cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အလှမွေး ငါးကန်များတွင် ဗေဒါပင်စိုက်ပျိုးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

. ငါးမွေးမြူရေးဆောင်းပါးများ
ကန်ထဲရှိ ငါးတွေအတွက် အရိပ်ရစေသလို သဘာဝပေါက်ရောက်ပင်အနေဖြင့်လည်း သင့်ရဲ့ ကန်ကို လှပကြည့် ကောင်းစေပါတယ်။
  • သင့်အနေနဲ့ အလှမွေးငါးကန် ရှိနေတယ်ဆိုရင်တော့ ဗေဒါပင်အကြောင်း သိဖို့လိုပါမယ်နော်။ အားလုံးသိတဲ့ အတိုင်း ဗေဒါပင်ဟာ ရေပေါ်မှာ မျောလွင့် ပေါက်ရောက်နေနိုင်သလို ကန်ရဲ့ ရေအရည်သွေးကိုလည်း ကောင်းမွန်စေပါ တယ်။ ကန်ထဲရှိ ငါးတွေအတွက် အရိပ်ရစေသလို သဘာဝပေါက်ရောက်ပင်အနေဖြင့်လည်း သင့်ရဲ့ ကန်ကို လှပကြည့် ကောင်းစေပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ကောင်းကျိုး ဆိုးကျိုးလေးကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။

    ၁။ ကောင်းကျိုးများ

    (က) ကန်ရေကို သန့်ပေးခြင်း

    ဗေဒါပင်ဟာ ကန်အတွင်း ရေညှိပေါက်ရောက်တာတွေ မဖြစ်စေပါဘူး။ ဘာ့လို့လဲဆိုတော့ ကန်ထဲရှိ အန္တရာယ် ဖြစ်စေတဲ့ အမိုးနီးယားဓါတ်၊ နိုက်ထရိတ်ဓါတ်နဲ့ ဖော့စဖောရပ်ဓါတ်တွေကို စုပ်ယူပြီး ရေအရည်အသွေးကို ကောင်းစေ ပါတယ်။

    (ခ) အရိပ်နဲ့ အကာအဖြစ် ဆောင်ရွက်ပေးခြင်း

    ဗေဒါပင်ရဲ့ ရေပေါ်မှာမျောလွင့်တဲ့ ဂုဏ်သတ္တိဟာ ကန်အတွင်းကို နေရောင်ခြည်အလွန်အမင်းကျရောက်မှုကို လျော့ကျစေပြီး ရေအပူချိန်ကို ညှိပေးရာရောက်ပါတယ်။ တစ်နည်းအားဖြင့် ကန်အတွင်း ရေညှိတွေ အလွန်အမင်း ပေါက်ရောက်လာမှာကိုလည်း ကာကွယ်ပေးရာရောက်ပါတယ်။ တချိန်တည်းမှာဘဲ အမြစ်နဲ့ အရွက်တွေဟာ ကန်အတွင်းရှိ ငါးတွေအတွက် ခိုအောင်းနားနေရာဖြစ်တဲ့အတွက် အလှမွေးငါးလေးတွေရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပါ တယ်။

    (ဂ) အစာအရင်းအမြစ် ရရှိစေခြင်း

    အလှမွေးငါးလေးတွေဟာ အစုံစား သတ္တဝါတွေဖြစ်တဲ့အတွက် ကန်ထဲမှာ ဗေဒါပင်ပေါက်ရောက်နေခြင်းဟာ အဆိုပါငါးလေးများအတွက် ဖြည့်စွက်စာတစ်ခုအနေနဲ့ အထောက်အကူပြုပါတယ်။

    ၂။ ဆိုးကျိုးများ

    ဆိုးကျိုးအနေနဲ့ကတော့ အလှမွေးငါးကန်အတွင်း ဗေဒါပင်များ လိုအပ်သည်ထက်ပိုပေါက်နေရင်တော့ အောက်ပါ ဆိုးကျိုးတွေ ရှိပါတယ်-

    (က) အောက်ဆီဂျင်ပမာဏ လျော့ကျစေခြင်း

    ကန်အတွင်း ဗေဒါပင်အလွန်အကျွံ ပေါက်နေခြင်းဟာ ကန်အတွင်းနေရောင်ခြည်ရရှိမှုကို ဟန့်တားစေပြီး ရေအတွင်း အောက်ဆီဂျင်ပျော်ဝင်နှုန်းကို လျော့ပါးစေပါတယ်။ ဒီအခြေအနေဟာ အလှမွေးငါးလေး တွေကို ထိခိုက်စေပါတယ်။

    (ခ) ရေစစ်များကို ပိတ်ဆို့စေခြင်း

    ကန်အတွင်း ဗေဒါအလွန်အကျွံပေါက်နေမယ်ဆိုရင် ရေသွင်းရေထုတ်လုပ်တဲ့အခါနဲ့ ငါးမျိုးစစ်ထည့်တဲ့ အချိန်မှာ ပိတ်ဆို့တာတွေ ဖြစ်တက်ပါတယ်။

    (ဃ) ရေစီးကြောင်း ပိတ်ဆို့စေခြင်း

    ဗေဒါပင်တွေပြည့်ကျပ် စွာပေါက်နေတဲ့အတွက် ရေစီးကြောင်းပိတ်ဆို့တာတွေဖြစ်တက်ပြီး ယင်းအခြေ အနေမှာ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားစေပါတယ်။

    ထွက်တိုး

    Source: Are Water Hyacinth Good for Koi Ponds? Understanding the Benefits and Drawbacks (koipondexperts.com)

    ---------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes6comments0
views160views3091