cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧည့်မထဆန်(ဟောင်း)နှင့် ဆန်ကွဲဈေးမြင့်တက်၊ ဧည့်မထဆန်(သစ်)နှင့် ဖွဲနုဈေး အနည်းငယ်ကျဆင်းလာ

. ဈေးကွက်
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်နှင့် ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်တို့ ဈေးမြင့်တက်
  • ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၃.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်) တစ်အိတ်လျှင် (၇၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၀.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၉၀၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ်လျှင် (၇၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်နှင့် ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်တို့ ဈေးမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် (၅၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၅၀ဝိ/-)ကျပ် ဈေးကျဆင်းခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန်ဈေးအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ဆန်ကွဲဈေးမြင့်တက်သွားခြင်း မှာ ဝယ်လိုအားများလာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်)နှင့် ဖွဲနုဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူး ကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

    (၁၀.၅.၂၀၂၄ ရက်နေ့စျေးနှုန်းများ၏ သုံးသပ်ချက်)

    ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

    Source: https://myantrade.gov.mm/article/bago%2010.5.2024%201035

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views163views1935