cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါင်းပင်များကို စိုက်ပျိုးနည်းလမ်းများဖြင့်ကာကွယ်ခြင်း

. ပေါင်းမြက်
ပျိုးပင်မြင့်တက်လာသည်နှင့်အမျှ အပင်အမြင့် ၅၀ % (သို့မဟုတ်) တစ်ဝက်ခန့်ကိုရေလွှမ်းပေးခြင်းဖြင့် ပေါင်းပင်များ၏ကြီးထွားမှုကိုလျော့နည်းစေပါသည်။
  • (က) မြေပြုပြင်ခြင်း

    ထယ်နက်နက်ထိုးခြင်း၊ သမန်းရအောင်မြေပြင်ခြင်း၊ မြက်ခေါင်းကုန်စင်အောင်ကောက်ခြင်း၊ ထွန်ဝင်ခြင်းလုပ်ငန်းများကို အချိန်မီဆောင်ရွက်ခြင်း၊ မြေပြင်ပြီးနောက် ၁-၂ ပတ်အတွင်းပေါင်များကို အပေါက်ခံပြီး ကိရိယာ(သို့မဟုတ်) လူ (သို့မဟုတ်) ပေါင်းသတ်ဆေးသုံး၍လည်းနှိမ်နင်းနိုင်ပါသည်။

    ပေါင်းစေ့များသည် အများအားဖြင့်သီးနှံစေ့ထက်ငယ်ပြီးမြေမျက်နှာပြင်အထက်ကပ်လျက် ပေါက်တတ်သောကြောင့်အပင်ခြောက်၊ အပင်စွန့်ပစ်ပစ္စည်းနှင့်အမဲရောင်ပလက်စတစ်တို့ဖြင့် ဖုံးအုပ်ပေးခြင်း (သို့မဟုတ်) ရေလွှမ်းပေးခြင်းဖြင့်ပေါင်းစေ့များမပေါက်အောင်ဆောင်ရွက်နိုင်ပါသည်။

    (ခ) စိုက်နည်းစနစ်

    စပါးတွင်ပျိုးထောင်ကောက်စိုက်နည်းသည် အစို၊အခြောက်တိုက်ရိုက်အစေ့ချနည်းထက်ပေါင်းကို ပိုမိုနှိမ်နင်းနိုင်သည်။ ပင်ကြားတန်းကြားစိပ်စိပ်စိုက်ခြင်းသည် ကျဲကျဲစိုက်ခြင်းထက် ပေါင်းကို ပိုမိုနှိမ်နင်းနိုင်သည်။ မျိုးစေ့နှုန်းများများစိုက်ခြင်းသည် မျိုးစေ့နှုန်းနည်နည်းစိုက်ခြင်းထက် ပေါင်းကိုပိုမိုနှိမ်နင်းနိုင်သည်။ သို့သော်လည်း စိပ်လွန်းလျှင် ပိုးမွှားရောဂါပွားများမှုကိုအားပေးသည်။

    (ဂ) မျိုးရွေးချယ်ခြင်း

    တို၍ထောင်မတ်သောအရွက်ရှိသည့်ခေတ်မီမျိုးများထက် ပင်ပိုင်းကြီးထွားမှုစောသောမျိုးများသည် ပေါင်းပင်ကိုပို၍ယှဥ်ပြိုင်နိုင်သည်။

    (ဃ) ရေသွင်း/ ရေထုတ်

    ပေါင်းစေ့များ မျိုးညှောင့်မပေါက်မီ(သို့မဟုတ်) မြေပေါ်သို့မထွက်မီ ရေသွင်းခြင်းနည်းဖြင့် ပေါင်းများမထနိုင်ဘဲဖြစ်သွားသည်။ ပျိုးပင်မြင့်တက်လာသည်နှင့်အမျှ အပင်အမြင့် ၅၀ % (သို့မဟုတ်) တစ်ဝက်ခန့်ကိုရေလွှမ်းပေးခြင်းဖြင့် ပေါင်းပင်များ၏ကြီးထွားမှုကိုလျော့နည်းစေပါသည်။

    (င) မြေသြဇာကျွေးခြင်း

    နိုက်ထရိုဂျင်မြေသြဇာများကို မြေခံအဖြစ်လွန်ကဲစွာအသုံးပြုခြင်းသည် ပေါင်းပင်ကြီးထွားခြင်းကို အားပေးပြီး ပေါင်းပင်၏ယှဥ်ပြိုင်ခြင်းကိုပိုများလာစေသည်။ နိုက်ထရိုဂျင်ကိုသုံးစွဲရာတွင် မြေခံအဖြစ်နှုန်းထားအနည်းငယ်သာထည့်၍ ကျန်မြေသြဇာများကိုသီးနှံအလိုအပ်ဆုံးအချိန်များတွင် အကြိမ်ကြိမ်ခွဲသုံးခြင်းသည် ပေါင်းပင်၏ယှဥ်ပြိုင်နှုန်းကိုလျော့နည်းစေသည်။

    (စ) သီးလှည့်စိုက်ခြင်း

    သီးလှည့်စိုက်ခြင်းဖြင့် ပေါင်းပင်၏ဘဝစက်ဝန်းကိုဖြတ်တောက်နိုင်ပြီး ပေါင်းမျိုးစိတ်တစ်မျိုးတည်း ဆက်တိုက်ပေါက်ခြင်းကိုကာကွယ်နိုင်သည်။ (ဥပမာ- စပါး၊ ပဲမျိုးစုံ၊ စပါး)

    Source: သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes10comments2
views181views2183