cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ချဉ်ပေါင်ပင်စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ကျေးလက်တောရွာများတွင် ချဉ်ပေါင်ကို တခူးလမှ ဝါဆိုလ အတွင်း ၊ သီတင်းကျွတ်လမှ ဝါဆိုလအတွင်း စိုက်ပျိုးလေ့ရှိကြသည်။
  • ချဉ်ပေါင်ပင်သည် ဟင်းရွက် အမျိုးအစားတွင် ပါဝင်သည်။ ချဉ်ပေါင်ကို ဟင်းချက်၍ သော်လည်းကောင်း ၊ ကြော်၍ သော်လည်းကောင်း စားသုံးကြသည်။ ထိုသို့ ချက်ပြုတ် ကြော်လှော်ရာတွင် ချဉ်ပေါင်၏ အရသာ ဖြစ်သော အချဉ်ဓာတ်မှာ စူးလှသည့်အတွက် ငါး ၊ ပုစွန် ၊ အသားတို့ကို ဟင်းခတ်အဖြစ် ပြုကြ၏။ ငပိစိမ်းစား၊ ငပိရည်တို့ကို ကူစွက်ကြ၏။

    ချဉ်ပေါင်ကို အဓိက အားဖြင့် ဘိလပ်ချဉ်ပေါင် (ခေါ်) ချဉ်ပေါင်နီ (Roselle) နှင့် ချဉ်ပေါင်ကြီး (ခေါ်) ချဉ်ပေါင်လျှော် (ခေါ်) ချဉ်ပေါင်ဖြူ ( Deccanhemp ) ဟူ၍ နှစ်မျိုးရှိပေသည်။ ထို့ အပြင် စားရန်မဟုတ် ၊ အလှသက်သက် စိုက်ပျိုးသော ပန်းချဉ်ပေါင် ဟူ၍လည်း ရှိပေသေး၏။

    ကျေးလက်တောရွာများတွင် ချဉ်ပေါင်ကို တခူးလမှ ဝါဆိုလ အတွင်း ၊ သီတင်းကျွတ်လမှ ဝါဆိုလအတွင်း စိုက်ပျိုးလေ့ရှိကြသည်။

    ချဉ်ပေါင်စိုက်ပျိုးတော့မည်ဆိုလျှင် ထယ်ထိုး ၊ ထယ်မွှေသော မြေတွင် တစ်တန်းနှင့်တစ်တန်း နှစ်ပေစီခန့်ခွာ၍ ၊ တစ်စေ့နှင့် တစ်စေ့ ၄ လက်မခန့်ခွာ၍ အစေ့ချကာ စိုက်ပျိုးနိုင်ပါသည်။ သို့မဟုတ် ၃ ပေအကွာ ခွာထားသော စိုက်ဘောင်များ ပြုလုပ်၍ ဘောင်ပေါ်တွင် တစ်ကျင်းနှင့် တစ်ကျင်း တစ်ပေစီမျှ ခွာထားပြီး တစ်ကျင်းလျှင် အစေ့ ၄ ၊ ၅ စေ့ခန့် မျိုးစေ့ချကာ စိုက်ပျိုးရ ပေမည်။ အသန်မာဆုံး တစ်ပင်နှစ်ပင်စီ ချန်၍ လည်း စိုက်ပျိုးနိုင်ပါသည်။ ထိုနည်းသည် ညှပ်ချဉ်ပေါင် စိုက်နည်းဖြစ်ပါသည်။ မျိုးစေ့များ ရပြီးသည့် အခါဝယ် ရေနိုင်အောင် လောင်းပေးဖို့လိုပါသည်။

    အချို့က တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးရာမှ အပင် ကြပ်ညှပ်နေလျှင် အသန်မာဆုံး အပင်ကို ချန်၍ ကျန်အပင်တို့ကို နှုတ်ပါ။ သို့ဖြင့် နှုတ်ချဉ်ပေါင်တို့အား အလျားပေ ၂၀ မှ ၃၀ ၊အနံ ၄ ပေမှ ၅ ပေ ၊ အမြင့် ၄ လက်မမှ ၆ လက်မရှိသော စိုက်ဘောင်များရအောင် ပြုလုပ်ပြီး စိုက်ဘောင်တစ်ခုလျှင် မြေဆွေး ( သို့) နွားချေးဆွေး နှစ်တင်းခန့်တို့အား စိုက်မြေ နှင့် သမအောင် ထွန်ခြစ် (သို့) ပေါက်ပြားဖြင့် ဆွကာ ရောမွှေ ပေးရသည်။

    ထို့နောက် တစ်တန်းနှင့် တစ်တန်း ၃ လက်မ ၊ ၄ လက်မ အကွာ စိုက်ကြောင်းများကို စိုက်ဘောင်၏ ကန့်လန့်ဖြတ် အဖြစ်ဖော်ရမည်။ မျိုးစေ့များကို စိုက်ကြောင်းများတွင် ကြွက်မြီးတန်းချ၍ စိုက်ပျိုးပြီးလျှင် ၃ ရက်ခန့်ကြာသော အခါ အပင်ပေါက်လာသည်။ စိုက်ပျိုးစဉ် မြေကြီးတွင် မီးဖိုပြာ ထည့်ပေးပါက ကောင်း၏။ စိုက်မြေ သည် သဲဆန်ပါက ရေမှန်မှန် လောင်းပေးရမည်။ ပေါင်းပင်များကို ရှင်းလင်းပေးရမည်။ ၂၅ ရက်သားမျှ ရောက်လျင် နှုတ်ယူနိုင်သော အခြေနေသို့ ရောက်ရှိပေမည်။ ထို အခြေနေမှာ ဝယ်ယူစားသုံးသူတို့ အကြိုက်ဖြစ်သည်။

    ထို့သို့ မဟုတ်ပါကလည်း ဆက်လက်ထားနိုင်ပါသည်။ အချို့က အပင်လိုက်နှုတ်၍ အနေတော် အရွယ်စီးကာ ရောင်းချသည်။ အချို့ကလည်း ကိုင်းဖြတ်၍ ယပ်တောင်ပုံဏ္ဍန် လှပစွာ ချည်နှောင်ရောင်းချ ကြသည်။ ကိုင်းကို ဖြတ်၍ ညှပ်၍ ရောင်းချသော အပင်အား ထပ်မံ၍ အတက်များ၊ အရွက်များ ထွက်လာစေရန်အတွက် ချဉ်ပေါင်ခင်းအား မိုးမရွာ သွန်းပါက ရေမှန်မှန်လောင်းပေးရမည်။ ရေမှန်မှန် သွင်းပေးရမည်။ လုံလောက်သော မြေဆီသြဇာတို့ ကျွေးပေးရမည်။

    ချဉ်ပေါင်သည် တစ်ဆယ့်နှစ်ရာသီပတ်လုံး စိုက်ပျိုးနိုင်သော ဟင်းရွက် အမျိုးအစားဖြစ်သည်။ မြေလွတ်မြေရိုင်း ရှိပါက မြေကို ပြုပြင်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သကဲ့သို့ စီးပွားဖြစ်လဲ စိုက်ပျိုးနိုင်သည်။ ချဉ်ပေါင်သည် သူ့သက်တမ်း ကုန် ပါက အသီး များ သီးလာပါသည်။

    အနေတော် အသီးများကို ခူးဆွတ်၍ ချဉ်ပေါင်ယို ထိုးစားနိုင်သည်။ မျိုး အဖြစ်ထားလိုပါက ရင့်ပြီးဖြစ်သော အသီးများကို အညှာမှ ဖြတ်ကာ နေပူလှန်းပေးပါ ။ ခြောက်သွေ့လာသည့်အခါ အသီးများ ကွဲအက်လာ ပြီး အသီး မြောင်းအတွင်းမှ အစေ့များ ထွက်လာသည်။ ထိုအစေ့များကို လေလုံခြောက်သွေ့သော ဖန်ပုလင်းထဲသို့ ထည့်ကာ သိမ်းဆည်းထားနိုင်ပါသည်။ မိုးကျလျှင်စိုက်ပျိုးနိုင်ပါသည်။

    ချဉ်ပေါင်၏ မူရင်းဒေသသည် အိန္ဒိယနှင့် အရှေ့တောင်အာရှ မှဖြစ်၏။

    မျိုးရင်းမှာ Malvaceae ဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Hisibiscus subdariffa ဘိလပ်ချဉ်ပေါင် (ခေါ်) ချဉ်ပေါင်နီ ။ H. cannabinus ချဉ်ပေါင်ကြီး ဖြစ်သည်။

    အင်္ဂလိပ်အမည်မှာ မူ Roselle and Deccan hemp ဖြစ်သည်။

    Source- ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views188views2147