cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်း ပင်စည်ထိုးပိုး

. စိုက်ပျိုးနည်းစနစ်များ
ဖျက်ဆီးမှု လက္ခဏာအနေဖြင့် ပင်စည် (သို့) အဖူးများတွင် သေးငယ်ပြီး အနက်ရောင်ရှိသော အပေါက်များအား တွေ့ရှိနိုင် သည်။ ၄င်းအပေါက်များအနားတွင် ပိုးချေးများကိုလည်း တွေ့ရှိနိုင်သည်။
  • Asian corn borer

    Ostrinia furnacalis Guenee, 1854

    Lepidoptera: Crambidae

    လက်ခံပင်

    ပြောင်း၊ ဂျင်း၊ နှံစားပြောင်း၊ ကြံ၊ ဝါ၊ ငရုတ်ပွ

    ပျံ့နှံ့တည်ရှိမှု

    အာရှ၊ အရှေ့တောင်အာရှ

    ဘဝစက်ဝန်း

    ဥမြုံတစ်ခုတွင် (၂၅-၅၀) ခန့်ပါသော ဥမြုံများအား အပင်၏အခြေနှင့် အရွက်များအောက်တွင် တွေ့ရှိနိုင်သည်။ ဥများသည် အဖြူရောင်ဖြစ်ပြီး လောက်ကောင်အဖြစ်သို့မရောက်ရှိခင်တွင် အမဲရောင်သို့ ပြောင်းသွားသည်။ (၃-၄) ရက်ခန့်အကြာတွင် လောက်ကောင်အဆင့်သို့ရောက်ရှိသည်။ လောက်ကောင်အဆင့် (၆) ဆင့်ရှိပြီး ပထမအဆင့်လောက်ကောင်သည် ပန်းရောင်ကိုယ်ထည်ဖြစ်ပြီး ဦးခေါင်းသည် အနက်ရောင် ဖြစ်သည်။ နောက်ပိုင်းအဆင့်လောက်ကောင်သည် ဝါညိုရောင်ဖြစ်သည်။ ရက်သတ္တပါတ် (၃-၄) ပတ်အကြာတွင် ရုပ်ဖုံးအဆင့်သို့ ပြောင်းသွားသည်။ ထို့နောက် အကောင်ကြီးအဆင့်သို့ မရောက်မီ (၆-၉)ရက်ကြာ ပိုးတုံးလုံး အနေဖြင့် မြေကြီး (သို့) အပင်၏ပင်စည်ထဲတွင် နေထိုင်သည်။ အကောင်ကြီးအမသည် အဝါဖျော့ရောင်ဖြစ်ပြီး အတောင်ပံတွင် ကန့်လတ်ဖြတ် အနက်ရောင်လှိုင်းအစင်းများပါရှိသည်။ ဖလံအမသည် အထီးထက်ပို၍ အရွယ် ကြီးမားသည်။ ဖလံအထီး၏ဝမ်းဗိုက်ပိုင်းသည် ချွန်ပြီး အမကဲ့သို့ အတောင်ပံများတွင် အစင်းများပါရှိသည်။ ဖလံ အကောင်ကြီးသည် ရက်ပေါင်း (၁၀-၂၄) ရက်ကြာနေထိုင်နိုင်သည်။ ဖလံအမတစ်ကောင်သည် ၄င်း၏သက်တမ်း အတွင်းတွင် ဥပေါင်း (၁၅၀၀)ခန့်ထိ ဥဥနိုင်သည်။ ဖလံများသည် ညဘက်တွင်ထွက်လေ့ရှိပြီး တစ်ညအတွင်း မိုင်ပေါင်းများစွာ ပျံသန်းနိုင်ကြသည်။

    ဖျက်ဆီးမှုလက္ခဏာ

    လောက်ကောင်သည် ပြောင်းပင်၏အပင်အစိတ်အပိုင်းအားလုံးအားတိုက်ခိုက်သည်။ ပြောင်းပင်မျိုးမွား သည့်အဆင့်တွင် တိုက်ခိုက်ခံရပါက အထွက်နှုန်းအား များစွာလျော့နည်းစေသည်။ လောက်ကောင်များသည် ပြောင်းဖူးအဖူးအား ထိုး‌ဖောက်ပြီး ဆံမြိတ်နှင့်ပြောင်းဖူးစေ့များပေါ်တွင် စားသောက်ကြသည်။ အရွက်များပေါ် တွင် စားသောက်ဖျက်ဆီးပါက သေးငယ်၍ စက်ဝိုင်းပုံအပေါက်များအား တွေ့ရှိနိုင်သည်။ ပြောင်းပင်စည် ရိုးတံ သည် နောက်ဆုံးအဆင့်လောက်ကောင်များ အများဆုံးစားသောက် ဖျက်ဆီးရာနေရာဖြစ်သည်။ ဖျက်ဆီးမှု လက္ခဏာအနေဖြင့် ပင်စည် (သို့) အဖူးများတွင် သေးငယ်ပြီး အနက်ရောင်ရှိသော အပေါက်များအား တွေ့ရှိနိုင် သည်။ ၄င်းအပေါက်များအနားတွင် ပိုးချေးများကိုလည်း တွေ့ရှိနိုင်သည်။ လောက်ကောက် စားသောက်ဖျက်ဆီး ရာအပေါက်များအပေါ်ဘက်ရှိ ပင်စည်နှင့်အရွက်များသည် ညှိုးနေသည်ကိုလည်း တွေ့ရှိနိုင်သည်။ ၄င်းဖျက်ပိုး ကျရောက်ဖျက်ဆီးပါက အထွက်နှုန်းကိုလည်း (၂၀-၈၀%) ခန့် ဆုံးရှုံးနိုင်သည်။

    ကာကွယ်နှိမ်နင်းနည်းများ

    ၁။ စိုက်ချိန်စော၍ စိုက်ပျိုးခြင်း။

    ၂။ ပေါင်းမြက်များအား ရှင်းလင်းခြင်း။

    ၃။ ခံနိုင်ရည်ရှိသောမျိုးများကို စိုက်ပျိုးခြင်း။

    ၄။ မြေဩဇာမျှတစွာ အသုံးပြုခြင်း။

    ၅။ ရိုးပြတ်များ၊ ပင်ကြွင်းပင်ကျန်များအား မီးရှို့ဖျက်ဆီးခြင်း။

    ၆။ သီးလှည့်စိုက်ပျိုးခြင်း။

    ၇။ ဖျက်ပိုးကျရောက်နေသော ပြောင်းပင်အမြိတ်များအား ဖယ်ရှားပစ်ခြင်းဖြင့် စားသောက်ဖျက်ဆီးနေသော လောက်ကောင်များကိုပါ အပင်မှ ဖယ်ရှားပေးခြင်း။

    ၈။ ပိုးသတ်ဆေးဖြင့်ကာကွယ်နှိမ်နင်းလိုပါက ဆေးအဆိပ် - အီမာမက်တင်ဘန်ဇိုအိတ်, စပီနိုဆတ်စသည့် ဆေးများအား ဆေးဘူးပါအညွှန်းအတိုင်းစနစ်တကျလိုက်နာ၍ ပက်ဖျန်းအသုံးပြုကာကွယ်ပါ။ (ပင်စည်အတွင်း သို့ ပိုးကောင်မဝင်ရောက်ခင် ပက်ဖျန်းအသုံးပြုပါက ပို၍ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။)

    ၉။ ဥကပ်ပါးနဂျီဖြစ်သည့် Trichogramma sp. အား ကွင်းထဲသို့ လွှတ်‌ပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းခြင်း။

    ထွက်တိုး

    References:

    https://www.inaturalist.org/taxa/490172-Ostrinia-furnacalis

    https://plantwiseplusknowledgebank.org/.../PWKB.Species...

    https://apps.lucidcentral.org/.../maize_asian_corn_borer...

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views256views1512