cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လေပြင်းတိုက်ခတ်မှုကြောင့် စပါးပင် ဘက်တီးရီးယားရွက်ခြောက်ရောဂါသတိပြုရန်လို

. ရောဂါ
စပါးမစိုက်ခင် တမန်းပြင်ချိန်မှာ ပိုတက်စီယမ်ဓာတ်မြေသြဇာ၊ စက်ဖွဲပြာ၊ တီစူပါဓာတ်မြေသြဇာတွေကိုထည့်ပါ။
  • စပါးရွက်ခြောက်ရောဂါဖြစ်မှုက လက္ခဏာပြတာ နှစ်ပိုင်းရှိတယ်။ အပင်ငယ်စဉ်ကာလကနေ (ပျိုးပင်) လယ်ထဲရွှေ့စိုက်ပြီး နှစ်ပတ်၊ လေးပတ်ကြာရင် ပြသတာက အပင်ရိတဲ့ ရေစိုနာကို ရွက်ဖျား၊ ရွက်နားမှာ စပြီးတွေ့ရမယ်။ ပြီးရင် အပင်အရွက်ဝါပြီးကောက်ရိုးခြောက်ရောင်လို ခြောက်ရာက ညှိုးသေမယ်။ ဒါလည်း ရွက်ခြောက်ရောဂါပဲ။ ရောဂါဖြစ်စေတဲ့သက်ရှိက ဘက်တီးရီးယားဖြစ်လို့ ရောဂါနာမည်ကိုခေါ်တာက ဘက်တီးရီးယားရွက်ခြောက်ရောဂါလို့ ခေါ်ပါတယ်။ (စပါးပင်မှာ ရွက်ဖုံးခြောက်တဲ့ရောဂါလည်း ရှိပါတယ်။ အဲဒီရောဂါကျတော့ ရောဂါဖြစ်စေတဲ့ သက်ရှိက မှိုဖြစ်ပါတယ်။)

    နောက်လက္ခဏာ တစ်ခုကတော့အပင်ကြီးလာမှဖြစ်တာ။ စပါးပင်အပင်ပွားစီးချိန်ကာလနောက်ပိုင်းကစပြီး ပြသတဲ့ လက္ခဏာက ရွက်ခြောက်တာပဲ။ ခြောက်သွားတဲ့အခါ အရွက်ရဲ့အတွင်းပိုင်းမှာ လှိုင်းတွန့်မညီမညာပုံသဏ္ဌာန် တွေ့ရမယ်။ ရောဂါက ရှေ့ကို တဖြည်းဖြည်းတိုးသွားတယ်။ ရောဂါဖြစ်ခဲ့တဲ့ နေရာတွေက ကောက်ရိုးခြောက်လို ခြောက်ကျန်ခဲ့မယ်။ ပြီးရင် အဲဒီနေရာတွေ ဖြူပြီးကျန်ခဲ့မယ်။

    ဒီရောဂါကို ဂရုစိုက်ကာကွယ်ရမှာက ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ် ခံနိုင်တဲ့ စပါးမျိုး ပြောင်းလဲစိုက်ဖို့ပါ။ ရောဂါကျဖူးတဲ့ စပါးခင်းမှာ သီးလှည့်စိုက်ပျိုးမှုလုပ်ရင် ရောဂါကျမှု လျော့နည်းစေပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုရင် ရောဂါမခံနိုင်တဲ့ စပါးမျိုးတွေစိုက်လို့ ဖြစ်တာရှိတယ်။ နောက်တစ်ခါ ပုံမှန်ဆိုရင် မိုးစပါးမှာ သြဂုတ်လ၊ စက်တင်ဘာလတွေမှာရွာတဲ့မိုးက မိုးသက်လေပြင်းပါတတ်တယ်။ မုန်တိုင်းလည်း ကျတတ်တယ်။ စပါးပင်တွေ လှုပ်ခါယမ်းပြီး တစ်ပင်နဲ့တစ်ပင်စပါးရွက်တွေ ထိမိ၊ ပွတ်တိုက်မိရာက စုတ်ပြဲကွဲတဲ့ဒဏ်ရာတွေ ရသွားပြီး အဲဒီအပေါက်အပြဲတွေကနေ ဘက်တီးရီးယားရောဂါ မြန်မြန်ဝင်ရောက် ကူးစက်ပျံ့နှံ့နိုင်တာပါပဲ။

    အခုဆို ရာသီဥတုပြောင်းလဲမှုရှိလာတော့ နွေစပါးတွေမှာ မတ်လကနေ မိုးမရွာခင်မေလ၊ ဇွန်လတွေအထိ နေပူရှိန်ပြင်းတော့၊အပူရှိန်ကြောင့် မိုးတိမ်တွေဖြစ်တော့ လေကျတာ၊ မိုးသက်လေပြင်းကျတာရှိပြီး ပိုဂရုစိုက်ရမယ်။ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial Leaf Blight - BLB) ကို ဘီအယ်လ်ဘီလို့လည်း ခေါ်ကြတာကြောင့် တောင်သူတွေတော်တော်များများကဘီအယ်လ်ဘီ ရောဂါလို့ သိကြပါတယ်။ မနက်ပိုင်း နှင်းနဲ့မြူဆိုင်းရင်၊ ကျရင် ဘက်တီးရီးယားတွေက စိမ့်ထွက်ရည်ထုတ်တော့အရွက်မှာ လာကပ်နေတတ်တယ်။ နှင်းကွဲပြီး နေပွင့်တော့ အဲဒီစိမ့်ထွက်ရည်က ပုလဲလုံးလေးလို၊ ပယင်းလုံးလေးတွေလို ဖြစ်နေတာကို သာမန်မျက်စိနဲ့ကြည့်ရင်ကို မြင်ရပါတယ်။

    မိုးရာသီမိုးရွာရင် မိုးရေနဲ့ပျော်ပြီး ပါသွားတော့ မမြင်ရတော့ဘူး။ အပင်တွေဝါလာတာက ဘက်တီးရီးယားတွေက အပင်အောက်ခြေက အစာကြော၊ ရေကြောတွေ ပိတ်ဆို့လိုက်လို့ ဖြစ်တာလို့လည်း သုံးသပ်ကြတယ်။ ရေသွင်း၊ ရေထုတ် စပါးခင်းထဲ လုပ်ကိုင်ကြရာက တစ်ခင်းက တစ်ခင်း ကူးစက်ပျံ့နှံ့သွားတယ်။ ဖြစ်လာမှ နှိမ်နင်းတာထက် ကာကွယ်တာ အရင်လုပ်သင့်ပါတယ်။ အရှေ့ပိုင်းမှာ ရောဂါခံနိုင်တဲ့မျိုး လဲလှယ်စိုက်ဖို့ ပြောခဲ့ပြီ။ သီးလှည့်စိုက်ဖို့လည်းပြောခဲ့တယ်။ စပါးမစိုက်ခင် တမန်းပြင်ချိန်မှာ ပိုတက်စီယမ်ဓာတ်မြေသြဇာ၊ စက်ဖွဲပြာ၊ တီစူပါဓာတ်မြေသြဇာတွေကိုထည့်ပါ။

    စပါးပင်ရမယ့် အာဟာရတွေ မလိုအောင်ဖြည့်ပေးထားပါ။ စပါးပင်တွေကြားမှာ လေဝင်လေထွက်ကောင်းအောင် အတန်းလိုက်စိုက်ပါ။ ကြားထွန်လိုက်ပေးပါ။ တချို့စပါးမျိုးတွေက ပင်ပွားများတယ်။ ပင်ပွားများတဲ့ စပါးမျိုးတွေကို လေဝင်လေထွက်ပိုကောင်းအောင် ဂရုပြုဆောင်ရွက်ပေးပါ။ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားဟာ စပါးစိုက်ပျိုးနေကြတဲ့ နေရာဒေသအသီးသီးမှာ ပျံ့နှံ့ရှိနေတတ်လို့ အပင်အရွက်တွေ ဒဏ်ရာမရအောင် ပြုစုမှုကို လုပ်ကိုင်ဆောင်ရွက်ပေးပါ။

    စပါးပြီး စပါးစိုက်တဲ့ဒေသတွေ ပိုဂရုပြုပါ။ ပေါင်းမြက်ဂရုပြုရှင်းပါ။ ရေကြီးရေလွှမ်းဖြစ်ရင် ပိုပြီးဂရုပြုပါ။ မိုးရွာ၊ မိုးအုံ့၊ လေတိုက်၊မုန်တိုင်းကျ၊နေပူရှိန်ရတာ နည်းမယ်ဆိုရင် သတိပြုပါ။ကောက်ကွက်လိုတာထက်ပိုပြီး စိပ်စိပ်မစိုက်ပါနဲ့။ အပင်ဖြစ်မှုကောင်းတဲ့ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို လိုတာထက်ပိုမထည့်ပါနဲ့။ ရောဂါမခံနိုင်တဲ့ စပါးတွေ တစ်ကွင်းတစ်စပ်တည်း များများမစိုက်ပါနဲ့။ ဖျန်းနိုင်တဲ့ဆေးတွေက ကော့ပါးပါတဲ့မှိုသတ်ဆေးသုံးနိုင်ပါတယ်။ ဖြစ်နိုင်ရင်ရောဂါကျပြီး ဆေးသုံးတာထက် ရောဂါမကျအောင် ကာကွယ်မှုတွေ ဦးစားပေးလုပ်ကိုင်သင့်ပါတယ်။

    ကိုရဲ(စိုက်ပျိုးရေး)မြန်မာတောင်သူကြီးများ ဂျာနယ်

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes9comments2
views180views2919