cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာပျိုးပင်ထုတ်လုပ်ရောင်းချနိုင်ဖို့ဘယ်လိုနည်းလမ်းတွေနဲ့စီမံခန့်ခွဲသင့်သလဲ?

. စိုက်ပျိုးနည်းစနစ်များ
ပျိုးခင်းစိုက်ခင်း စီမံခန့်ခွဲမှုကြာချိန်သည် (၁၀) လတာ ကာလဖြစ်ပြီး ထိုကာလအတွင်း ပွားနိုင်သော ပျိုးပင်အရေအတွက် အများဆုံး ထွက်ရှိရန် ရည်ရွယ်သင့်သည်။
  • အရည်အသွေး ကောင်းမွန်သော ပျိုးပင်များကို လျင်မြန်စွာနှင့် စီးပွားရေးအရ အောင်မြင်စွာ ထုတ်လုပ်နိုင်စေရန်အတွက် ပျိုးခင်းကို ဂရုတစိုက် စီမံခန့်ခွဲရန် လိုအပ်ပါသည်။ ဉပမာ-အိန္ဒိယနိုင်ငံတွင် မျိုးစေ့ကြွေကျမှုသည် ယေဘူယျအားဖြင့် ဇူလိုင်လမှ စက်တင်ဘာလအထိ ဖြစ်တတ်ပြီး ပျိုးပင်ကြီးထွားရန် အချိန်ကာလမှာ (၁၀) လခန့်ဖြစ်သည်။ ထို့ကြောင့် ထိရောက်သော ပျိုးခင်းစိုက်ခင်း စီမံခန့်ခွဲမှုကြာချိန်သည် (၁၀) လတာ ကာလဖြစ်ပြီး ထိုကာလအတွင်း ပွားနိုင်သော ပျိုးပင်အရေအတွက် အများဆုံး ထွက်ရှိရန် ရည်ရွယ်သင့်သည်။ ကောင်းစွာ မဖြစ်ထွန်းနိုင်သော ပျိုးပင်များကို ဖယ်ရှားသင့်သည်။ ကိုင်းဖြတ်ခြင်းအတွက် အကောင်းဆုံးအချိန်သည် ပထမအကြိမ်မြေသြဇာ ကြွေးပြီးနောက် သုံးပတ်မှ လေးပတ်အတွင်းဖြစ်ပြီး ထိုအချိန်တွင် သန်မာစွာကြီးထွားသောအပင်နှင့် လှီနေသောအပင်များကို အလွယ်တကူခွဲခြားနိုင်သည်။ ပျိုးခင်းများကို ပေါင်းမြက်များ ကင်းစင်အောင် အမြဲထားသင့်သည်။ ယေဘူယျအားဖြင့် သုံးကြိမ်ခန့် ပေါင်းသတ်ရန် လိုအပ်သည်။ ပထမအကြိမ် ပေါင်းသတ်ခြင်းအား ပထမအကြိမ် မြေသြဇာ မကျွေးမှီ လုပ်သင့်ပြီး ဒုတိယအကြိမ် ပေါင်းသတ်ခြင်းကို ဒုတိယအကြိမ် မြေသြဇာ မကျွေးမှီ ပြုလုပ်ပေးသင့်ပါသည်။ တတိယအကြိမ် ပေါင်းသတ်ခြင်းကို မေလ သို့မဟုတ် ဇွန်လတွင် အဖူးအပွင့်မစတင်မီတွင် ပြုလုပ်သည်။ ပျိုးခင်း၏ နောက်ဆုံးပြင်ဆင်မှုအပြီးတွင်၊ တစ်ဟတ်တာလျှင် ရေ 700 လီတာတွင် ဒိုင်ယူရွန် (Diuron) 2.5 ကီလိုဂရမ်နှုန်းဖြင့် ပျိုးခင်းပေါ်တွင် ဖျန်းပြီး ငါးရက်အကြာတွင် စိုက်ထားသော ရော်ဘာအစေ့များပေါက်နိုင်သည်။ ပေါင်းသတ်ဆေး သုံးစွဲသည့်နေ့တွင် မျိုးညှောင့်ပေါက်နေသော အစေ့များ စိုက်ပျိုးခြင်းသည် အန္တရာယ် တစ်စုံတစ်ရာ မသက်ရောက်ပါ။ ဤနည်းကိုအသုံးပြုခြင်းဖြင့် မြေသြဇာပထမအကြိမ် ကျွေးမည့်အချိန် (၆-၈ပတ်)အထိ ပေါင်းမြက်များ ကင်းစင်အောင် ထားပါ။ မြေဖုံးပေးခြင်းသည် နွေရာသီ မစတင်မီနှင့် ဒုတိယအကျော့ မြေသြဇာအသုံးပြုပြီးနောက် ပျိုးခင်းများတွင် လိုက်နာရမည့် အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်သည်။ သစ်ရွက်ခြောက်များ၊ သစ်တောများမှ ချုံနွယ်ပိတ်ပေါင်းများ၊ မြက်ပင်များကို အခြောက်လှန်းပြီးနောက် မြေဖုံးရန် အသုံးများသော သဘာဝပစ္စည်းများ ဖြစ်ပါတယ်။ ဒီဇင်ဘာလတွင် မြေဆီလွှာ တစ်ကြိမ်ဖုံးပေးနိုင်လျှင် လုံလောက်ပါသည်။ အနက်ရောင် polythene အခင်းများကိုလည်း အသုံးပြုနိုင်ပါသည်။ လေတိုက်သည့်အခါ လွှင့်ပါမသွားရန် အခင်းများကို မြေကြီးများတွင် မြှုပ်ပြီး အပေါ်မှ မြေဆီလွှာများကို ဖြန့်ချပေးခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ မြေဆီလွှာ စမ်းသပ်ချက်များ ပြုလုပ်ခြင်းဖြင့် ပျိုးခင်းတစ်ခုချင်းစီ၏ သီးခြားလိုအပ်ချက်များကို ဆန်းစစ်ပြီးနောက် မြေဩဇာကို ပိုမိုကောင်းမွန်စွာ ထည့်သွင်းပေးနိုင်သည်။ ဒီဇင်ဘာလမှ ဧပြီလအထိ ရှည်လျားသော ခြောက်သွေ့ကာလတွင် ပျိုးခင်းများကို ရေသွင်းပေးသင့်သည်။ ကြီးမားသော ပျိုးဥယျာဉ်များတွင်၊ အပေါ်စီးမှ ရေဖြန်းစက် သုံးစွဲရန် ကောင်းမွန်ပါသည်။ လက်ဖြင့်ရေလောင်းခြင်းသည် ပျိုးခင်းငယ်များအတွက် အဆင်ပြေပြီး စျေးသက်သာပါသည်။ လိုအပ်သော ရေပမာဏသည် မြေဆီလွှာ၊ ရာသီဥတုနှင့် အပင်များ၏ သက်တမ်းအလိုက် ကွဲပြားသည်။ ကနဦး ရက်သတ္တပတ်များအတွင်း နေ့စဉ်ရေလောင်းခြင်းကို ဦးစားပေးသင့်ပါသည်။ နောက်ပိုင်းတွင် ရေသွင်းသည့်အကြိမ်ရေကို နှစ်ရက်၊ သုံးရက်တွင် တစ်ကြိမ်သို့ လျှော့ချနိုင်သည်။ ပျိုးပင်များ လုံလောက်စွာ ကြီးထွားလာသောအခါ အဖူးအတွက် သို့မဟုတ် ပျိုးငုတ်အဖြစ် တိုက်ရိုက်အသုံးပြုနိုင်ပါသည်။

    Source: Commonly cultivated intercrops (rubberboard.org.in)

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- https://htwettoe.com/download

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes3comments0
views94views2427