cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

🌱စာပစပ်(မြွေဟောက်) မတ်ပဲမျိုး ဝယ်ယူသူများ သတိပြုစရာ

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
စာပစပ် မတ်ပဲမျိုးဟု အမည်တပ်ခေါ်ဝေါ်ရခြင်းမှာ အစေ့ချက် အဖြူရောင်ဖြစ်နေခြင်းကြောင့် ဖြစ်ပါတယ်။
  • စာပစပ်(မြွေဟောက်) မတ်ပဲမျိုး သည် မတ်ပဲစိုက်ပျိုးရန်

    ကြိုးစားသူများအကြားတွင် ယခုနှစ်တွင် အစေ့ကြီးခြင်း၊ အထွက်ကောင်းခြင်း၊ အသက်ငယ်ခြင်း တို့ကြောင့်

    နာမည်ကြီးလာရာ ယခုအခါတွင် အခြားမတ်ပဲမျိုးများထက် ဝယ်ယူသူပိုမိုများပြားလာကြပါသည်။

    ယခင်နှစ်က မတ်ပဲစိုက်တောင်သူများ အကြားတွင် အဝါရောင်မိုစိတ်ကျရောက်မှု ခံနိူင်ရည်ရှိသည့် TBL9 မတ်ပဲမျိုးမှာ နာမည်ကြီးခဲ့သော်လည်း ယခုအခါတွင် စာပစပ်(မြွေဟောက်) မတ်ပဲမျိုး သည် -

    ~ အစေ့ကြီးခြင်း၊

    ~ အသီးသီးမှုအားကောင်းခြင်း၊

    ~ အထွက်ကောင်းခြင်း၊

    ~ အဝါရောင်မိုစိတ်(Virus)ရောဂါဒါဏ် ခံနိူင်ရည် အသင့်အတင့်သာရှိသော်လည်း ပွင့်သီးချိန်စောခြင်းနှင့် သီးပွင့်မှုလက္ခဏာကြောင့် ရောဂါကျရောက်မှု သက်သာခြင်း။

    စသည့်အားသာချက်များကြောင့် စာပစပ်မျိုးအားဝယ်ယူသူပိုမိုများပြားလာခြင်းပါ၊

    ယခင်က TBL9 အမေးများကိုသာဖြေနေရသော်လည်း ယခုအခါ ၇ ရက်နေလို့မှ တစ်ယောက်ပင် မေးသူမရှိတော့ဘဲ စာပစပ်မတ်ပဲမျိုးနှင့် ပါတ်သက်တာကိုသာ ဖြေကြားနေရပါတော့တယ်။

    ယခုဆောင်းပါးကတော့

    ဧရာဝတီတိုင်းဒေသကြီး မှ ညီငယ်တစ်ဦးနှင့် မတ်ပဲမျိုးများအကြောင်း ပြောကြားဖြစ်ရင်း ချက်အဖြူရောင်ရှိသော ပုလဲထွန်းလို မျိုးများကို စာပစပ်မျိုးဆိုပြီး ရောင်းချနေကြတာ

    ၊ အသက်ကြီးပြီး အဝါရောင်မိုစိတ်ဒါဏ် ခံနိူင်ရည် မရှိသည့် ပဲကန်ဇွန်းကို အသက်ငယ်တယ်၊ မိုစိတ်ဒါဏ်ခံနိူင်တယ်ဆိုပြီး စိန်တရစ် မြတရစ်အမည်ဖြင့် ရောင်းချနေကြောင်းကို

    ပြော ဖြစ်ကြရာမှ ယခုဆောင်းပါးကို ရေးဖြစ်ခြင်းပါ။

    လူမှုကွန်ယက် စာမျက်နှာနှင့် မတ်ပဲမျိုးရောင်းချနေကြသူများ ပြောဆိုရောင်းချနေကြသော


    မျိုးအမည်

    တစ်ဧကတွင် သုံးစွဲရမည့် မျိုးစေ့နှုန်း

    ၅၀% ပန်းပွင့်ရက်

    အစေ့ ၁၀၀ အလေးချိန်

    မျိုး၏ ဗီဇလက္ခဏာ

    ရိတ်သိမ်းချိန်

    အဝါရောင်မိုဇိတ်ရောဂါ ခံနိူင်ရည်ရှိခြင်း မရှိခြင်း

    တို့သည် အမှန်တကယ် အချက်အလက်များနှင့် များစွာ ကွာဟနေလေတော့ တောင်သူလယ်သမားများ အမှတ်မှားရန် စိုးရိမ်မိပါတယ်၊ လက်ရှိအခြေအနေတွင်လည်း စိုက်ပျိုးရေးသုတေသနမှ ထုတ်လုပ်ဖြန့်ချိခဲ့သော မျိုးများမှာ အမည်အမျိုးမျိုးနှင့် ရှိနေကြသလို ရေဆင်းမျိုးမဟုတ်ပါဘဲနှင့် ရေဆင်းအမည် တပ်ထားကြသည်ကို တွေ့ရှိနေရ၍ပါ။

    ယခုလည်း ပုလဲထွန်းအား စာပစပ်(မြွေဟောက်) မတ်ပဲမျိုးဆိုပြီး ရောင်းချနေတာကို လေ့လာသိရှိရပါသဖြင့် မျိုးဝယ်ယူစိုက်ပျိုးမည့် တောင်သူလယ်သမားများအား

    မိမိအနေဖြင့် ရေးသားပေးရခြင်းဖြစ်ပါတယ်။

    စာပစပ်(မြွေဟောက်) မတ်ပဲမျိုး ဆိုသည်မှာ

    ၁။ သီးတောင့်တွင် အမွေးမပါခြင်း။

    ၂။ အစေ့အရောင် အနက်ဖြစ်ခြင်း။

    ၃။ ချက်အရောင် အဖြူဖြစ်ခြင်း။

    ၄။ ပင်ထောင်ဖြစ်ခြင်း။

    ၅။ နွယ်တက်၍ အသီးသီးခြင်း။

    ၆။ အပွင့်ဖြင့် အဆုံးသတ်ခြင်း။

    ၇။ အပွင့်ပွင့်ချိန်နှင့် ရိတ်သိမ်းချိန်စောခြင်း။

    ၈။ အစေ့(၁၀၀) အလေးချိန် မြင့်မားခြင်း၊ အစေ့ကြီးခြင်း။

    ၉။ အထွက်ကောင်းခြင်း။

    ၁၀။ အဝါရောင်မိုစိတ်(Virus)ရောဂါဒါဏ် ခံနိူင်ရည် အသင့်အတင့်သာရှိသော်လည်း ပွင့်သီးချိန်စောခြင်းနှင့် သီးပွင့်မှုလက္ခဏာကြောင့် ရောဂါကျရောက်မှု သက်သာခြင်း။

    တို့သည် စာပစပ်(မြွေဟောက်) မတ်ပဲမျိုး ၏ လက္ခဏာများ ဖြစ်ပါတယ်။

    စာပစပ် မတ်ပဲမျိုးဟု အမည်တပ်ခေါ်ဝေါ်ရခြင်းမှာ အစေ့ချက် အဖြူရောင်ဖြစ်နေခြင်းကြောင့် ဖြစ်ပါတယ်။

    ချက်အရောင် ဖြူသည့်မျိုးက မိမိသိသလောက် (၆) မျိုးလောက် ရှိနေလေတော့

    ~ စာပစပ်(မြွေဟောက်)

    ~ ရေဆင်း ၄ (DAR)

    ~ ရေဆင်း ၄. GSR (သို့) ရေဆင်းစာပစပ်

    ~ ပုလဲထွန်း

    ~ အတောင့်ဖြူ

    ~ TBL 9 (ချက်ညို/ ချက်ဖြူ)

    ချက်ဖြူတိုင်း စာပစပ် မတ်ပဲလို့ သတ်မှတ်၍ မရနိူင်ပါဘူး၊ ချက်ဖြူသည့် အကျယ်အဝန်း၊ အရွက်ပုံသဏ္ဍန်၊ အပင်တည်ဆောက်ပုံ၊ အပွင့်ပွင့်ပုံ၊ အသီးသီးပုံ၊ ပင်စည်အရောင် တို့ တွင်လည်း ကွာခြားမှုရှိနေပါတယ်။

    စာပစပ်(မြွေဟောက်)

    စတင်ထွက်ရှိရာဒေသ နတ်တလင်းမြို့နယ်

    ~ အသက်ရက်.. ၇၅- ၉၀

    ~ ၅ဝ% ပန်းပွင့်ရက် ..၃၄ ရက်၊

    ကြာသောရက်

    ~ စိုက်ချိန် .. မိုးနှောင်း

    ~ အပင်ပုံသဏ္ဍာန် .......ပင်ထောင်

    ~ အရွက်ပုံသဏ္ဍန်....... Ovrate

    ~ ပင်စည်နှင့်အရွက်များတွင် ရောင်ချယ်ရှိ/မရှိ... ပင်စည်တွင်ရှိ

    ~ အတောင့်အရောင်....................အနက်

    ~ အတောင့်တွင် အမွေး ပါ၊မပါ.... အနည်းငယ်ပါ

    ~ အစေ့အရောင် ........ နက်

    ~ ချက်အရောင်.. ........ဖြူ

    ~ အပင်အမြင့်(စမ) .... ၄၅-၅၂ စင်တီမီတာ

    ~ တစ်ပင်ပါအကိုင်း ... ၆- ၈ ကိုင်း

    ~ တစ်ကိုင်းပါ သီးတောင့် ၆- ၈

    ~ တစ်ပင်ပါသီးတောင့် ..၄၅ - ၆၅ တောင့်

    ~ တစ်တောင့်ပါအစေ့ .. ၆ စေ့

    ~ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၄.၈ - ၅.၂ ဂရမ်

    ~ တစ်ဧက အထွက်နှုန်း. ၁၇-၃၂ တင်း

    ထူးခြားချက်။

    ~ ရာသီအချိန်စော၍ ပြုစုထိမ်းသိမ်းမှုကောင်းကောင်းဖြင့် စိုက်ပျိုးနိူင်ပါက မယုံနိူင်ဘွယ်ရာ အထွက်နှုန်းကို ရရှိနိူင်ခြင်း။

    ~ အပင်ပုံသဏ္ဍန်(Determinate) ပန်းခိုင်နှင့် အဆုံးသတ်သော မျိုးဖြစ်ခြင်း။

    ~ မြေအမျိုးအစား၊ ပြုစုထိမ်းသိမ်းမှုအပေါ် မူတည်၍ အရွက်ပုံသဏ္ဍန်၊ အပင်ပုံစံ၊ ပြောင်းလဲခြင်း။

    ပုလဲထွန်း

    ~ အသက်ရက်.. ၁၁၀- ၁၂၀ ရက်

    ~ ၅ဝ% ပန်းပွင့်ရက် ..၄၅-၅၀ ရက်

    ကြာသောရက်

    ~ စိုက်ချိန် .. မိုးနှောင်း

    ~ အပင်ပုံသဏ္ဍာန် .......ပင်ထောင်

    ~ အရွက်ပုံသဏ္ဍန်....... Ovrate

    ~ အတောင့်အရောင်....................အနက်

    ~ အတောင့်တွင် အမွေး ပါ၊မပါ.... အနည်းငယ်ပါ

    ~ အစေ့အရောင် ........ နက်

    ~ ချက်အရောင်.. ........ဖြူ

    ~ တစ်ပင်ပါသီးတောင့် ..၂၅ - ၂၅ တောင့်

    ~ တစ်တောင့်ပါအစေ့ ..၄- ၆ စေ့

    ~ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၇ ဂရမ်

    ~ တစ်ဧက အထွက်နှုန်း. ၂၀-၂၅ တင်း

    မတ်ပဲသီးနှံသည် စိုက်ပျိုးသည့် အချိန်ရာသီ၊ မြေဩဇာထက်သန်မှု၊ ရေရရှိမှု၊ အပင်ပြုစုထိမ်းသိမ်းမှု တို့အပေါ်မူတည်၍ အပင်သက်တမ်း၊ အထွက်နှုန်း အတိုးအလျော့ ရှိနိူင်သည်ကို သတိပြုရန် လိုအပ်ပါတယ်။

    မတ်ပဲမျိုးဝယ်ယူသူများအနေဖြင့် မတ်ပဲမျိုးရလျင်ပြီးရော ဆိုသည့်အတွေးဖြင့် ဝယ်ယူနေခြင်းအား မပြုသင့်ဘဲ

    မိမိဝယ်ယူသည့်မျိုး ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ကုမ္ပဏီ၊ ထုတ်လုပ်သူ၊ လာသည့်လမ်းကြောင်း တို့အား သေချာစွာ စုံစမ်းလေ့လာပြီး ယုံကြည်စိတ်ချမှု ရှိမှသာ ဝယ်ယူပါလို့ အကြံပြုလိုက်ရပါတယ်။

    ချမ်းမြေ့ပါစေ

    .

    ဦးသက်လွင်(ထန်းညီနောင်)

    ၃.၅.၂၀၂၄.

    (ဆရာကြီးဦးသက်လွင်၏ ရေးသားချက်များကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။)

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments2
views232views1672