cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပူချိန်မြင့်မားခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်းအပေါ် သက်ရောက်မှုများ

. ငါးမွေးမြူရေးသတင်း
ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်းတွင် ကန်ရေအပူချိန်သည် (၂၅ မှ ၃၂) ဒီဂရီစင်တီဂရိတ်အတွင်း ရှိရမည်ဟု ပညာရှင်များက သုတေသနပြုထားကြသည်။
  • ၂၀၂၄ခုနှစ်သည် အယ်နီညို ရာသီဥတု၊ ပူပြင်းခြောက်သွေ့သော ရာသီဥတုအမျိုးအစား ဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ်တွင် ယခင်နှစ်များထက် အပူချိန် မြင့်မားမှုကို ခံစားနေရပါသည်။ ငါး၊ပုစွန်မွေးမြူရေးတွင် ရေအပူချိန်သည် အရေးကြီးသော အခန်းတွင် ပါရှိနေပါသည်။ ငါး၊ပုစွန်ကန်များ၏ ရေအပူချိန်သည် သီးခြား ဖန်တီးပေးမှုမရှိပါက နေရောင်ခြည်မှ ရရှိကြပါသည်။ ကန်တစ်ခု၏ ရေအပူချိန်သည် ကန်၏မျက်နှာပြင်ပေါ်သို့ ရှေးဦးစွာ သက်ရောက်ပါသည်။ အပေါ်ရေသိပ်သည်းမှုနည်းပြီး၊ အောက်ရေသိပ်သည်းမှုများကာ သိပ်သည်းမှု ကွာခြားချက်ဖြစ်ပေါ်တတ်ပြီး အပူကန့်အလွှာ ဖြစ်တတ်ပါသည်။ ပုံမှန်ရေအနက် (၄-၅)ပေရှိသော ကန်များတွင် အပေါ်ရေနှင့် အောက်ရေ အပူချိန်ကွာခြားမှု သိပ်မရှိသော်လည်း (၈)ပေအထက်ရှိသောကန်များတွင် အပူချိန်ကွာခြားမှု များတတ်ပါသည်။

    ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်းတွင် ကန်ရေအပူချိန်သည် (၂၅ မှ ၃၂) ဒီဂရီစင်တီဂရိတ်အတွင်း ရှိရမည်ဟု ပညာရှင်များက သုတေသနပြုထားကြသည်။ ကန်ရေရှိ ဇီဝ၊ ဓာတုဆိုင်ရာဓာတ်ပြုခြင်းများသည် အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်တိုးတိုင်း ဓာတ်ပြုနှုန်း (၂) ဆ မြန်ကြပါသည်။ ငါး၊ ပုစွန်ကန် များတွင် အောက်စီဂျင်လိုအပ်မှုသည် (၂၀) ဒီဂရီစင်တီဂရိတ်အထက် (၃၀) ဒီဂရီစင်တီဂရိတ်တွင် (၂)ဆပိုများလာသည်။ အပူချိန်ကြောင့် အစာစားနှုန်း အမျိုးမျိုးပြောင်းလဲလာကြပါသည်။ အပူချိန်သည် လေထဲမှ ရေထဲသို့ အောက်စီဂျင်ပျော်ဝင်နှုန်းကိုလည်း ကန့်သတ်ပါသည်။ ငါး၊ ပုစွန် ရေသတ္တဝါများသည် ကန်‌ရေအပူချိန် (၂၅ မှ ၃၂) ဒီဂရီစင်တီဂရိတ်အတွင်းတွင် ကြီးထွားနှုန်းအကောင်းဆုံးအချိန် ဖြစ်ပါသည်။

    ယခုလက်ရှိအပူချိန်သည် မွေးမြူရေးစံထားရမည့် ကန်ရေအပူချိန်ထက်မြင့်မားနေသည်ကိုတွေ့ရှိရ ပါသည်။ နေရောင်ခြည်ကျရောက်ခြင်းကြောင့် ကန်ရေအပူချိန်ဖြစ်ရခြင်းအပေါ်တွင် ကန်ရေတွင် အနယ်များ ရှိနေပါက ထိုအနယ်များကြောင့် ကန်ရေအပူချိန်ကို ပိုမိုမြင့်မားစေပါသည်။ စံသတ်မှတ်ထားသော ကန်ရေအပူချိန်ထက် မြင့်တက်နေပါက ငါး၊ပုစွန်များတွင် ဖိစီးမှုများ သက်ရောက်ပြီး အစားစားခြင်းလည်း ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ကန်ရေအပူချိန်မြင့်တက်ခြင်းကြောင့် ဘက်တီးရီးယား ပေါက်ဖွားခြင်းများလည်း ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ငါးရောဂါကျရောက်ခြင်း လွယ်ကူလျှင်မြန်စေနိုင်ပါကြောင်း တင်ပြအပ်ပါ သည်။

    ပူပြင်းခြောက်သွေ့သော ရာသီဖြစ်သောကြောင့် နေအပူရှိန်မြင့်သည့်အတွက် ကန်ရေငွေ့ပျံနှုန်းများ ခြင်းနှင့်အတူ ကန်ဘောင်များခြောက်သွေ့နေသဖြင့် ရေစိမ့် ပျံ့လွင့်ခြင်းလည်း များပါသည်။ ထို့ကြောင့် ကန်ရေ သည် လျော့နည်းလာပြီး အပူချိန်တိုးမြင့်လာပါသည်။ အဆိုပါအခြေအနေများတွင် ကန်ကိုရေထပ်မံဖြည့်ရန် လိုအပ်ပြီး ကန်ရေအနက်ကိုအနည်းဆုံး (၅)ပေမှ (၆)ပေအထိ ထားသင့်ပါသည်။ ကန်ရေ (၄-၅)ပေရှိသော ကန် များတွင် နေ့လည်အချိန်တွင် ကန်အောက်ခြေမှ ရေကိုစုပ်တင်ပြီး ကန်မျက်နှာပြင်ပေါ်သို့ ရေဖြန်းပေးခြင်းဖြင့် လည်း ကန်ရေအပူချိန်မြင့်တက်မှုကို ကာကွယ်နိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes12comments0
views84views1418