cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၂၀၂၄~၂၀၂၅ ခုနှစ် စပါးအခြောက်ကြဲခင်း စိုက်ပျိုးခြင်းအတွက် စဉ်းစားချင့်ချိန်စရာများ

. ရာသီဥတု သတင်းများ
မိမိအနေဖြင့် ရှုမြင်သုံးသပ်မိ၍ မိုးလေဝသနှင့် မိုးစပါး၌ အခြောက်ကြဲခင်း စိုက်ပျိုးခြင်းနှင့် ပါတ်သက်၍.ရေးသားခြင်းဖြစ်ရာ ဆောင်းပါးအား အစအဆုံး နားလည်အောင် ဖတ်ရှုရန်တော့ လိုအပ်မည် ဖြစ်ပါတယ်။
  • ယခုနှစ် ၂၀၂၄~၂၀၂၅ ခုနှစ် သီးနှံစိုက်ရာသီသည် တောင်သူလယ်သမားများအတွက် စဉ်းစား ချင်ချိန် စရာများရှိလာသည်ဟု မိမိအနေဖြင့် ရှုမြင်သုံးသပ်မိ၍ မိုးလေဝသနှင့် မိုးစပါး၌ အခြောက်ကြဲခင်း စိုက်ပျိုးခြင်းနှင့် ပါတ်သက်၍.ရေးသားခြင်းဖြစ်ရာ ဆောင်းပါးအား အစအဆုံး နားလည်အောင် ဖတ်ရှုရန်တော့ လိုအပ်မည် ဖြစ်ပါတယ်။

    မိုးလေဝသအကြောင်း

    စိုက်ပျိုးရေးလုပ်ဆောင်သူအချို့သည် မိမိတို့လက်လှမ်းမှီရာ၊ အားသန်ရာ၊ ကြိုက်နှစ်သက်သော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအား လေ့လာဖတ်ရှုပြီး

    ယခုနှစ်တွင် မိုးဦးစောမည်၊ မိုးဦးမစောဘူး။

    မိုးဦးကောင်းမည်၊ မိုးဦးမကောင်းဘူး။

    နောက်မိုးကောင်းမည်၊ နောက်မိုးမကောင်းနိူင်ဘူး။

    စသည်ဖြင့် ပြောဆိုနေကြသည်ကို ကြားသိ၊ ကြုံတွေ့နေရပါတယ်။

    လက်ရှိကြုံတွေ့နေရသော မိုးလေဝသဖြစ်စဉ် အယ်လ်နီညို-လာနီညာ အခြေအနေနှင့်ပါတ်သက်၍ မိုးလေဝသပညာရှင် ဦးဝင်နိူင်မှ

    ဧပြီလ ၁၆ ရက်နေ့မှာ ထြက္လာတဲ့ ဩစတေးလျှမိုးလေဝသဌာနထုတ်ပြန်ချက်မှာ အယ်လ်နီညိုဖြစ်စဉ်ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ENSO Neutral အဖြစ်ဆက်လက်တည်ရှိမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ယခင်ခန့်မှန်းချက်များအတိုင်းဆိုရင် လာနီညာက ဇူလိုင်လမှာ အားအသင့်အတင့်ဖြစ်လာနိုင်ကြောင်းသုံးသပ်ခန့်မှန်းခဲ့ကြပါတယ်။ လာနီညာဖြစ်လာနိုင်ချေနဲ့ အင်အားကို တိတိကျကျခန့်မှန်းထုတ်ပြဖို့အတွက် လက်ရှိဖြစ်လာတဲ့ ENSO Neutral သည် - ဇူလိုင်လနောက်ပိုင်းဘယ်လိုဖြစ်နိုင်မယ်ဆိုတဲ့အခြေအနေကိုစောင့်ကြည့်ပြီး ခန့်မှန်းရမှာဖြစ်ကြောင်း ဖေါ်ပြထားတာတွေ့ရပါတယ်။

    မိုးလေဝသဖြစ်နိုင်ချေ

    နောက်ဆုံးရရှိတဲ့ ရာသီဥတုဖြစ်စဉ်တွေအပေါ် သင်္ချာပုံစံမိုးလေဝသခန့်မှန်းရေးမော်ဒယ်များက ကြိုတင်ခန့်မှန်းထားတာမှာတော့ အနောက်တောင်မုတ်သုံလေ ပုံမှန်ဝင်ရောက်ချိန်အတိုင်း ဝင်ရောက်နိုင်သော်လည်း ဇွန်-ဇူလိုင်လခန့်အထိ အားနည်းနေနိုင်ကြောင်း လေ့လာဖတ်ရှု ရပါတယ်။

    မိမိအနေဖြင့် မိုးလေဝသနှင့် ဇလေဗဒဦးစီးဌာန၏ မိုးလေဝသ ခန့်မှန်းချက်ကို လေ့လာကြည့်မိသောအခါတွင်

    ~ ၂၀၂၄ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သခန့်မှန်းချက်

    အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း

    ၁။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၄ ခုနှစ်၊ ဇြန္လ ၉ ရက်နေ့မှ ၁၄ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၃ ရက်နေ့မှ ၈ ရက်နေ့)အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်ဖွယ်ရာရှိပြီး၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်းခန့်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာ ရှိပါသည်။

    မိုးဦးကာလ ခန့်မှန်းချက်

    ၂။ မိုးဦးကာလသည် ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်၀င်ရောက်သည့်နေ့မှ ဇွန်လကုန်အထိ ဖြစ်ပါသည်။

    မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။

    မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

    လို့ ခန့်မှန်းထားရာ မိုးစပါးစိုက်ပျိုးမည့်သူများအတွက် သတိပြုစရာများ ရှိလာပါတယ်။

    ဒါကေတာ့ မိမိလေ့လာမိသလောက် မိုးလေဝသခန့်မှန်းချက်မှ မိုးဦးကာလ အခြေအနေတွေပါ။

    ဒါတွေသည် ရာနှုန်းပြည့် ဖြစ်ပေါ်လာမည်လို့ ကျိန်းသေ ပြော၍ ရနိူင်ပါမည်လား။

    လေထုအတွင်းဖြစ်ပေါ်မှုများသည် အချိန်နှင့်အမျှ ပြောင်းလဲနေသည့်အတွက် ခန့်မှန်းချက်သည်လည်း အချိန်နှင့်အမျှ ပြောင်းလဲနေရာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်မည့်သူများသည် အနီးကပ် မိုးလေဝသခန့်မှန်းမှုကိုသာ မူတည်၍ စိုက်ပျိုးရေးလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်သင့်တယ်လို့ မိမိအနေဖြင့် ရှုမြင်မိပါတယ်။

    မိုးစပါး စိုက်ပျိုးရေးနှင့်ပါတ်သက်၍ လေ့လာကြည့်ရလျင်

    ဧရာ၀တီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသအချို့၌ ယခုအချိန်တွင်ပင် စပါးသီးနှံ အခြောက်စိုက်ခင်းအတွက် စတင်ထွန်ယက်ကြကြပြီး ကြဲပက်ရန်ကိုပင် ပြင်ဆင်နေသည်ကို တွေ့ရှိနေရပါတယ်။

    မိုးစပါး အခြောက်ကြဲခင်းအား ဧရာ၀တီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးရှိ စိုက်ဧကအများစုတွင် လုပ်ဆောင်နေမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုလာသည်ကို တွေ့ရှိနေရပါတယ်။

    အခြောက်ကြဲခင်းဆိုသည်မှာ ရှေးယခင်က ရေကြီးရေနက်ကွင်း အများဆုံးရှိသည့် ဧရာဝတီ၊ ရန်ကုန် တိုင်း ဒေသအချို့တွင် အများဆုံး အသုံးပြု စိုက်ပျိုးကြပြီး မိုးရာသီ ရေကြီးလာချိန်တွင် ရေနက်ဒါဏ်ခံနိူင်ရန်အတွက် မိုးဦးက်စကာလ ဖားကျမိုးရွာချိန်၊ ပေါင်းစုံချိန်တွင် ကြဲပက်ကြ

    ခြင်းပါ။

    ဧရာဝတီတိုင်းရဲ့ မြေအမျိုးအစားအရ အချို့ဒေသများမှာ အခြောက်ထွန်ယက်၍ မရဘဲ မြေအစိုဓာတ်ရှိချိန်တွင်မှ ကြဲပက်ပြီး ထွန်ယက်ကြတာကများပါတယ်။

    ထိုသို့ထွန်ယက်ခြင်းဖြင့် ပေါင်းတစ်ပေါင်း သေထားခြင်းကြောင့် စပါးပင်ကြီးထွားမှုအတွက် အဆင်ပြေကြတာပါ။

    ယခုဒေသ တော်တော်များများတွင် အသုံးပြု စိုက်ပျိုးနေသော ကြဲခင်းကတော့ အခြောက်ကြဲခင်းစနစ် သက်သက်

    ဖြစ်ပြီး မူလအစကတော့

    ထွန်ယက်မည့် ကျွဲ၊ နွား၊ လက်တွန်းထွန်စက်များအသုံးပြုရန် မရှိတော့ခြင်း၊ အသုံးမပြုလိုတော့ခြင်း၊

    ကျွမ်းကျင်လုပ်သား ရှားပါးလာခြင်း။

    လုပ်သား၊ငွေကြေး အခက်အခဲများ သက်သာ ပြေလည်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း။

    ပံပိုးပစ္စည်းဈေးနှုန်း မြင့်တက်လာ၍ စိုက်ပျိုးထုတ်လုပ်မှု စရိတ်များအား လျော့ကျအောင် ဆောင်ရွက်ခြင်း။

    စသည်တို့ကြောင့် အခြောက်ကြဲခင်း လုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြပြီး လုပ်ဆောင်မှု ကြာလာသည့်အခါ ထိုစနစ်အပေါ်တွင် ပျော်ပိုက်လာပြီး အားသာချက်များသည့် သမန်းကြဲခင်း၊ စိုက်ခင်း လုပ်ဆောင်ရန် ဆန္ဒမရှိကြတော့ပါဘူး။(သမန်းကြဲခင်း၊ စိုက်ခင်း မလုပ်လိုသူများကတော့ နည်းမျိုးစုံ အကြောင်းပြကြမှာပါ)

    ယခုအခါ အချို့လယ်သမားများသည်

    ~ မိမိတို့မြေတွင် ရှိနေသော အားနည်းချက်များကို ပြုပြင်မယ်၊ လိုအပ်ချက်များကို ဖြည့်စည်းမယ်။

    ~ ယခင်နှစ်တွေကထက် အထွက်တိုးလာအောင် ပိုကြိုးစားမယ်၊

    ဆိုတာထက်

    မိုးစပါးစိုက်ပျိုးခြင်းအား

    ~ အချိန်ကုန်၊ ငွေကုန်သက်သာအောင်၊

    ~ စပါးမျိုးစေ့ မြေမြန်မြန်ကျရန်၊ လုပ်ဆောင်လာကြပါတယ်။

    ~ တချို့ ကိုယ်ပိုင်ကုန်ထုတ်လမ်း မရှိကြသူများကတော့

    မိမိလယ်နီးနားချင်းများ ထွန်ယက်ပါက မိမိလယ်ကွက်ပါထွန်ယက်ပြီးရန် လုပ်ဆောင်ကြရတာလည်း ရှိကြပါတယ်။

    ~ အချို့စိုက်ခင်းသည် အဝင်အထွက်ကောင်းပါသော်လည်း မျိုးမြန်မြန်ကျ မြန်မြန်ထွန်ပြီးရန်၊

    တို့ကိုသာ အလေးထားလုပ်ဆောင်နေကြသူများလာပြီး မိုးစပါးစိုက်ခြင်းကို အားထည့် လုပ်ဆောင်သူ နည်းပါးလာတာကို တွေ့ရှိလာရပါတယ်။

    ယခင်ကလို ရေနေအောင်၊ ပေါင်းသေအောင်၊ စနစ်တကျ ထွန်ယက်စိုက်ပျိုးမှဖြစ်မယ်ဆိုတဲ့ အတွေးများနေရာတွင်

    အခြောက်ကြဲခင်းလုပ်လျင်၊ ပေါင်းသတ်ဆေးသုံးလျင်၊ အဆင်ပြေနေတာ ပါဘဲလေ ဆိုသည့်အတွေးများ ဝင်လာကြတာက ပျင်းရိစိတ်ကို ပိုမိုဖြစ်စေတယ်လို့ ရှုမြင်ပါတယ်။

    စနစ်တကျမထွန်ယက်ဘဲ အခြောက်ကြဲခင်းလုပ်လို့ မိုးပြတ်ရေပြတ်ဖြစ်တာ၊ ပေါင်းသတ်ဆေးဖြန်းလျင် ရေသွင်းရေထုတ်မလုပ်နိူင်လို့ ပေါင်းမသေတာ ဆိုတာက ဂျာလည်ရိုက်နေတာပါဘဲ။

    လယ်သမား ဆိုသည့်အတိုင်း လယ်ထဲတွင် တလယ်လယ်ဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုလိုစိတ် မရှိတော့ပါဘူး(လည်သမားများသာ ရှိပါတော့တယ် )

    လယ်သမားများ ကြွေးနွံထဲတွင် နစ်သထက် နစ်လာရခြင်းကလည်း လုပ်ကိုင်လိုစိတ်အား လျော့နည်းစေသလို ခေတ်ကာလ အခြေအနေကလည်း စပါးမျိုးစေ့မြေကျ၊ မိမိလယ်ထွန်ယက်ပြီးလျင်ပြီးရော စိတ်တို့ကို ပိုမိုဖြစ်ထွန်းလာစေတာလား လို့ စဉ်းစားမိလာပါတယ်။

    မည်သို့ပင်ဖြစ်စေ မိမိတို့လုပ်ငန်း အဆင်ပြေအောင်တော့ လုပ်ကိုင်နေကြရမှာပါ။

    တောင်သူလယ်သမားများ အနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်များကြောင့် မိုးစပါးကြဲပက်ခြင်းအား ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့

    ဧပြီလကုန် မေလဆန်းသည်နှင့် ကြဲပက်တာမျိုး၊

    မုန်တိုင်းလာမည် မိုးချိန်းရှိသည်ဆိုပြီး ကြဲပက်တာမျိုး၊

    ယခုနှစ်တွင် မလုပ်ဆောင်သင့်ဘဲ အနီးကပ် ရာသီဥတုခန့်မှန်းချက် အား အခြေပြု၍ ကြဲပက်စိုက်ပျိုးပါလို့ အကြံပြုလိုပါတယ်။

    စိုက်ပျိုးသူများအနေဖြင့် ယခင်နှစ်များကလို မျိုးစေ့မြေကျလျင် ပြီးပြီ ငါတာဝန်ပြီးပြီ ဆိုတာမျိုး မလုပ်ဆောင်သင့်တော့ဘဲ အခြောက်ကြဲခင်းအား စတင်ကြဲပက်ပြီးသည်မှစ၍ မိုးမှန်ရေမှန်ဖြစ်သည့် ကာလတိုင်အောင်

    ငါ့ကြဲခင်းက မျိုးစပါးစေ့တွေ ရှိသေးလား ကောင်းသေးလား၊

    စပါးအညှောက် ပေါက်လာပြီလား မပေါက်သေးဘူးလား၊

    အညှောင့် ခြောက်သွားပြီလား၊

    စပါးအပင်မြေစွဲပြီလား၊

    ဆိုတာကအစ မျက်ခြေမပြတ်ကြည့် ရတော့မည့်နှစ် ဖြစ်လာပါပြီ။

    ခါတိုင်းနှစ်ကဲ့သို့ စပါးကြဲပက် ထွန်ယက်ထားပြီး၊ မိုးလာပေါက် ဂျိုးလာကောက် ဆိုပြီး ထား၍မရတော့ဘဲ မိမိစိုက်ခင်းကို မကြာခဏ သွားရောက်ကြည့်ရှု၍ ငှက်၊.ကြွက်၊ စားသွားပြီလား၊ စပါးစေ့များ မှိုတက်ကုန်ပြီလား၊ ပြန်လည်စစ်ဆေးရန်တော့ လိုအပ်နေမှာပါ။

    ဧပြီလကုန်လို့ မိုးတစ်မိုးရွာပြီးလို့ စပါးကြဲပက်မည်ဆိုတာမျိုး မဖြစ်သင့်တော့ဘဲ

    ယခုအချိန်တွင် မိုးစပါးအခြောက်ကြဲခင်း ကြဲပက်သင့်ပြီလား၊ မသင့်သေးဘူးလား ဆိုတာ

    လက်ရှိဖြစ်ပေါ်နေသော

    မြေတွင်းအပူချိန်၊ အစိုဓာတ်။

    ပြင်ပ အပူချိန်၊

    လက်ရှိ မိုးလေဝသအခြေအနေ၊

    ရွာသွန်းခဲ့သည့် မိုးရေချိန်နှင့် အကြိမ်ရေ။

    တို့ကို လေ့လာသုံးသပ်ပြီးမှ မျိုးစပါးအား ကြဲပက်စိုက်ပျိုးသင့်မသင့် ဆုံးဖြတ်ရမှာပါ။

    မြေတွင်းအပူချိန်၊ အစိုဓာတ်၊

    ပြင်ပအပူချိန်၊

    လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်ကြောင့် သာမန်မိုးရွာသွန်းမှုလောက်ဖြင်တော့ မြေတွင်းအပူချိန် မလျော့ကျနိူင်သလို အစိုဓာတ်ကောင်းစွာ ရမနေနိူင်ပါဘူး။

    ဒီတော့ မြေတွင်းအပူချိန် မလျောကျသေးဘဲ မြေအစိုဓာတ်ကောင်းစွာ မရပါသေးဘဲနှင့် မိုးရွာတော့မှာ၊ နောက်မိုးဆက်လောက်ပါရဲ့၊ ဆိုတဲ့ အတွေးနဲ့ မျိုးစပါးအား မကြဲပက်သင့်သေးပါဘူး။

    ကြဲပက်မိလျင်တော့ ကြဲမိသည့်စပါးသည် ထိုမြေတွင်း အပူချိန်ကြောင့် မျိုးစေ့များ ပျက်စီးနိူင်ပြီး စပါးစေ့အား မှိုတက်ခြင်း၊ အညှောက်ပေါက်လာပြီးမှ သေဆုံးခြင်းဖြစ်သွား နိူင်ပါတယ်။

    လက်ရှိ မိုးလေဝသအခြေအနေ၊

    ရွာသွန်းခဲ့သည့် မိုးရေချိန်နှင့် အကြိမ်ရေ။

    တချို့ကတော့ ဘယ်မိုးလေဝသခန့်မှန်းချက်က မိုးရွာမယ်ပြောတယ် ဆိုပြီး မျိုးစပါးကြိုပက်ပြီး ထွန်ယက်ထားတာမျိုး နှင့် မိုးရွာသွန်းပြီး၍ စပါးကြဲပက်တာမျိုး ရှိလာမှာပါ၊

    တော်ရုံ မိုးရွာသွန်းမှုလောက်ဖြင့် မြေတွင်းအပူချိန် လျော့ကျမသွားနိူင်တာကြောင့် ကြဲပက်သူတို့၏ မျိုးစေ့များကို ဖျက်စီးနိူင်ပြီး စပါးစေ့အား မှိုတက်ခြင်း၊ အညှောက်ပေါက်လာပြီးမှ သေဆုံးခြင်းဖြစ်သွား နိူင်သဖြင့် အထူးသတိထားဆင်ခြင်ရမည် ဖြစ်ပါတယ်။

    မိမိအ​​နေဖြင့်တော့ ယခုနှစ် မုတ်သုန်ရာသီလေသည် အမှန်တကယ် စောလျင်စွာ ဝင်ရောက်လျင်ပင် တဆက်တည်း မိုးဆက်ရွာပြီး စပါးစိုက်ပျိုးမှုအတွက် စိတ်ချရမည် အခြေအနေ ရှိနိူင်ပါ့မလား ဆိုတာကို တွေးတောမိ၍ စိုးရိမ်မိပါတယ်။

    ယခုနှစ်ပိုင်းတွင် တောင်သူလယ်သမားများ စိုက်ပျိုးရေးနှင့် ဆက်နွယ်သူများသည် မိုးလေဝသသတင်းများအား စိတ်ဝင်တစား နားထောင်ခြင်း၊ ဖတ်ရှူခြင်းပြုလာကြရာ မိမိတို့ ယုံကြည်အားကိုးမိရာ ပညာရှင်များ၏ ခန့်မှန်းချက်များအား အမြဲတမ်း မှန်ကန်သည်ဟု တထစ်ချ ယုံကြည်လာကြပြီး ထိုသူတို့ ပြောသမျှအား လိုက်နာလုပ်ဆောင်လာကြခြင်း (ယုံကြည်မှုလွန်ကဲခြင်း) က ကောင်းကျိုးသာမက ဆိုးကျိုးကိုလည်း ပေးနိူင်သည် ဆိုတာကို သတိပြုစေလိုပါတယ်။

    မည်သည့်ပညာရှင်မှ အမြဲတမ်း မမှန်ကန်နိူင်သလို ခန့်မှန်းချက်တိုင်းလည်း ရာနှုန်းပြည့် မမှန်ကန်နိူင်ဘူး လို့ မိမိအနေဖြင့် လက်ခံထားပါတယ်၊ ဒါကြောင့် မိမိရေးသားမှုကိုလည်း အမှန်လို့ လက်ခံ၍ မရပါဘူး။

    ယခုမျိုးစပါးကြဲရန် ရည်ရွယ်လုပ်ဆောင်နေကြသူများကတော့ မုတ်သုန်ရာသီလေ အဝင်စောပြီး မိုးဦးစောမည်လို့ ယုံကြည်ပြီး လုပ်ဆောင်လာကြခြင်းပါ။

    တောင်သူလယ်သမားများ သတိပြုရန်မှာ နှစ်စဉ် မေလ လယ်မှ လကုန်ရက်အထိ လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်ပြီး မုန်တိုင်းဝင်ရောက်ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်တတ်ပြီး အချို့နှစ်များတွင် မုတ်သုန်ရာသီလေ နှင့် ဆက်သွားသကဲ့သို့ အချို့နှစ်များတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်နေတတ်ပါတယ်။

    မိမိရေးသားလိုသည်မှာ လာနီညာရာသီဥတု ဖြစ်စဉ်ကြောင့်သော်၎င်း၊ လေဖိအားနည်းရပ်ဝန်းကြောင့်သော်၎င်း မိုးရွာသွန်းမှုသည် မုတ်သုန်ရာသီလေကြောင့် ရွာသွန်းသော မိုးနှင့် တဆက်တည်း ရွာသွန်းသော် ပြဿနာ မရှိ သော်လည်း မိုးပြတ်သွားခဲ့သော အဘယ်သို့ ဖြစ်လာနိူင်မလဲ ဆိုတာကို ကြိုတင်စဉ်းစား သုံးသပ်ရန်ဖြစ်ပါတယ်။

    ယခင်နှစ်များက အခြောက်ကြဲပက်ခြင်းများ လုပ်ဆောင်ထားပြီး မိုးတဆက်တည်း ရွာသွန်းခဲ့ခြင်းများ ရှိ၍ စပါးပင်ဖြစ်ထွန်းမှု အဆင်ပြေခဲ့ကြသလို၊ မိုးတစ်ကြိမ် များများရွာပြီး မိုးပြတ်သွားပြီး နေပူသဖြင့် စပါးစေ့မှိုတက်ခြင်း၊ စပါးအညှောင့်ခြောက်ခြင်းများ ဖြစ်ပေါ်ပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြသည်ကို ကြားဘူး ကြုံဘူးကြမှာပါ။

    မိမိအနေဖြင့် ယခုနှစ်လို မျိုးစပါးစျေးနှင့် ထွန်ယက်ခ ကြီးမြင့်နေသော အချိန်ကာလတွင် စပါးကြဲခင်းအား (၂)ပြန် ကြဲပက်စိုက်ပျိုးရခြင်းမျိုး မဖြစ်ပေါ်စေလိုပါဘူး။

    မိမိအနေဖြင့် ယခုနှစ်အတွက် အကြံပြုလိုတာကတော့

    ယခုနှစ်သည် မိုးရွာသွန်းမှုနည်းပါးပြီး စပါးပင် ပေါက်ရောက်ရှင်သန်ရန် မဖြစ်နိူင်သည့် အခြေအနေများ ရှိနေနိူင်သဖြင့် မိုးစပါးကြဲပက်ခြင်းအား (ထွန်စက် ဝင်လမ်းထွက်လမ်း အဆင်ပြေပါလျင်) မိုးရွာသွန်းပြီး၍ ပေါင်းမြက်စုံလင်သည့် အချိန်တွင် ထွန်ယက် စိုက်ပျိုးပါလို့ ဆိုခြင်ပါတယ်။

    ပေါင်းတစ်ပေါင်း နှိမ်နင်းပြီး ဖြစ်သလို မြေအစိုဓာတ်ကောင်းစွာရရှိခြင်းကြောင့် စပါးအပင်ပေါက်ရှင်သန်ရန်အတွက် ကောင်းမွန်သည့် အခြေအနေရနိူင်မည်ဖြစ်၍ ကြဲပက်ထွန်ယက်သင့်သည့် အချိန်ရောက်မှသာ ထွန်ယက်စေလိုပါတယ်။

    တောင်သူလယ်သမားများ အနေဖြင့် ထွန်ယက်မှုနှင့် ပါတ်သက်၍ အချိန်ကာလ မရွေး၊ မြေမရွေး(အချို့မြေများမှအပ) ထွန်ယက်နိူင်သော ထွန်စက်များ ပေါများသည့် ကာလတွင် မိုးရွာသွန်းမှု၊ မြေအစိုဓာတ်၊ စိတ်ချရသော အချိန်ရောက်မှ သမန်ကြဲခင်း လုပ်ဆောင်ခြင်းသည် အခြောက်ကြဲခင်းလုပ်ဆောင်ခြင်းထက် ပိုမိုကောင်မွန်သည့် နှစ်လို့ဆိုခြင်ပါတယ်။

    မိုးစပါး အခြောက်ကြဲခင်း စိုက်ပျိုးသူများသည် ယခုနှစ်တွင် ယခင်နှစ်များကကဲ့သို့ စိုက်ပျိုးချိန် မျိုးစေ့အမြန်ဆုံး မြေကျပြီး ထွန်တုံးမြန်မြန်ပိတ်ရန်။

    ဆိုသည့် အတွေးများကို ပယ်ဖျောက်ရန် လိုအပ်ပြီး လုပ်သင့်လုပ်ထိုက်သော အချိန်ကာလအား ရွေးချယ်ပြီး စိုက်ပျိုးပါလို့ အကြံပြုလိုပါတယ်။

    တောင်သူလယ်သမားများ အနေဖြင့် အခြောက်ကြဲပက်ခင်းစနစ်ဖြင့် စိုက်လာကြသည်မှာ (၇)နှစ်ကျော်ခဲ့ပြီဖြစ်၍ အခြောက်ကြဲပက် စိုက်ပျိုးခြင်း၏ အားသာချက် အားနဲချက်တို့အား သိသင့်သလောက် သိနေပြီဖြစ်ရာ မိမိ၏မြေသည် ဘယ်အချိန် ဘယ်ကာလမှာ ထွန်ယက်စိုက်ပျိုးသင့်တယ်၊ ဘာလုပ်သင့်တယ်ဆိုတာကို သုံးသပ်နိူင်လောက်ပြီလို့ ယုံကြည်မိပါတယ်။

    သို့ဖြစ်၍ လက်ရှိအချိန်၌ အခြောက်ကြဲပက်စိုက်ပျိုးရန် သင့်တော် မှုရှိမရှိ ဆိုသည်ကို နီးစပ်ရာ ပညာရှင်များ၊ အတွေ့အကြုံရင်ကျက်ပြီး စဉ်းစားတွေးခေါ်မှုရှိသော တောင်သူများနှင့် တိုင်ပင်နှီးနှောခြင်း၊ မိုးလေဝသ သတင်းများအား လေ့လာကြည့်ရှုခြင်းများ ပြု၍ မိုးစပါးစိုက်ပျိုးခြင်း၌ အခြောက်ကြဲပက်ခြင်း လုပ်ငန်းအား လုပ်ဆောင်ကြပါလို့ အကြံပြုအပ်ပါတယ်။

    .

    ချမ်းမြေ့ပါစေ

    ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)

    မင်းလှမြို့

    ပဲခူးတိုင်းဒေသကြီး

    ၃၀.၄.၂၀၂၄

    ဆရာဦးသက်လွင်ရေးသားချက်များကို ပြန်လည်ကူးယူမျှဝေပေးထားခြင်းဖြစ်ပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -




    https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes15comments3
views351views1520