မြေဆီဈေးတက်နေချိန် ရွေးချယ်သင့်သော မြေဆီလွှာအာဟာရ ဖြည့်တင်းပေးနိုင်သည့် သစ်စိမ်းမြေဩဇာ
သစ်စိမ်းမြေသြဇာဆိုသည်မှာ-မြေသြဇာအဖြစ်အသုံးပြုသော အစိမ်းရောင်သီးနှံများကိုမြေဆွေးအဖြစ်အသုံးပြုခြင်တနည်းဖြစ်ပေသည်။ တနည်းအားဖြင့် ဝင်ငွေရသီးနှံမစိုက်ပျိုးမီ သို့ စိုက်ပျိုးပြီး ခေတ္တမြေအားလပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်ပင်များ ကြဲပက်စိုက်ပျိုးထားပြီး ပင်စည်နုနယ်သော အချိန်ထိစိုက်ပြီး (၄၀-၄၅)ရက်သားခန့်တွင် တစ်ပင်လုံး( သို့မဟုတ်) အပင်၏အစိတ်အပိုင်းအားအစိမ်းအတိုင်း ထယ်ထိုးမြေမြုပ်ပြီး မြေသြဇာဖြစ်အသုံးပြုနိုင်သော အပင်များမှ မြေဆီလွှာအတွက် လိုအပ်သော အာဟာရများကိုဖြည့်ဆည်းပေးခြင်းဖြစ်ပေသည်။ အများအားဖြင့်ပဲမျိုးရင်းပင်မျာကို အသုံးပြုကြပြီး ပဲမျိုးရင်ပင်မဟုတ်သော အပင်များကိုလည်း အမြန်ဆွေးမြေ့မှုနှင့် သစ်ဆွေးဓါတ်ကြွယ်ဝပြီး နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ ပိုတတ်နှင့်အခြားအနည်းလို အာဟာရပါ၀င်မှုများအပေါ်မှုတည်ပြီး အသုံးပြုနိုင်ကြပေသည်။
#သစ်စိမ်းမြေသြဇာကိုသုံးစွဲသင့်သည့်အကြောင်းအရင်းများ
ပဲမျိုးရင်းသစ်စိမ်းမြေသြဇာသည်လေထုထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်သည်။ အကျိုးပြု ဘတ်တီးရီးယား ၏အကူအညီဖြင့် အမြစ်တွင်ပါဝင်သော မြစ်ဖုများက မြေဆီလွှာ အာဟာရကို ကြွယ်ဝစေပါသည်။ သစ်စိမ်းမြေသြဇာပြုလုပ်အသုံးပြုကြသော သီးနှံတခုခြင်းစီသည်အကြီးမြန်ပြီး ရေငတ်ဒဏ်ခံနိုင်ခြင်း သို့ ရေဝပ်ဒဏ်ခံနိုင်ခြင်း၊ မြေဆွေးဓါကောင်းစွာရရှိနိုင်ခြင်းစသည့်ကောင်းကျိုးများအပေါ်မှုတည်ပြီးအသုံးပြုနိုင်ပေသည်။ သစ်စိမ်းမြေသြဇာပင်များသည်ကြီးထွားမှုမြန်ပြီး မြေပေါ်သို့အချိန်တိုအတွင်းဖုံးသွားနိုင်သဖြင့် သစ်စိမ်းမြေသြဇာပင်များပေါက်နေချိန်အတွင်း ပေါင်းနိှိမ်ပေးရာရောက်သဖြင့် နောက်စိုက်မြည့်အဓိကသီးနှံများအပေါ် ပေါင်းပေါက်ရောက်မှုကိုကောင်းစွာသက်သာစေပါသည်။ မြေငံခြင်း၊ မြေချဥ်ခြင်းများကို မြေချဥ်ငံကိန်းကိုမျှတစေနိုင်ပြီး မြေဆီလွှာမှ အာဟာရဓါတ်များတိုက်စားဆုံးရှုံးမှုနှင့်အငွေ့ပြန်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်ပေသည်။
မြန်မာနိုင်ငံရှိ အပှုပိုင်းဒေသများတွင် မိုးနည်းခြင်းကြောင့် အစိုဓါတ်မထိန်းနိုင်ခြင်း၊ သစ်ဆွေးဓါတ်များ ယုတ်ေလျာ့လာခြင်း၊ အပူချိန်များပြီး ရေငွေ့ပျံဆုံးရှုံးပြီး အကျိုးပြုအဏုဇီဝဆုံးရှုံးလာမှုများကြောင့် မြေချဥ်ကိန်းနိမ့်လာသော အခြေနေများကြောင့် မြေဆီလွှာကောင်းမွန်လာစေရန် သစ်စိမ်းမြေသြဇာကို မြေဆီလွှာ၏ဂုဏ်သတ္တိများတိုးတတ်ကောင်းမွန်စေရန်အသုံးပြုသင်ပေသည်။
အထူးသဖြင့်သစ်စိမ်းမြေသြဇာသည် မြေတွင် သစ်ဆွေးဓါတ်ကြွယ်ဝလာစေပြီး မြေဆီလွှာဖွဲ့စည်းမှု၊ မြေဆီလွှာ၏ရေအစိုဓါ်ထိန်းထားနိုင်မှု၊ လေဝင်လေထွက်မျှတစေနိုင်ပြီး အပင်အာဟာရဓါတ်များကို မြေတွင်းပြန်လည်ထည့်သွင်းပေးရာရောက်သဖြင့် မြေဆီလွှာ၏ အာဟာရဓါတ်များကိုကောင်းစွာဖြည့်ဆည်းပေးနိုင်သော နည်းလမ်းတရပ်ဖြစ်ပေသည်။
ထို့ကြောင့် သဘာဝမြေဆွေးဓါတ်ဆုံရှုံးနေသော မြေဆီလွှာများကို အလျန်အမြန်ပြန်လည် အားဖြည့်ပေးနိုင်ရန် သစ်စိမ်းမြေသြဇာ ကျွေးခြင်းဖြင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများကိုမြင့်တင်နိုင်သော နည်းပညာရပ်တခုဖြစ်နေပေသည်။
#သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနိုင်သောအပင်အမျိုးအစားများ
၁။ အာဟာရဓါကြွယ်ဝပြီး နိုက်တြိုဂျင်ပါဝင်မူများခြင်း။
၂။ မိမိဒေသနှင့်ကိုက်ညီသောမျိုးစေ့ရလွယ်ခြင်း၊ စျေးနှုန်သက်သာခြင်း၊ အပင်ပေါက်ကောင်းခြင်း။
၃။ ကြီးထွားမြန်ခြင်း၊ အရွက်ထွက်များခြင်း။
၄။ ရေလိုအပ်မူနည်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ အကြမ်းတမ်းခံခြင်း။ ရေကြီးနှစ်မြုပ်ဒေသဖြစ်ပါက ရေနှစ်ဒဏ်ခံနိုင်ခြင်း။
၅။ ပဲမျိုးနွယ်ဝင်အပင်ဖြစ်ခြင်း၊ ( သစ်ဆွေးဓါတ်သာမကလေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်ခြင်းကြောင့်မြေတွင်းနိုက်ထရိုဂျင်ဓါတ်ကြွယ်ဝစေခြင်း)
၆။ ပဲမျိုးရင်းပင်မဟုတ်ပါက သစ်ဆွေးဓါတ်များသော သီးနှံများကိုရွေးခြယ်အသုံးပြုနိုင်ခြင်း။
၇။ စိုက်ပျိုးစရိတ်ကုန်ကျမူနည်းခြင်း၊ လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း။
၈။ လွယ်ကူစွာရှင်းလင်းပသ်နိုင်ခြင်း၊ နှိမ်နင်းရလွယ်ခြင်း၊ ( ပေါင်းပင်အဖြစ်မရောက်ရှိစေနိုင်ခြင်း)
၉။ မိမိဒေသတွင် သိုက်ပျိုးနေကြသီးနှံပုံစံ၊ သီးလှည့်ပုံစံတို့နှင့်အံ့ဝင်ခြင်း။
၁၀။ ကာဗွန် နိုက်ထရိုဂျင် အချိုးနည်းသော သစ်ဆွေးမြန်အပင်အမျိုးအစားကိုရွေးခြယ်ခြင်း စသည့်အခြေအနေများကိုတွက်ချက်၍ မိမိဒေသရေမြေရာသီဥတုနင့်က်ုက်ညီသော သီးနှံအမျိုးအစားများကိုစိုက်ပျိုးသင့်ပေသည်။
#သစ်စိမ်းမြေသြဇာပင်များအားအသုံးပြုပုံအလိုက်အမျိုးအစားခွဲခြားခြင်း
က။သစ်စိမ်မြေသြဇာအဖြစ်အသုံးပြုနိုင်သောအပင်များ
၁ ။ ပိုက်ဆံလျှော် Sunnhemp
၂။ ညံပင် Sesbania Rostrata
၃။ဒန့်ကျွဲ Negro coffee
၄။ မဲရိုင်း Indigo plant
၅။ အေဇိုလာ Azolla
ခ။ အစားအစာနှင့်သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သောအပင်များ
၁။ ပဲလွမ်း Cow Pea
၂။ ပဲတီစိမ်း Green Gram
၃။ ပဲရင်း Rice Bean
၄။ ပဲစောင်းရှား Kaffir bean
ဂ။ မြေအဖုံးအကာနှင့်သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သောအပင်ကြီးများ
၁။ ဘောစကိုင်း Ipil ipil
၂။ ကုက်ကို Siris
၃။မြေပြန့်ချယ်ရီ Glirucidia
စသည့်အပင်များကိုသက်စိမ်းမြေသြဇာအဖြစ်အသုံးပြုစိုက်ပျိုးပါက မြေဆီလွှာအတွင်းအာဟာရဓါများကြွယ်ဝလာစေပြီး အပင်အာဟာရဓါတ်များကို သီးနှံများမှ ရယူနိုင်သောပုံစံအဖြစ်မြေတွင်းကြာရှည်စွာထိန်းသိမ်းထားလာနိုင်ပြီး ပြင်ပမြေသြဇာများထည့်သွင်းအသုံးပြုခြင်းကိုကောင်းစွာလျော့ချနိုင်ပြီး တဧကကုန်ကျစရိတ်ကိုသိသာစွာသက်သာလာနိုင်စေပါသည်။
Htet Zaw Htun_ Organic Farming Coach
References: https://www.daera-ni.gov.uk/articles/green-manures
Professor Maung Maung Htwe & Sayama Daw Khin Thuzar Htun
Photos: 2016 Golden Plain_Dry Zone Project
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။