cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းစပါးဈေးကောင်းမွန်တာကြောင့် နွေစပါးကို တိုးမြင့်စိုက်ပျိုးလာ

. ဈေးကွက်သတင်းများ
မန္တလေးတိုင်းဒေသကြီး အတွင်း နွေစပါးကို ဆင်းသုခ၊ မနေသုခ ၊နာကောက်၊ ရက်၉၀ စပါး၊ ရွှေသွယ်ရင် စပါးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း နှင့်လက်ရှိ စပါး တင်း ၁၀၀လျှင် ငွေကျပ် သိန်း ၂၀ ကျော်ပေါက်ဈေး ရှိနေပြီး နွေစပါးပေါ်ချိန်တွင် ဈေးကောင်းရရှိရန်မျှော်လင့်ထားသည်.။
  • ပြည်တွင်းစပါး ဈေးကောင်းမွန်တာကြောင့် နွေစပါးတို တိုးမြင့်စိုက်ပျိုးလာကြောင်း စပါးစိုက်တောင်သူ များထံက သိရသည်။

    ပြည်တွင်းနွေစပါးပေါက်ဈေး မှာ တင်း၁၀၀လျှင် ငွေကျပ် သိန်း ၂၀ ကျော် ပေါက်ဈေးရှိတာကြောင်း ဆည်ရေရှိသည့် နွေစပါးစိုက်တောင်သူများ မှာ စပါးကို ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးကြကြောင်း စိုက်ပျိုးစရိတ်မှာလည်း ယခင်နှစ်များထက် ဈေးမြင့်တက်လာကြောင်း ပုသိမ်ြ့ကီးမြို့နယ်မှ စပါးစိုက် တောင်သူ ဦးချစ်ဝေ ကပြောသည်။

    ‘ စပါးဈေးကောင်းမွန်တော့ ဒီနှစ်နွေစပါးစိုက်နိုင်တဲ့တောင်သူတွေကတော့ ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးကြပါတယ်။ အချိုံတောင်သူတွေကတော့ နှမ်းနဲ့ နေကြာ အနည်းငယ်စိုက်ပျိုးကြတယ် စိုက်ပျိုးစရိတ်က ဒီနှစ်ပိုတက်လပါတယ်။ မျိုးဈေးနဲ့ ထွန်ထယ် စရိတ်တွေလ လုပ်သားခ ၊ ကောက်စိုက် စရိတ်တွေ ဈေးမြင့်တက်လာပါတယ်။ စပါးဈေးကတော့ တင်း၁၀၀ ငွေကျပ် သိန်း ၂၀ ကျော် ပေါက်ဈေး ရှိနေပါတယ် ’ ဟု ၎င်းကပြောသည်။

    မန္တလေးတိုင်းဒေသကြီးတွင် နွေစပါးစိုက်ဧက ၁၅၀၀၀၀ ခန့်ရှိပြီး ပုသိမ်ကြီးမြို့နယ် အတွင်း နွေစပါး စိုက်ဧက လျာထား ဧက ၁၉၇၃၇ ရှိပြီး ဧပြီ လကုန်ထိ အမှန်စိုက်ပျိုးဧကမှာ ၁၈၆၉၈ ဧက စိုက်ပျိုးပြီးဖြစ် ကြောင်း သိရသည်။

    မန္တလေးတိုင်းဒေသကြီး အတွင်း နွေစပါးကို ဆင်းသုခ၊ မနေသုခ ၊နာကောက်၊ ရက်၉၀ စပါး၊ ရွှေသွယ်ရင် စပါးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း နှင့်လက်ရှိ စပါး တင်း ၁၀၀လျှင် ငွေကျပ် သိန်း ၂၀ ကျော်ပေါက်ဈေး ရှိနေပြီး နွေစပါးပေါ်ချိန်တွင် ဈေးကောင်းရရှိရန်မျှော်လင့်ထားသည်.။

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းတွေအရ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၁.၆ သန်းကျော် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိထားသည်။

    ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်မှာတော့ ပြည်ပကို ဆန်တန်ချိန် ၂ သန်းနီးပါး တင်ပို့ဖို့ လျာထားပြီး ပြည်ပဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိဖို့ မျှော်မှန်းထားကြောင်းသိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes13comments2
views261views2007