ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ငါးမွေးတောင်သူများအား အကြံပြုချက်
ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ မေလ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄ဝ)ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။
🐟 ငါးသားပေါက်ကန်များအတွက် ရေကို အနည်းဆုံး ၃ ပေခွဲအထိ ထားရှိပေးရန်၊
🐟 အစာကို တက်နောက်သလောက် လျော့ကျွေးရန်၊
🐟 ကန်အောက်ရေကို ကန်အပေါ်သို့ ဖြန်းပေးပါရန်၊
🐟 အပူချိန်ကြောင့် ငါးများ stress ဖြစ်နိုင်သဖြင့် ရေအပူချိန်ကျအောင်ဖန်တီးပေးရန်၊
🐟 ဖြစ်နိုင်ပါက အပြင်မှ ရေကို ကန်အတွင်း သွင်းပေးပါရန်၊
🐟 အရိပ်များဖန်တီးပေးရန်၊
🐟 partial harvesting ဆောင်ရွက်ပေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။