cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးသီးနှံနှင့် ပေါင်းမြက်ပြဿနာ

. ပေါင်းမြက်
“လယ်စပါးကို ပေါင်းမြက်အုပ်စုသုံးမျိုးလုံးက ဖျက်ဆီးတာပါ။ မြက်မျိုးအုပ်စု၊ မုန်ညင်းမျိုးအုပ်စုနဲ့ ရွက်ပြန့်မျိုးအုပ်စုတို့ဖြစ်ပါတယ်”ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုလယ်စပါးနှင့် ယာစပါးနှစ်မျိုးအနက် ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုအများဆုံးက ယာစပါးတွင်ဖြစ်သည်။ လယ်စပါးဖြစ်သော်လည်းတိုက်ရိုက် မျိုးစေ့ချလျှင် ပျိုးထောင်စိုက်ထက် ပိုမိုဆုံးရှုံးနိုင်သည်။ တံစဉ်တောင် လွတ်နိုင်သည်လို့ သိရှိထားပါသည်။
  • တိုးတက်ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စပါးသည် မရှိမဖြစ်စိုက်ပျိုးရန်လိုအပ်သော သီးနှံတစ်မျိုးဖြစ်သည်။ အပူပိုင်းဒေသတွင် စပါးကို လူဦးရေနည်းသည့် အိမ်ထောင်စုပိုင် လယ်ယာမြေများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည်။ ပိုင်ဆိုင်မှုကလည်းအိမ်ထောင်စုတစ်စုတွင် ၁၀ ဧကထက်ပင် နည်းနေသေးသည်ဟု သိရသည်။ စပါးမစိုက်လို့မဖြစ်ပါ။ ကျေးလက်ဒေသ၏ အရေးပါသော အလုပ်အကိုင်၊ အခွင့်အလမ်း တစ်ခုဖြစ်လို့ပါ။ အဟန့်အတားတော့ ရှိသည်။

    နှစ်စဉ် အဓိကကြုံတွေ့ရင်ဆိုင်နေရသည်ကအခြားမဟုတ်၊ ပေါင်းမြက်ပြဿနာပင် ဖြစ်ပါသည်။ စပါးစိုက်ရာ ရေ၊ မြေ သဘာ၀ စပါးက ထူးခြားသော သီးနှံတစ်မျိုးဖြစ်သည်။

    နေရာမရွေး စိုက်ကြသည်။ မိုးရေသောက်၊ ရေတော်မိုးတော် လယ်မြေများတွင် စိုက်သည်။ ဆည်ရေသောက် လယ်မြေမှာလည်းစိုက်သည်။ မိုးများ၊ ရေလွှမ်းဒေသမှာလည်း လက်မလွတ်တမ်း စိုက်သေးသည်။ မိုးရေသောက်၊ မိုးနည်းသော၊ သွင်းရေလည်း မရနိုင်သော ယာမြေမျိုးမှာလည်း ကန်သင်းကန့်စရာမလို စပါးစိုက်သည်။ အာရှဒေသတစ်ခွင် ယခုကဲ့သို့တောင်ပေါ်မြေပြန့် စပါးစိုက်ပျိုးလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။

    ယာစပါးနှင့် ပေါင်းမြက်

    ယာစပါးဆိုတာ လယ်မြေမဟုတ်သော ယာမြေတွင် စိုက်ခြင်းကိုခေါ်နိုင်သည်။ ယာမြေတွင် မြေလတ်ဒေသကုန်းမြေ၊ တောင်ပေါ်ဒေသကုန်းမြင့်မြေ၊ တောင်ကုန်းတောင်စောင်းမြေအားလုံး ပါဝင်မည်။ ခြုံ၍ပြောရလျှင် ကန်သင်းမကန့်ဘဲစိုက်သော စပါးများကိုယာစပါးဟု ခေါ်နိုင်မည်။ စိုက်နည်းစနစ်မှာ ကြဲပက်၊ အတန်းလိုက်၊ စူးထိုးစသည်ဖြင့် အားလုံးတိုက်ရိုက်မျိုးစေ့ချခြင်းဖြစ်သည်။

    ပေါက်ရောက်လာသော ပေါင်းမြက်ပင်များကို လက်ဖြင့်နုတ်ပစ်သည်။ ပေါက်ပြားဖြင့် ပေါက်ပစ်သည်။ အခြား စပါးစိုက် နည်းစနစ်များနှင့် နှိုင်းယှဉ်လျှင် ယာစပါးမှာ ပေါင်းမြက်ပြဿနာ အဆိုးဆုံးဟု ပြောချင်သည်။ “ယာစပါးခင်းတွေမှာ အများဆုံးပေါက်ရောက်လေ့ရှိတဲ့ ပေါင်းပင်တွေကတော့ မြက်မျိုးအုပ်စုဝင် ပေါင်းပင်များနဲ့ရွက်ပြန့်အုပ်စုဝင် ပေါင်းပင်များ ဖြစ်ပါတယ်”လို့ တစ်ခါက အပြည်ပြည်ဆိုင်ရာ စပါးပေါင်းမြက် သုတေသန ပညာရှင် တစ်ဦးပြောတာ မှတ်မိနေသေးသည်။

    လယ်စပါးနှင့် ပေါင်းမြက်

    လယ်စပါးက လယ်မြေမှာ ရေရှိသော အခြေအနေတွင် စိုက်ခြင်းဖြစ်သည်။ လယ်မှာ ကန်သင်းရှိသည်။ မိုးပဲရွာရွာ၊ သွင်းရေပဲရရစပါးခင်းမှာ ရေကို ထိန်းထားနိုင်အောင်ကန်သင်းကန့်ထားသည်။ တမန်းပြင်သည်။ ကျမ်းရိုက်သည်။ စပါးစိုက်သည်။ ပျိုးထောင်၊ကောက်စိုက်တာရှိသည်။ တိုက်ရိုက်မျိုးစေ့ချစိုက်တာလည်း ရှိသည်။ စိုက်နည်းစနစ်နှစ်မျိုးလုံး အသုံးပြုသည်။

    တိုက်ရိုက်မျိုးစေ့ချ

    စိုက်လျှင်တော့ စပါးပင်နှင့် ပေါင်းမြက်ပင် တစ်ပြိုင်တည်းပေါက်လာရန် အခွင့်အလမ်းဖြစ်သွားတော့သည်။ လယ်မှာ ရေရှိတာကောင်းသည်။ ရေရှိလျှင် ပေါင်းမြက်မျိုးနွယ် တော်တော်များများ အပင်ပေါက်မလာနိုင်ပါ။ တမန်းပြင်တာ မကောင်း၊ ကျမ်းရိုက်မြေညှိတာလည်း မကောင်းလျှင်တော့ မိုးရေသောက်လယ်မြေပဲဖြစ်ဖြစ်၊ ဆည်ရေသောက် လယ်မြေပဲဖြစ်ဖြစ် ပေါင်းမြက်ပေါက်ရောက်ကြီးထွားလာနိုင်သည်။ လယ်စပါးနှင့်ပတ်သက်၍ ပေါက်ရောက်လေ့ရှိသော ပေါင်းမြက်တို့ကို သုတေသနပညာရှင်တစ်ဦးက ပြောပြဖူးသည်။

    “လယ်စပါးကို ပေါင်းမြက်အုပ်စုသုံးမျိုးလုံးက ဖျက်ဆီးတာပါ။ မြက်မျိုးအုပ်စု၊ မုန်ညင်းမျိုးအုပ်စုနဲ့ ရွက်ပြန့်မျိုးအုပ်စုတို့ဖြစ်ပါတယ်”ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုလယ်စပါးနှင့် ယာစပါးနှစ်မျိုးအနက် ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုအများဆုံးက ယာစပါးတွင်ဖြစ်သည်။ လယ်စပါးဖြစ်သော်လည်းတိုက်ရိုက် မျိုးစေ့ချလျှင် ပျိုးထောင်စိုက်ထက် ပိုမိုဆုံးရှုံးနိုင်သည်။ တံစဉ်တောင် လွတ်နိုင်သည်လို့ သိရှိထားပါသည်။

    နိုင်ငံတကာစာအုပ်စာတမ်းများကို ဖတ်ဖူးသည်။ ယာစပါးမှာ စပါးအထွက် ၉၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသည်ဟု အိန္ဒိယနိုင်ငံက ဆိုသည်။ အာဖရိကနိုင်ငံများမှာတော့ လယ်စပါးနှင့် ယာစပါး နှစ်မျိုးလုံးအနေဖြင့် ၂၈ မှ ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးသည်။ အာရှတွင် တိုက်ရိုက်မျိုးစေ့ချလယ်စပါးမှာ ၄၅ မှ ၇၅ ရာခိုင်နှုန်းနှင့် ပျိုးထောင်စိုက် လယ်စပါးမှာ ၅၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသည်ဟု သိရသည်။

    မြန်မာ့သုတေသနပညာရှင်များ၏ ဖော်ပြချက်ကိုလည်း ပြောပြလိုသည်။ မြန်မာနိုင်ငံမှာ စပါးကို မိုးနှင့် နွေနှစ်ရာသီတွင် စိုက်သည်။ ပေါင်းမြက်ကြောင့်မိုးရာသီ စိုက်သောစပါးမှာ ၁၇ ရာခိုင်နှုန်းနှင့် နွေရာသီစိုက်သော စပါးမှာ ၃၂ ရာခိုင်နှုန်း ဆုံးရှုံးသည်။စပါးမျိုးအလိုက် ကွာခြားသေးသည်။ စပါးမျိုးတစ်မျိုးနှင့်တစ်မျိုးသည် အပင်သက်တမ်း၊ အပင်သန်စွမ်းမှု၊ အပင်ပုံစံ၊ အပင်အမြင့်၊ အပင်ပွားထွက်နိုင်မှုစွမ်းရည်၊အရွက်ထွက်ပုံအနေအထား ကွာခြားကြသည်။ ထို့ကြောင့် ပေါင်းမြက်ကြောင့် ဆုံးရှုံးနိုင်မှုသည်လည်း ကွာခြားကြသည်။

    ခြုံငုံပြောရလျှင် ပေါင်းမြက်ကြောင့် စပါးအထွက် အနည်းဆုံး နှစ်ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပြီး ပျမ်းမျှအားဖြင့် ၁၉ ရာခိုင်နှုန်းဖြစ်သည်ဟု ပြောသည်။ စပါးခင်းကို ကျွေးပေးသည့် နိုက်ထရိုဂျင် ဓာတ်မြေသြဇာသုံးစွဲမှု အနည်း၊ အများပေါ်မူတည်၍လည်း ပေါင်းမြက်

    ကြောင့် စပါး အထွက်ဆုံးရှုံးမှု ကွာခြားနိုင်သည်။ အထူးသဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်သည့် စပါးတွင်ဖြစ်သည်။

    ယူရီးယားဓာတ်မြေသြဇာကျွေးလေ စပါးအထွက် ဆုံးရှုံးမှုများလေဖြစ်ကြောင်း မှတ်သားဖူးသည်။စပါးစိုက်ပြီးနောက် ပေါင်းမြက်ကို နှိမ်နင်းပေးသည့် အချိန်ကာလအပေါ်လည်း မူတည်နေသေးသည်။ စောစောနှိမ်နင်းလေဆုံးရှုံးမှုနည်းလေဖြစ်သည်။ ပုံသေမှတ်ထားသင့်သည်။ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ သီးနှံပင်သက်တမ်း၏ ပထမသုံးပုံ တစ်ပုံ

    ကာလ အတွင်း ပေါင်းမြက်ကင်းစင်အောင် နှိမ်နင်းပါ။ ပေါင်းမြက်မနှိမ်နင်းနိုင်သည့်ကာလအပေါ် မူတည်ပြီးတော့လည်း စပါးအထွက်ဆုံးရှုံးနိုင်ပါသည်ဟု ပြောလိုရင်းဖြစ်သည်။

    ကာကွယ်နှိမ်နင်းနည်း

    ပေါက်လာမည့် ပေါင်းမြက်ပင် အရေအတွက်နည်းအောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများရှိသည်။ သွယ်ဝိုက်သောနည်းဖြစ်သည်။သို့သော် စိတ်ဝင်စားသူနည်းသည်။ ထွန်ရေးပြုပြင်တာ၊ တမန်းကောင်းအောင်လုပ်တာ၊ စပါးမစိုက်မီ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စသည်တစ်မျိုးမျိုးကို စိုက်တာ။ တစ်နည်း စပါးပြီး စပါးမစိုက်ခြင်းတို့ ဖြစ်သည်။ စပါးစိုက်ခင်းများမှာတော့ ပေါင်းမြက်ကို တိုက်ရိုက်ကာကွယ်နှိမ်နင်းနည်းကို သုံးရတော့မည်။ လက်ဖြင့်နုတ်ခြင်း၊ ကြားပေါင်းလိုက်ကိရိယာများကို သုံးခြင်း၊ ယာစပါးမှာ ပေါက်ပြားဖြင့်ပေါက်ခြင်းတို့ဖြစ်သည်။

    တစ်နည်းရှိသေးသည်။ ယခုအခါလူသုံးများလာပြီ။ သို့သော် ထိရောက်အကျိုးရှိအောင် အသုံးပြုနိုင်မှုမရှိသေးသည်ကိုတွေ့မြင်ရသည်။ ၎င်းင်းမှာ ဓာတုပေါင်းသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းခြင်း ဖြစ်သည်။ သိထားသင့်သည်ကို ပြောလိုသည်။ပေါင်းသတ်ဆေးကိုပဲ အားကိုးလို့မရပါ။ တစ်နည်းတည်းဖြင့် မလုံလောက်ပါ။ ဘက်စုံ ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းကို သုံးရပါမည်။သို့မှ ပေါင်းမြက်ပြဿနာနည်းမည်။

    မောင်ဖူးဝေ(တောင်တွင်းကြီး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes12comments0
views287views2822