cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး၊ ပုစွန်မွေးမြူရေးကန် ပြင်ဆင်ခြင်း (သို့မဟုတ်) ကန်ပြင်ဆင်ခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ကန်အနှံ့ ထုံးပက်ပြီးပါက (၇)ရက်ခန့်နေလှန်းပေးပါ။ ထုံးနှင့်မြေသား သမစေလိုခြင်းဖြစ်ပါသည်။ ထုံး ထည့်ပြီး (၇)ရက်အကြာတွင် ကန်အတွင်းရေသွင်းနိုင်ပါသည်။
  • ငါး၊ပုစွန်မွေးမြူခြင်းလုပ်ငန်းတွင် မွေးမြူမည့်နေရာရွေးချယ်ခြင်းသည် အဓိကကျသောလုပ်ငန်း ဖြစ်ပါသည်။ မြေနေရာရွေးချယ်ခြင်းမှန်ကန်လျှင် ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်း၏ ၅၀ရာခိုင်နှုန်း အောင်မြင်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။ ထို့အတူ ငါးပုစွန်မွေးမြူရေးကန် ပြင်ဆင်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည့်အပြင် ကန်ပြင်ဆင်ခြင်းမှန်ကန်ပါက မွေးမြူရေးကာလ တ လျှောက်လုံး ကန်ရေဩဇာရရှိမှု မှန်ကန်ခြင်း၊ ငါးရောဂါကျရောက်မှု နည်းပါးခြင်း ၊ ကန်ရေချဉ်ဖန်နှုန်း ပုံမှန် အခြေအနေတွင် ရှိခြင်း နှင့် ငါးရိုင်းနှင့် သားစားငါးများ ဝင်ရောက်မှု နည်းပါးခြင်းတို့ စသည့် အကျိုးကျေး ဇူးများကို ဖြစ်စေပါသည်။ ထို့အတူ ကန်အတွင်းမလိုလားအပ်သော ဓာတ်ငွေ့များဖြစ်သည့် ဟိုက်ဒြိုဂျင်ဆာ လဖိုဒ်နှင့် အမိုးနီးယား ဓါတ်ငွေ့ဖြစ်ပေါ်စေခြင်းကိုလည်း လျော့ပါးစေပါသည်။

    ကန်ပြင်ဆင်းလုပ်ငန်းတွင်း ကန်ဖော်ပြီးပါက၊ ကန်အောက်ခြေတွင် နှုန်းမြေထုသည် အနည်းဆုံး (၈) လက်မခန့်ထားပြီး ကျန်နှုန်းမြေများကို ဖယ်ရှားပေးပါ။ ထို့နောက် ကန်အောက်ခြေမြေသားကို ပတ်ကြားအက် အောင်နေလှန်းပေးရပါမည်။ ထို့ကြောင့် ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။ ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။

    ကန်အနှံ့ ထုံးပက်ပြီးပါက (၇)ရက်ခန့်နေလှန်းပေးပါ။ ထုံးနှင့်မြေသား သမစေလိုခြင်းဖြစ်ပါသည်။ ထုံး ထည့်ပြီး (၇)ရက်အကြာတွင် ကန်အတွင်းရေသွင်းနိုင်ပါသည်။ ရေသွင်းရာတွင် ရေစစ်ကို အသုံးပြုပြီး ရေသွင်းပါ။ ငါးပုစွန်မွေးမြူရေးကန်အတွက် ရေစစ်သည် ပုံစံမျိုးစုံ အရွယ်မျိုးစုံးရှိသဖြင့် မိမိတို့အသုံးပြုမည့် ရေစစ်ကို ရွေးချယ်နိုင်ပါသည်။ ရေစစ်ကိုအသုံးပြုပြီး ရေသွင်းခြင်းအားဖြင့် ရေတွင် အနယ်အနှစ်များ ကင်းရှင်းခြင်း နှင့် ငါးရိုင်းနှင့် သားစားငါးများ၏ ဥများ သားလောင်းများလည်း ဝင်ရောက်နိုင်ခြင်း မရှိနိုင်ပါ။ ကန်ရေကို (၂)ပေအထိသာ သွင်းပြီး၊ ရေဩဇာရရှိစေရန်အတွက် ဓါတုမြေဩဇာနှင့် ဇီဝမြေဩဇာများကို သတ်မှတ်နှုန်းထားများ အတိုင်းထည့်သွင်းရပါမည်။ (၃)၇က်မှ (၇)ရက်အကြာတွင် ရေဩဇာတက်လာပါလိမ့် မည်။ (တနည်း ရေအရောင် အစိမ်းနုရောင်) ရေဩဇာတက်လာပါက ရေကို နောက်ထပ် ၁ ပေမှ ၂ပေအထိ ထပ်မံသွင်းနိုင်ပါသည်။

    အထက်ပါနည်းအတိုင်း ကန်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါက၊ ရေတွင်အနယ်အနှစ်ကင်းသဖြင့် ရေအပူချိန်မြင့်မားခြင်းကို လျှော့ကျစေခြင်းနှင့် ရေဩဇာတက်ရောက်မှု မြန်ဆန်လာခြင်းများကို အကျိုး ခံစားရပါမည်။ ထို့အပြင် ကန်အတွင်း ငါးရိုင်းနှင့် သားစားငါး မဝင်ရောက်နိုင်သဖြင့် ကုန်ထုတ်လုပ်မှုကို တိုး တက်စေပါသည်။ ကန်အတွင်း အမိုးနီးယား ဖြစ်စေခြင်းကို ဟန့်တားစေပြီး ၊ ကန်ရေတွင် ပျော်ဝင်အောက်စီ ဂျင်ကို အပြည့်အဝရရှိစေပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
  • article
  • article
likes8comments0
views201views2511