cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မေလအတွင်း မိုးရွာသွန်းမှုတွေရှိလို့ အပူချိန်လျော့သွားနိုင်ဟု မိုးဇလပြော

. ရာသီဥတု သတင်းများ
မုန်တိုင်းဖြစ်ပေါ်ပြီး မိုးရွာခြင်းမျိုးမဟုတ်ဘဲ အနောက်ဘက်မှ ရွေ့လျားလာမယ့် လေပွေလှိုင်းတွေရဲ့ အရှိန် နဲ့ အပူပျံတက်တိမ်​ေတွဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မိုးရွာသွန်းနိုင်တာဖြစ်တယ်လို့ဆိုပါတယ်။
  • မေ ၄

    မေလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဥ်တွေ ရှိတဲ့အတွက် ဧပြီလကထက် အပူချိန်လျော့ကျသွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

    မေလ ၃ ရက်မှစပြီး မေလ ၅ ရက်အတွင်း တိုင်းနယ်ပြည်နယ်အများစုမှာ မိုးရွာနိုင်ကြောင်း ၊အဲ့ဒီနောက်ပိုင်းမှာလည်း မိုးရွာသွန်းနိုင်ချေ တွေရှိတာကြောင့် မေလအတွင်းမှာ အပူချိန်လျော့ကျသွားနိုင်တာဖြစ်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပြ ပါတယ်။

    မုန်တိုင်းဖြစ်ပေါ်ပြီး မိုးရွာခြင်းမျိုးမဟုတ်ဘဲ အနောက်ဘက်မှ ရွေ့လျားလာမယ့် လေပွေလှိုင်းတွေရဲ့ အရှိန် နဲ့ အပူပျံတက်တိမ်​ေတွဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မိုးရွာသွန်းနိုင်တာဖြစ်တယ်လို့ဆိုပါတယ်။

    " ကြေငြာထားတဲ့ဒေသတွေကမိုးရွာရင်အပူလျော့မှာပေါ့။ခုလထဲမှာတော့မိုးရွာမှုတွေရှိလို့ အရင်ထက်တော့အပူချိန်လျော့သွားမှာပါ။မုန်တိုင်းရှိလို့ရွာတာမျိုးမဟုတ်ဘဲ အပူချိန်များပြီး ရွာမယ့်မိုးပေါ့ " လို့ သူကဆိုပါတယ်။

    အလားတူ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်ကလည်း ေမလထဲမှာ တိုင်းနဲ့ပြည်နယ်အများစုမှာ အပူချိန်လျော့ကျစေနိုင်မယ့်မိုးရွာသွန်းမှုတွေရှိတဲ့အပြင်မိုးမရွာတဲ့ဒေသတွေကလည်း တိမ်ထူလေတိုက်မှုကြောင့် မေလ ၅ ရက်ကစပြီးအပူချိန်တွေလျော့ကျသွားနိူင်တာဖြစ်တယ်လို့ဆိုပါတယ်။

    မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာတော့ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်နိုင်တယ်လို့ ဦးဝေဖြိုးဟန်က သတိပေးထားပါတယ်။

    မိုး ရွာသွန်းနိုင်တဲ့ နေရာတွေကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊

    ရခိုင်ပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးအထက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းတို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးအောက်ပိုင်းနှင့်

    ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ ကရင် ပြည်နယ်၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊မကွေးတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအောက်ပိုင်း တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့သိရပါတယ်။

    ချစ်ခွန်းချို(AMIA)

    AMIA မှ ကူးယူဖော်ပြအပ်ပါသည်။

    -----


  • article
likes14comments1
views155views2091