cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီမရွေးပန်းပွင့်တဲ့ သင်္ဘောမညိုးပန်း

. စိုက်ပျိုးနည်းစနစ်များ
အပွင့်များဝေဝေဆာဆာ ပွင့်လေ့ရှိသောကြောင့် ပြတင်းပေါက်ဘေး၊ ဘီဒိုဘေးတွင်ထားလျှင် အထူးသင့်တော်သည်။
  • မြန်မာနိုင်ငံတွင် အစိုက်များသောအပင်ဖြစ်ပါသည်။ ရာသီမရွေးပန်းပွင့်လေ့ရှိသဖြင့် သဘောကျနှစ်သက်ကြသည်။ ပန်းပွင့်သည် အမွေးရနံ့မရှိပါ။

    CATHARANTHUS ROSEUS (Apocynaceae) မျိုးစိတ်ဖြစ်ပြီး MADAGASCAR PERIWINKLE ဟုသိကြပါသည်။ မူရင်းအရောင်မှာ ခရမ်းရောင်ဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင် အဖြူ၊ ခရမ်းဖျော့၊ ပန်းရောင်စသဖြင့် ပေါ်ထွက်လာပါသည်။

    အရွက်များမှာ အစိမ်းရောင်တောက်ပ၍ အရောင်ပြောင်ပြောင်း ဖြစ်နေတတ်ပါသည်။ အပင်ကို အိုးထဲတွင် စိုက်ပါက ချုံပုတ်ပင်လေးပမာ အုပ်အုပ်ဆိုင်းဆိုင်းသဏ္ဍာန် ရှိသည်။

    အပွင့်များဝေဝေဆာဆာ ပွင့်လေ့ရှိသောကြောင့် ပြတင်းပေါက်ဘေး၊ ဘီဒိုဘေးတွင်ထားလျှင် အထူးသင့်တော်သည်။ အချို့က အပင်များကိုစု၍ စတုဂံပုံ အရှည်လိုက် စိုက်လေ့ရှိကြသည်။

    သင်္ဘောမညိုးပန်းပင်သည် သွေးကင်ဆာကုသဆေး ဖော်စပ်နိုင်သည်ဟု အချို့ကဆိုကြသဖြင့် စိတ်ဝင်စားဖွယ်ကောင်းသောအပင်ဖြစ်သည်။

    အနံ့မရှိသော်လည်း အမြင်လှ၍ အလွန်အသုံးဝင်သော ပန်းတစ်မျိုးဖြစ်သည်။

    အပင်အချက်အလက်များ

    မူလ - madagascar

    အမြင့် - ၁၀ လက်မခန့်အထိ

    မြေကြီး - မြေဆွေး၊ စပ်မြေ

    အိုးပြောင်းချိန် - အိုးထဲအမြစ်ကြပ်လာလျှင်ပြောင်းပါ။ မြေသစ်အပေါ်ယံထပ်ဖြည့်ပေးပါ။

    အပင်သစ်ပျိုးခြင်း - နွေဦးတွင် အကိုင်းဖြတ်ယူပြီး အပင်သစ်တစ်ပင်အဖြစ် အိုးသစ်ထဲထိုးစိုက်၍ အပင်ပွားနိုင်ပါသည်။ အစေ့မှလည်း ပျိုးယူပါသည်။

    ဂရုစိုက်ရမည့်အချက်အလက်များ

    - နေ

    နေအလင်းရောင်ကြိုက်သောကြောင့် တစ်ခါတစ်ရံတိုက်ရိုက်နေရောင်ထဲထားနိုင်ပါသည်။

    - အပူချိန်

    အခန်း အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ခန့်တွင် ထားနိုင်ပါသည်။

    - ရေ

    ရေပန်းကရားဖြင့် ညင်ညင်သာသာနေ့တိုင်းလောင်းပါ။ အေးသောရာသီတွင် အနည်းငယ်လျော့လောင်းပါ။ စပရေးဘူးဖြင့်ဖျန်းပေးပါ။ အပွင့်ကိုမထိပါနှင့်။

    - မြေသြဇာ

    ၂ပတ် တစ်ကြိမ်မြေသြဇာအရည်အနည်းငယ်ကျွေးနိုင်ပါသည်။

    Source - စန္ဒီ - Artist (အိမ်တွင်းအလှစိုက် အပင်လေးများ)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes15comments0
views115views1921