cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးစပါးစိုက်ပျိုးစရိတ် တစ်ဧကချေးငွေအပေါ်မှာ ၁ ရာခိုင်နှုန်းအာမခံထားရှိမှုကိုဇွန်လမှာစတင်မယ်

. သတင်းစုံ
"မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ပူးပေါင်းပြီးတော့ ဒီမိုးစပါးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေပေးတဲ့အပေါ်မှာရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံကိုဆောင်ရွက်တာဖြစ်ပါတယ်။
  • နိုင်ငံတစ်ဝှမ်းမိုးရာသီစိုက်ပျိုးစရိတ် တစ်ဧကချေးငွေအပေါ်မှာအာမခံ ၁ ရာခိုင်နှုန်းထားရှိခြင်းကိုလာမယ့် ဇွန်လ ၁ ရက်မှစတင်ကာအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။

    တောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)မှ တစ်ဧကကိုကျပ် ၁ သိန်းခွဲနှုန်းထုတ်ချေးဖို့ သတ်မှတ်ထားပြီးမတော်တဆသဘာဝဘေးအန္တရာယ် ကျရောက်လာပါကစိုက်ပျိုးစရိတ်များပြန်လည်မပေးဆပ်နိုင်တဲ့အခါမှာဘဏ်မှ ပြန်လည်လျော်ကြေးပေးနိုင်ဖို့အတွက်ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    "မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ပူးပေါင်းပြီးတော့ ဒီမိုးစပါးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေပေးတဲ့အပေါ်မှာရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံကိုဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကိုဇွန် ၁ ရက်ကနေစတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာလက်ခံဆောင်ရွက်လို့ရတဲ့ ပြည်နယ်နဲ့ တိုင်းတွေအားလုံးမှာဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"လို့ ၎င်းကပြောပါတယ်။

    မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)တို့မှရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံဆောင်ရွက်ခြင်းကိုပြီးခဲ့တဲ့ဆောင်းရာသီစိုက်ပျိုးစရိတ် ထုတ်ချေးချိန်ကတိုင်းဒေသကြီး (၃)ခုဖြစ်တဲ့ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ Pilot Project အဖြစ် ဆောင်ရွက်ခဲ့ပြီးယခုမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးချိန်တွင် တစ်နိုင်ငံလုံး၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမိုးကြိုရာသီမှာဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းမိုးများကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေဖို့အတွက် တောင်သူများကိုစိမ့်မြောင်း၊ ပတ်မြောင်းများတူးဖော်ပြီးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ကြဖို့ စိုက်ပျိုးရေးဦးစီးဌာနကလည်းအကြံပြုနှိုးဆော်ထားတယ်လို့ သိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views121views928