cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် စိုက်တောင်သူများအား အကြံပြုချက် 

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ မေလ (၁ဝ)ရက်နေ့မှ (၁၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂ဝ တွင် အချို့မြို့နယ်များတွင် မေလ (၁၁) ရက်နေ့နှင့် (၁၂)ရက်နေ့များတွင် မိုးရွာရန် (၆၂)ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
  • ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ မေလ (၁ဝ)ရက်နေ့မှ (၁၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂ဝ တွင် အချို့မြို့နယ်များတွင် မေလ (၁၁) ရက်နေ့နှင့် (၁၂)ရက်နေ့များတွင် မိုးရွာရန် (၆၂)ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စိုက်ပျိုးရေးအကြံပြုချက် 

    စပါးအခြောက်တိုက်ရိုက်မျိုးစေ့ချစိုက်နည်းစနစ်အား မြန်မာနိုင်ငံတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ၌ စိုက်ပျိုးလေ့ရှိပါ သည်။ စိုက်ပျိုးရေခက်ခဲသော (သို့)အကန့်အသတ်ရှိနေသော ဒေသများ၊ ရေကြီးနစ်မြုပ်ဒေသများ၊ လယ်သီးထပ် စောလျင်စွာ စိုက်ပျိုးလိုသောဒေသများ၊ လုပ်သားအင်အား ခက်ခဲသောဒေသများတွင် အသုံးပြုနိုင်ပြီး စိုက်ပျိုးနည်း စနစ်အား စနစ်တကျလိုက်နာပါက စီးပွားရေးအကျိုးအမြတ်ရရှိနိုင်သော စနစ်တစ်ခု ဖြစ်ပါသည်။  

    စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ 

    လုပ်အားသက်သာစေသည်။ မြေပြုပြင်ခြင်းအတွက် ရေသုံးစွဲမှုလျော့နည်းစေသည်။ ပျိုးနှုတ်ခြင်း၊ ရွှေ့ပြောင်း စိုက် ပျိုးခြင်း၊ လုပ်ငန်းများ လုပ်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်း မပြုလုပ်ရသည့်အတွက် အပင်ထိခိုက်မှုမရှိပါ။ အစောပိုင်း မိုးရွာသွန်းသည့်မိုးရေကို အသုံးပြုစိုက်ပျိုးခြင်းကြောင့် ရိတ် သိမ်းချိန် စောစေပါသည်။၁။စပါးမျိုးရွေးချယ်ခြင်းနှင့်မြေပြုပြင်ခြင်း 

    ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအားကောင်းပြီး၊ အထွက်ကောင်းမျိုးသန့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုး ရပါမည်။ အခြောက်ထယ်ထိုးထွန်မွှေပါ။ ပေါင်းမြက်ကင်းစင်ရန်အတွက် ထယ်ထိုး၍ ထွန်ရေးညက်သည်အထိ ဆောင် ရွက်ပါ။ (၁၀)ပေခြား စိမ့်မြောင်းပတ်မြောင်းပြုလုပ်ပါ။ ကန်သင်းလုံအောင်ပြုလုပ်ပါ။ 

    ၂။မျိုးစေ့ချခြင်း 

    တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၁-၂)တင်း အသုံးပြုရမည်။ မျိုးစေ့ကို မျိုးညှောင့်မဖောက်ဘဲ ကြဲပက်ခြင်း (သို့မဟုတ်) အတန်းလိုက်မျိုးစေ့ချခြင်း ဆောင်ရွက်ပါ။ထွန်ကြောင်းများဖော်ပြီး မျိုးစေ့ချခြင်း ဆောင်ရွက်ပါက အတန်း လိုက်ဖြစ်၍ ပေါင်းနှိမ်နင်းရန် လွယ်ကူပါသည်။ မျိုးစေ့ချရာတွင် လက်ဖြင့်ဖြစ်စေ (သို့မဟုတ်) စက်ဖြင့်ဖြစ်စေ ဆောင်ရွက်ပါ။ ကြွက်၊ငှက်တိရိစ္ဆာန်များ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အစေ့ချပြီးနောက် မြေကိုလုံအောင်ဖုံးအုပ်ပါ။ မျိုးစေ့ချပြီးနောက် မိုးသည်းထန်စွာရွာသွန်းပါကအပင်ပေါက်နှုန်း ထိခိုက်နိုင်ပါသည်။ အပင်ပေါက်ပြီးနောက် တစ်လ အတွင်း ကောက်ပင်ဖာခြင်း ဆောင်ရွက်နိုင်ရန် အရန်ပျိုးထောင်ထားရန် လိုအပ်ပါသည်။၃။မြေဩဇာကျွေးခြင်း 

    နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ် သုံးစွဲပါ။ ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံ မထွက်မီ(၅)ရက်အလိုတွင် အိတ်ဝက်စီ (တစ်အိတ်/ဧကနှုန်း)ထည့်သွင်းပါ။ မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာ တစ်ဧက တစ်စိတ်(၁/၄အိတ်)/ဧကနှုန်း ထည့်သွင်းပေးပါ။ မြေဆီလွှာဓါတ်ခွဲခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံ ချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်းအသုံးပြုသင့်ပါသည်။ 

    ၄။ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း 

    အပင်ပေါက်ပြီးနောက် (၂)ပတ်အတွင်း အပင်ငယ်များ ရေမမြုပ်စေရန် သတိပြုရမည်။ ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်း ရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက် (၂၀-၂၅)ရက်အတွင်း ရေထုတ်ပေးရပါမည်။ ပေါင်းမြက်ထူထပ်ပါက စပါး အထွက်နှုန်းကို ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ မြေကိုကောင်းစွာ ပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအားနှိမ်နင်းနိုင်သည်။ အစိုစိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက ပေါင်းပေါက်ရောက်မှုများနိုင်၍ ပေါင်းနှိမ်နင်းခြင်းကို လက်ဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေးဖြန်းခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပါ။ ပေါင်းပင် အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာ အသုံးပြုပါ။ 

    ၅။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း 

    ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှုရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင် ရှင်းလင်းပါ။ ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် စိုက်ခင်း၏ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ် များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကပစ္စည်းများအသုံးပြုခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်သင့်ပါသည်။၆။ ရိတ်သိမ်းခြင်း 

    စပါးနှံ၏ (၈၀-၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံး နည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည် မျိုးအတွက်(၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက် (၁၄)ရာခိုင်နှုန်း လိုအပ်ပါသည်။ 

    Source DOA 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes2comments0
views1334views1677