cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းလဲလာသောရာသီဥတုအရ ငါးမွေးမြူရေးပုံစံများ ပြောင်းလဲသင့်ကြောင်း အကြံပြုချက်

. ငါးမွေးမြူရေးဆောင်းပါးများ
ဧက ၂၀ အရွယ်ရှိ ကန်ကို ၅ ဧက လေးကန်ခွဲတည်ဆောက်ပြီး၊ ၅ ဧက တစ်ကန်ကို ရေလှောင်ကန် (သို့မဟုတ်) ရေစစ် ကန်အဖြစ် အသုံးပြုပါက ရေရှည်အတွက် ကောင်းမွန်သော လုပ်ငန်းစဉ်ဖြစ်ပါလိမ့်မည်။
  • လက်ရှိငါးမွေးမြူသော တောင်သူအများစုသည် ကန်ကျယ်ကျယ်တွင် ငါးမျိုးစုံထည့်သွင်းမွေးမြူခြင်း နှင့် ငါးကန်အတွက် ရေကို မိုးရေကိုသော်လည်းကောင်း၊ မြစ်၊ချောင်းများမှ ရေကိုသော်လည်းကောင်း အသုံးပြု မွေးမြူနေကြပါသည်။ ယနေ့ကမ္ဘာနှင့်အဝှမ်း ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို ကြုံတွေ့နေရပြီး၊ မြန်မာ နိုင်ငံတွင်လည်း အဆိုပါ ရာသီဥတုဖောက်ပြန်ခြင်းကို ခံစားနေရပါသည်။ ထို့ကြောင့် ငါးမွေးမြူသောတောင် သူများသည် အနည်းနှင့်အများဆိုသလို ရာသီဉတုဖောက်ပြန်ခြင်းကြောင့် မိမိတို့ငါးမွေးကန်များတွင် ယခင် ထက်ရောဂါကျရောက်ခြင်းနှင့်အတူ ကုန်ထုတ်လုပ်မှုများ ကျဆင်းလာတတ်ပါသည်။

    မြန်မာနိုင်ငံ၏ ရာသီဥတုသည် ၂၀၁၀ နောက်ပိုင်းမှစပြီး အနောက်တောင်မုတ်သုန်မိုးသည် အဝင် ၁၅ ရက်နောက်ကျပြီး အထွက် ၂၅ ရက်စောလာသဖြင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းခြင်းသည် ရက်(၄၀)လျော့နည်း လာကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်မှ ထောက်ပြခဲ့ပါသည်။ ထိုအတူ မြန်မာနိုင်ငံတွင် မြစ်၊ချောင်း များ၏ ရေအရည်အသွေးသည် ယခင်ထက်ကျဆင်းလာသဖြင့် ငါးကန်များအတွက် မဖြစ်မနေ ရေရရှိခြင်းနှင့် ရေအရည်အသွေးကောင်းမွန်းစွာ လက်ခံရယူခြင်းသည် ရေရှည်တွင် ငါးမွေးမြူရေလုပ်ငန်းကို ထိခိုက်လာ နိုင် စေပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုပြောင်းလဲမှုနှင့်အညီ သီးနှံစိုက်ပျိုးခြင်းကို ပုံစံပြောင်း ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ရက်(၉၀)စပါးမျိုးများကို ဖန်တီးလာခြင်းနှင့် စိုက်စနစ် ပြောင်းလဲခြင်းများ ပြုလုပ်လာကြပါသည်။

    ငါးမွေးမြူရေးလုပ်ငန်းတွင်လည်း ယခင် ကန်ကျယ်စနစ်မှ ထိန်းသိမ်းနိုင်သော ကန်အရွယ်ပြောင်းလဲ ဖွဲ့စည်းဆောင်ရွက်သင့်ပါသည်။ တဆက်တည်း ရေလှောင်ကန်ပါ ထားသင့်ပါသည်။ ဥပမာအားဖြင့် ဧက ၂၀ အရွယ်ရှိ ကန်ကို ၅ ဧက လေးကန်ခွဲတည်ဆောက်ပြီး၊ ၅ ဧက တစ်ကန်ကို ရေလှောင်ကန် (သို့မဟုတ်) ရေစစ် ကန်အဖြစ် အသုံးပြုပါက ရေရှည်အတွက် ကောင်းမွန်သော လုပ်ငန်းစဉ်ဖြစ်ပါလိမ့်မည်။ ၅ ဧက သုံးကန်ကို ရေလှောင်ကန်(သို့မဟုတ်) ရေစစ်ကန်မှ ရေကို တိမ်ပြီး( ၃-၇ရက်အကြာထားခြင်း)မှ ရေသွင်းပါက ၅ ဧက သုံးကန်၏ ရေအရည်အသွေးသည် အနယ်အနှစ် မကျရောက်ခြင်း၊ ရောဂါဖြစ်ပွားစေမည့် ဘက်တီးရီးယား ပိုးများမပါဝင်ခြင်းတို့ကြောင့် ၅ ဧကသုံးကန်ကို ကန်ကြပ်စနစ်ဖြင့် မွေးမြူပြီး ယခင်ထုတ်လုပ်သော ကုန်ထုတ် လုပ်မှုကို မှီစေပါသည်။ ရေလှောင်ကန် (သို့မဟုတ်) ရေစစ်ကန်ထားရှိသဖြင့် ရေလိုအပ်ချိန်တွင် ကောင်းမွန် သောရေကို ဖြည့်သွင်းပေးနိုင်ပါသည်။

    ၅ ဧက သုံးကန်ဖွဲ့စည်းထားသဖြင့် ငါးရောဂါကျရောက်ပါက ရောဂါကျသောကန်ကို ကုသပြီး၊ ရောဂါ မကျရောက်သေးသောကန်ကို ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ငါးကန်တစ်ကန်ကို ထိန်းသိမ်းရသည်မှာလွယ်ကူပြီး ရေဩဇာရရှိစေရန်ဆောင်ရွက်ရာတွင်လည်း လွယ်ကူစွာဆောင်ရွက်နိုင်ပါ ကြောင်း တင်ပြအပ်ပါသည်။ ရေကြီးခြင်း၊ ရေလျှံခြင်းများ ရှိပါကလည်း အနိမ့်ပိုင်းကန်များကို အလွယ်တကူ ကာရန်တားဆီးခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။ ပူပြင်းသောရာသီတွင် ငါးမွေးမြူထားသော ကန်များကို ရေလှောင်ကန်(ရေစစ်ကန်)မှ ရေကိုအသုံးပြုပြီး ‌ရေလှယ်စနစ်ကို ကျင့်သုံးပါက ကန်ရေအပူချိန် မြင့်တက်မှုကို ထိန်းသိမ်းထားနိုင်ပါသည်။ ရေလှောင်ကန် (ရေစစ်ကန်)ထားရှိသဖြင့် ရေကို လိုအပ်ပါက စိတ်ချ စွာရေလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ပါသည်။

    ထို့ကြောင့် ရေလှောင်ကန်(ရေစစ်ကန်)ကိုအသုံးပြုပြီး မွေးမြူရေးစနစ်ကို ပြောင်းလဲကျင့်သုံးပါက ယနေ့စိန်ခေါ်နေသော ပြဿနာများကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes7comments0
views90views2053