cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"ပညာလဲရ ဖုန်းဘေလဲရ အစီအစဥ်(၁၇)” မှ ကံထူးသူများ🤗🤗

. ငါးဉာဏ်စမ်း
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုး အမေး၊အဖြေကဏ္ဍတွင် post တင်၍ ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။
  • ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကို နားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ် (ရှ်) (WorldFish) နှင့်အပြည်ပြည်ဆိုင်ရာရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။

    ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -

    ရေကြည်တိုင်းကိရိယာအဖြူအမည်းစက်ဝိုင်းကိုရေအနက်တွင်မြင်နိုင်သည့် အတိုင်းအတာ နှင့် မမြင်နိုင်သည့် ရေအနက် အတိုင်းအတာ ရေအနက်ကွာခြားမှုကိုတွက်ခြင်းဖြစ်ပါသည်။ အကွာအဝေး အတိုင်းအတာ ရရှိလာပါက အောက် ပါ အတိုင်း ဆုံးဖြတ်နိုင်ပါတယ်။

    ၂၀-၄၀ စင်တီမီတာအတွင်းမြင်တွေ့လျင် ကန်တွင်မျှောလှေး (Plankton) များအလွန်သိပ် သည်း စွာရှိနေသည်။ ညပိုင်း အပင်စာချက်မှုမရှိသာအချိန်တွင် မျှောလှေးများ အသက်ရှူရန် အောက်ဆီဂျင် များစွာအသုံးပြုသည်။ ထိုအချိန်တွင် ငါးများအတွင် အန္တရာယ်ရှိသည်။

    ၄၀-၆၀ စင်တီမီတာအတွင်းမြင်တွေ့လျင်အကောင်းဆုံးဖြစ်သည်။မျှောလှေး (Plankton) များ လုံလောက်စွာရှိသဖြင့် ငါးထုတ်လုပ်မှုကောင်းသည်။

    ၆၀ စင်တီမီတာ အထက်ရေကြည်လျင်ကန်ရေတွင် မျှောလှေး (Plankton) အလွန်နည်းသည်။ ငါးများအတွက် သဘာဝအစာ လုံလောက်မှု မရှိပါ။

    ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။

    ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုး အမေး၊အဖြေကဏ္ဍတွင် post တင်၍ ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့

    ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes11comments0
views67views2435