cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်စျေး ပြန်လှုပ်ခက်လာသော်လည်း ငရုတ်စိုက် တောင်သူများ စျေးမရရှိသေး

. ဈေးကွက်သတင်းများ
လက်ရှိ ဘုရင့်နောင်စျေးကွက်တွင် မျှားနီ ငရုတ် မှာ ၃၅၀၀မှ ၄၀၀၀ ကျပ် ၊ပန်းတနော် ရှည် ၃၈၀၀ မှ ၄၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ၉၅၀၀မှ ၁၀၅၀၀ ကျပ် အထိ ပေါက်စျေးရှိကြောင်း သိရသည်။
  • ဆက်တိုက်ကျဆင်းနေသည့် ငရုတ်စျေး ပြန်လှုပ်ခက်လာသည် ဆိုသော်လည်း ငရုတ်စိုက်တောင်သူများ စျေးမရရှိသေးကြောင်း ငရုတ်စိုက်တောင်သူများထံမှ သတင်းရရှိပါသည်။

    လက်ရှိ ပြည်တွင်းတိုက်ပွဲအခြေအနေများကြောင့် လမ်းပန်း ဆက်သွယ်ရေးများ အခက်အခဲဖြစ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရန် အခက်အခဲရှိနေသေးခြင်းကြောင့် ငရုတ်စျေးမှာ စတင်ပေါ်သည့်အချိန်မှစ၍ ဆက်တိုက် စျေးကျဆင်းနေခြင်းဖြစ်သည်။

    “ ငရုတ်သီး အမှည့်စိုဈေးကွက် နည်းနည်းလေးလှုပ်စပြုလာတယ်ကြားတယ်။ ဒါပေမဲ့ ငရုတ်သီးက စိုက်ခင်းထဲမှာ သိပ်မရှိတော့ဘူး ။ တောင်သူတွေ မရောင်းရတော့ အခြောက်လှမ်းပြီး လှောင်ထားရတယ်။ ပြင်ပစျေးကွက်မှာသာ စျေးတက်တယ် ပြောနေကြတာ တောင်သူတွေမှာ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ် “ ဟု ဧရာဝတီ တိုင်းဒေသကြီး မှ ငရုတ်စိုက်တောင်သူ တစ်ဦးကပြောသည်။

    လက်ရှိ ဘုရင့်နောင်စျေးကွက်တွင် မျှားနီ ငရုတ် မှာ ၃၅၀၀မှ ၄၀၀၀ ကျပ် ၊ပန်းတနော် ရှည် ၃၈၀၀ မှ ၄၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ၉၅၀၀မှ ၁၀၅၀၀ ကျပ် အထိ ပေါက်စျေးရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် အပတ် ဧပြီလ ၂၄ရက်ဖြင့်ယှဉ်ပါက မျှားနီမှာ ၅၀၀ကျပ် ကျဆင်းသွားပြီး ပန်းတနော် (ရှည် )မှာ ၂၀၀ကျပ် ၊ ဆင်ဖြူကျွန်း (ပု) မှာ ၁၀၀၀ကျပ် ထိ မြင့် တက်လာကြောင်း ငရုတ်ဈေးကွက်မှ သိရသည်။

    ယခင်နှစ်က ငရုတ်ပွဲရုံများတွင် ငရုတ်သီးအမှည့်အစိုများကို အအေးခန်းကားများဖြင့် စနစ်တကျထုပ်ပိုး၍ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ငရုတ်အမှည့် အစိုများကို ပြည်ပဈေးကွက် သို့တင်ပို့ရောင်းချရန် ဈေးကွက်ရရှိမှု နည်းပါးလာကြောင်းလည်း သိရသည်။

    ငရုတ်သီးနှံမှာ ပြည်ပဝယ်လိုအား နည်းပါး၍ ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား ရောင်းချရသည့်အတွက် တချို့ တောင်သူများအနေဖြင့် အသက်ရှုချောင်နေခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

    အချို့ ငရုတ်ကုန်သည်များ အနေဖြင့် အဝယ်ရပ်ထားကြရပြီး ရောင်းချမှုသာ ပြုလုပ်နေကြသည့်အတွက် အရောင်း အဝယ်အေး‌နေကြောင်း သိရသည်။

    လက်ရှိ အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ငရုတ် ပေါက်စျေးမှာ စိုက်စရိတ်ဖြင့် တွက်ချက်ပါက တွက်ခြေမကိုက်သည့်အပြင် အချို့ဒေသရှိ ငရုတ်စိုက် တောင်သူများ စိုက်စရိတ် မရဘဲ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    ပြည်တွင်း ငရုတ်သီးမှာ ဖောဖော်ဝါရီ လ က စတင်ကာ လှိုင်လှိုင် ပေါ်ခဲ့ခြင်းဖြစ်ပြီး ထပ်မံ စိုက်ရမည့်အချိန် သို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views128views2661