cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် စိုက်တောင်သူများအား အကြံပြုချက်

. ရာသီဥတု သတင်းများ
မေလ (၂၁)၊ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့များတွင် မိုးရွာရန် ၇၅ ရာခိုင်နှုန်းအထိရှိသဖြင့် အဆိုပါရက်များတွင် မိုးရွာနိုင်ပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။
  • ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ်

    ၂၀၂၄ ခုနှစ်၊ မေလ (၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂၀ တွင် မေလ (၂၁)၊ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့များတွင် မိုးရွာရန် ၇၅ ရာခိုင်နှုန်းအထိရှိသဖြင့် အဆိုပါရက်များတွင် မိုးရွာနိုင်ပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    မိုးစပါးစိုက်ပျိုးချိန် စပါးပင်ယိုင်လဲမှု မရှိစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ

    စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးလျှင် ယိုင်လဲနိုင်သည့် ဖြစ်နိုင်ခြေရှိသည်။ ပျိုးထောင်၊ ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးသည့်စပါးပင်အမြစ်သည် တမန်းအတွင်း နစ်ဝင်နေသည်။ ကြဲပက်စိုက်စိုက်၊ အစိုတမန်းပြင်တွင် လူဖြင့်ဖြစ်စေ၊ မျိုးစေ့ချကိရိယာဖြင့် ဖြစ်စေ မျိုးစေ့ပဲချချ၊ မျိုးစေ့သည် တမန်းပြင်ပေါ်တွင်သာ

    အပင်ပေါက်ကာ ကြီးထွားရသည်။ သို့ဖြစ်ရာ စပါးပင်အမြစ်သည် တမန်းပြင်အပေါ်ပိုင်းတွင်သာ နေရာယူနေရ တော့သည်။ ဒါ့ကြောင့် ပိုမိုယိုင်လဲလွယ်ရခြင်း ဖြစ်နိုင်ပါသည်။

    မြေသြဇာကြောင့်လည်း ယိုင်လဲနိုင်တာရှိသည်။ တကယ်တော့ စပါးပင်အတွက် လိုအပ်သော နိုက်ထရိုဂျင် (N)၊ ဖော့စ်ဖောရပ်စ် (P) နှင့် ပိုတက်ဆီယမ် (K) တို့ကို အချိုးကျထည့်သွင်းရမှာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အပင်ဖြစ်ထွန်း ချိန်တွင် နိုက်ထရိုဂျင်မြေသြဇာကို အလွန်အမင်းကျွေးပါက ယိုင်လဲနိုင်သည်။

    မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းပါဝင်မှုများခြင်းအော်ဂဲနစ်ပစ္စည်း ကြွယ်ဝသည့်စပါးစိုက်မြေမှာလည်း စပါးပင်ယိုင်လဲ တတ်သည်။ အထူးသဖြင့် များစွာကြွယ်ဝသည့် စပါးစိုက်လယ်မြေကို ဆိုလိုတာပါ။ စပါးသာမက သီးနှံစိုက်ပျိုးရေး အတွက် မြေတွင်အော်ဂဲနစ်ပစ္စည်းပါဝင်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှာ ရှိတာပါ။ သို့သော် အပေါ်ယံမြေဆီလွှာမှာ ပါဝင်သင့်သည်ထက်များနေမယ်ဆိုရင် စပါးပင် အမြစ်စွဲမှုကို လျော့နည်းစေနိုင်သည်။ အမြစ်စွဲမှုမခိုင်မာလို့ စပါးပင်ယိုင် လဲရတာဖြစ်ပါသည်။

    လုပ်ဆောင်ရမည့် နည်းလမ်းများ

    စပါးပင်အတွက် ပိုတက်(K)သည် အပင်အတွင်းရွှေ့လျားနိုင်ပြီး အမြစ်ကြီးထွားရန်၊ အပင်တောင့်တင်း ခိုင်မာပြီး အပင်ယိုင်လဲမှုကို သက်သာစေရန် နှင့် ပိုးမွှား၊ ရောဂါ ကျရောက်မှုကို အတောင်အသင့် ခံနိုင်ရန်အတွက် အလွန်အရေး ပါသည်။

    ရေသွင်းစိုက်ခင်းတွေမှာဆိုရင် စပါးအထွက်တိုးရန် ပိုတက်မြေဆီကို အလုံအလောက်ထည့်သွင်းပေးရန် လိုအပ်ပါသည်။ စိုက်ခင်းမြေပြင်ချိန်တွင် ပိုတက် ၂၅ ကီလိုခန့်ထည့်ပေးသင့်ပြီး အပင်သက်တမ်းတစ်လသားတွင် ၂၅ ကီလိုခန့် တစ်ကြိမ် ထည့်ပေးသင့်သည်။

    ယူရီးယားမြေဆီ အကျွေးများခြင်းကလည်း အပင်ယိုင်လဲမှုကို အားပေးသောကြောင့် မိုးများချိန်တွင် ယူရီးယားမြေဆီ လျှော့ကျွေးသင့်သည်။

    အပင်တွေ ယိုင်လဲခဲ့သော် ကုစားဖို့ ခက်ပါတယ်။ အချို့နေရတွေမှာတော့ လူအင်အားသုံးပြီး အပင်တွေကို ထောင်ပြီး စချည် ကြပါတယ်။ အပင်တွေကိုထောင်ပီး နှီးဖြင့် လျော့လျော့လေး စီးပေးပါ တင်းလွန်းရင်လည်း အပင်တွင် ဒဏ်ရာ ဖြစ်နိုင်ပါသည်။

    အပင်ယိုင်လဲပါက ယူရီးယားမြေဆီ မကျွေးမိပါစေနဲ့။ စိုက်ခင်းကို ရေမဝပ်ပါစေနဲ့။ ရေ များရင် ထုတ်ပေးပါ။ အစိုဓါတ် ရရုံ အနည်းငယ်ပဲ ရေသွင်းပေးသင့်ပါတယ်။

    စပါးနို့ရည်ခဲနေချိန် အပင်ယိုင်လဲခဲ့သော် စပါးအထွက်ကို သေချာပေါက် ထိခိုက်နိုင်တာကြောင့် စိုက်ခင်း ရေမဝပ်စေရန် ရေသွင်းရေထုတ်မြောင်းကို စနစ်တကျ ပြင်ဆင်ထားသင့်သည်။

    Reference – Htwettoe Long Crop Guide

    - မောင်ဖူးဝေ(တောင်တွင်းကြီး)၊ မြန်မာတောင်သူကြီးများဂျာနယ်

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes2comments0
views1429views893