cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးပုစွန်မွေးကန်များတွင် ပျော်ဝင်အောက်စီဂျင်အရေးကြီးပုံ

. ငါးမွေးမြူရေးဆောင်းပါးများ
သာမန်အခြေအနေတွင် လေ နှင့် နေ အစဉ်ထိတွေ့နေသော ရေ အပေါ်ယံလွှာသည် အောက်စီဂျင်ပျော်ဝင်မှု့များပြီး၊ ရေအောက်လွှာတွင် အောက်စီဂျင်ပျော်ဝင်မှု့နည်း ကြောင်းတွေ့ရသည်။
  • ငါးပုစွန်မွေးမြူရေးကန်များတွင် ရာသီဥတုအပြောင်းအလဲဖြစ်ချိန်တွင်လည်းကောင်း၊ မိုးရွာသွန်းချိန် တွင်လည်းကောင်း၊ နှင်းများထူးထပ်စွာကျရောက်နေချိန်တွင်လည်းကောင်း ၊ အထူးသဖြင့် ည(၁၂)နာရီ ကျော်လွန်သောအချိန်တွင်လည်းကောင်း ၊ ကန်အတွင်းတွင် အောက်စီဂျင် ကျတတ်ပါသည်။ ထိုအချိန်တွင် ငါးများသေဆုံးနိုင်ကြောင်းတွေ့ရှိရပါသည်။

    ငါးပုစွန် ရေနေသတ္တဝါများ၏ အသက်ရှင်ရေးအတွက် ရေ၌ ပါဝင်ပျော်ဝင်နေသော အောက်စီဂျင်မှာ အဓိကဖြစ်ပါသည်။ကန်တစ်ခုတွင် ပျော်ဝင်အောက်စီဂျင်အား အဓိကအားဖြင့် လေတွင်ပါဝင်သောအောက်စီ ဂျင်မှ ရေနှင့်တွေ့၍သော်လည်းကောင်း၊ ရေထဲရှိ အပင်မျှောလှေးနှင့် အပင်များမှ နေရောင်ခြည် အကူ အညီဖြင့် အလင်းမှီစု ဖွဲ့ခြင်းပြုလုပ်ရာမှ အောက်စီဂျင်ထွက်ခြင်း (အဓိကပင်ရင်း)ဖြင့်သော်လည်းကောင်း ရေအတွင်းသို့ရောက်ရှိလာသည်။ သို့ရာတွင် အပင်မျှောလှေးနှင့် အပင်များမှ အောက်စီဂျင်အား နေရောင် ခြည်ရရှိသော နေ့အချိန်တွင် လည်းကောင်းတို့ အသုံးပြုသည်ထက် ပို၍ထုတ်ပေးခြင်းဖြင့် ရေတွင်အောက်စီ ဂျင်ရရှိနိုင်သော်လည်း၊ ညအချိန်တွင် နေရောင်ခြည် မရရှိနိုင်သဖြင့် အောက်စီဂျင်မထုတ်လုပ်နိုင်ပါ။ ထို့အပြင် ရေအတွင်းရှိ ငါးများအသက်ရှူခြင်း နှင့် အပင်များအသက်ရှူ တို့ကြောင့် ညအချိန်တွင် ကန်ရေတွင် အောက်စီဂျင် ပိုမိုသုံးစွဲကြပါသည်။ ပုံမှန်အားဖြင့် နံနက်ပိုင်း နေမထွက်ခင် (၆)နာရီ တွင် ပျော်ဝင်အောက်စီဂျင် အနဲ ဆုံးဖြစ်ပြီး၊ ညနေ နေမဝင်မှီ (၁၈)နာရီ (တနည်း)ညနေ(၆)နာရီခန့်တွင် ပျော်ဝင်အောက်စီဂျင် အများဆုံးဖြစ်သည်။ အပင်မျှောလှေး ပွားများမှု့ အနည်းအများနှင့် ကန်ရေအနက်ပေါ် မူတည်၍ လည်းကောင်း အောက်စီ ဂျင်ပျော်ဝင်မှု့ အနည်းအများ ရှိတတ်ပါသည်။ သာမန်အခြေအနေတွင် လေ နှင့် နေ အစဉ်ထိတွေ့နေသော ရေ အပေါ်ယံလွှာသည် အောက်စီဂျင်ပျော်ဝင်မှု့များပြီး၊ ရေအောက်လွှာတွင် အောက်စီဂျင်ပျော်ဝင်မှု့နည်း ကြောင်းတွေ့ရသည်။

    ငါးပုစွန်မွေးမြူရေးကန်များတွင် အောက်ဂျင်ပျော်ဝင်မှု့ အနေဖြင့် (၃) ပီပီအမ် အထက်တွင်အမြဲရှိ ရန်လိုအပ်ပါသည်။ ပျော်ဝင်အောက်စီဂျင် (၃)ပီပီအမ်အောက်ရောက်ရှိပါက ငါးကြီးထွားနှုန်း နှေးပါသည်။ (၁) ပီပီအမ် အောက်ရောက်ရှိပါက ငါးပုစွန်များသေဆုံးနိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes8comments0
views120views1854