉ်စေတဲ့ အကြောင်းရင်းတွေကတော့ အများကြီး ရှိပါတယ်။ နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံ သုံးမိလို့၊ အပင်အမြစ်တွေက စိမ့်ထွက်တဲ့ ဟိုက်ဒရိုဂျင် အိုင်းယွန်းများကြောင့် မြေချဉ်တာလည်း ဖြစ်တတ်ပါတယ်။ မြေဆီလွှာ အတွင်းမှာရှိတဲ့ အလူမီနီယမ်များ ရေမှာ ပျော်ဝင်ပြီး ထွက်လာတဲ့ ဟိုက်ဒရို အိုင်းယွန်းတွေကြောင့်လည်း မြေချဉ်နိုင်ပါတယ်။ မှိုသတ်ဆေးများကဲ့သို့တချို့သော စိုက်ပျိုးရေးသုံး ဆေးများ အတွင်းမှာ ပါဝင်တဲ့ဆာလ်ဖာ ဓာတ်ဟာလည်း မြေကိုချဉ်စေနိုင်တယ်။ လေထုထဲမှာ ရောက်ရှိနေတဲ့ အက်ဆစ်ဖြစ်စေသော ဓာတ်ငွေ့များဟာ မိုးရေမှာပျော်၊ မြေပြင်သို့ မိုးရေနဲ့ အတူ အက်ဆစ်အဖြစ် ပါဝင်လာတဲ့အတွက် မြေဆီလွှာအတွင်းမှာ ထုံးနှင့် အယ်လ်ကာလီ ပစ္စည်းများ စိမ့်ယိုပျောက်ဆုံးတဲ့အတွက် မြေချဉ်စေတာလည်း ဖြစ်တယ်။

    မြေချဉ်နေရင် သီးနှံပင် အာဟာရဓာတ်များ မျှမျှတတမ စားသုံးနိုင်တဲ့အတွက် အပင်ကြီးထွား ဖြစ်ထွန်းဖို့ ယုတ်လျော့စေပါတယ်။ မြေချဉ်တဲ့ အတွက် တချို့ဓာတ်များဟာ သီးနှံပင်ကို အဆိပ်သင့်စေပါတယ်။ အလျူမီနီယမ် အဆိပ်သင့်ခြင်း၊ မဂ္ဂနိစ့်အဆိပ်သင့်ခြင်း၊ ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၊ မဂ္ဂနီစီယမ်ချို့ တဲ့ခြင်း၊ မော်လစ်ဒီနမ်ချို့တဲ့ခြင်းများ ဖြစ်ပေါ်စေပါတယ်။

    ဒီလိုမြေချဉ်နေတာကို ပြုပြင်ဖို့ကတော့ ထုံးကိုအသုံးပြုခြင်းဟာ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုပါဘဲ။ အသုံးပြုနိုင်တဲ့ထုံးအမျိုးမျိုးကတော့ ထုံးကျောက်၊ မဖောက်ထုံး၊ ဖောက်ထုံး၊ ဒိုလိုမိုက်တို့ဘဲ ဖြစ်ပါတယ်။ ထုံးကိုအသုံးပြုရာမှာ တစ်ဧကမှာ ထုံးပိဿာ ၆၃၀ ကို သုံးနှစ်ဆက်တိုက် တစ်နှစ်တစ်ကြိမ် ထည့်ပေးဖို့လိုပါတယ်။ တချို့ တစ်ဧကကို ထုံး ၄-၅ တန် အထိ ထည့်ကြပါတယ်။ ထုံးထည့်တဲ့နေရာမှာ သီးနှံကိုမထိခိုက်စေဖို့ အတွက် ထုံးနဲ့ မြေသား အသားကျသွားအောင် သီးနှံမ စိုက်ပျိုးမီ ၁-၆ လကြိုတင်ထည့်ထားပေးတာ စိတ်အချရဆုံး ဖြစ်ပါတယ်။ မြေချဉ်နေလို့ ထုံးကို မြေဆီလွှာမှာ ထည့်ပေးရင် မြေတွင်းရှိ အာဟာရဓာတ်များကို အပင်က စားသုံးနိုင်တဲ့ အနေအထား ရောက်အောင် ဖန်တီးပေးတယ်။ ထုံးဟာ မြေဆီလွှာ အတွင်း ထိန်းချုပ်ခံနေရတဲ့ ဖော့စ်ဖိတ်ဓာတ်ကို အပင်ကစားသုံးလို့ရတဲ့ အခြေအနေ ရောက်အောင် ဆွဲထုတ်ပေးတယ်။

    မြေဆီလွှာ အတွင်း မရှိမဖြစ်တဲ့ထုံးဓာတ် (ကယ်လ်ဆီယမ်) ကို ထောက်ပံ့ပေးတယ်။ မြေဆီလွှာအတွင်း ထုံးဓာတ်ရှိနေခြင်းဟာအပင်များက ပိုတက်စီယမ်ဓာတ်ကို ကောင်းစွာ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ထုံးဓာတ်မှာ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းများကို လျင်မြန်စွာဆွေးမြည့်စေပြီး အပင်များက မြန်မြန်စားသုံးရအောင် ဖန်တီးပေးတယ်။ ဒိုလိုမိုက်ကဲ့သို့ ထုံးကို အသုံးပြုပါက အပင်များအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကိုပါ ဖြည့်ဆည်းပေးပါတယ်။ ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာ အတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ နိုးကြားလာပြီး မြေဆီလွှာမြေရှင်ဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ မြေဆီလွှာအတွင်း ထုံးဓာတ်ရှိနေပါက မြေဆီလွှာ အတွင်းရှိ အလျူမီနီယမ်၊ မဂ္ဂနီဆီယမ်အိုင်းယွန်း များသည် ရေတွင်မပျော်ဝင်နိုင်သဖြင့် အဆိပ်သင့်မှု မဖြစ်စေပါ။ ထုံးထည့်ခြင်းဖြင့် မြေဆီလွှာ ရူပဂုဏ်သတ္တိ တိုးတက်လာပါတယ်။ ဓာတ်သတ္တုအဆိပ်သင့်မှုများ လျော့နည်းစေပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဆုံးပါးမှုကို လျော့နည်းစေပါကြောင်း အကြံပြုရေးသား လိုက်ရပါတယ်။

    အောင်ဆန်း (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများဂျာနယ်

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes9comments0
views227views1865