cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီစာဆေးဖက်ဝင် ဖလံတောင်ဝှေးပင်

. ကျန်းမာရေးဆောင်းပါးများ
ဖလံတောင်ဝှေးအပင်၏ အပေါ်ယံအခွံကိုခွာပြီး ခပ်နွမ်းနွမ်းဖြစ်သွားအောင် မီးကင်၍ အအေးခံပြီး အရည်ညှစ်ယူထားပါ။ ရလာသော ထိုဖလံတောင်ဝှေးအရည် လေးစက်ခန့် ကို နားထဲသို့ တစ်နေ့ငါးကြိမ်မျှ ထည့်ပေးခြင်းဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်းတို့ကို သက်သာပျောက် ကင်းစေနိုင်သည်။
  • ဖလံတောင်ဝှေးကို မြန်မာပြည်၏ အချို့ဒေသများတွင် ကလန်တောင်ဝှေးဟုခေါ်ကြသည်။ Costaceae မျိုးရင်းဖြစ်ပြီး ရုက္ခဗေဒအခေါ်အရ Costus Speciosus Smith ဟုခေါ်သည်။ Zingiberaceae မျိုးနွယ်ဖြစ်ကာ Spiral ချင်းအုပ်စုပင်မျိုးဖြစ်သည်။ ဟင်ဒီဘာသာဖြင့် Keukand ဟုခေါ်ကြ ပြီးဆင်ဟာလာ (သီရိလင်္ကာဘာသာ) ဖြင့် Thebu ဟု ခေါ်ဆိုကြသည်။ Spiral Ginger ဟုလည်းခေါ်သည်။ ကမ္ဘာနှင့်အဝှမ်းတွင် မျိုးစိတ်ပေါင်း (၄၅) ခုခန့်နှင့် မျိုးကွဲပေါင်း (၈၀) ခန့် တွေ့ရှိရသည်။ ပုံမှန်အားဖြင့် အရိပ်ကိုကြိုက်နှစ်သက်ပြီး အချို့မျိုးကွဲများမှာ နေရောင်ဒဏ်ကို ခံနိုင်ရည်ရှိသည်။ အရှေ့တောင်အာရှနိုင်ငံ များ၏ မိုးဥတုတွင် များစွာဖြစ်ထွန်းပေါက်ရောက်သည်။ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖီဂျီကျွန်းစု၊ ဟာဝိုင်အီကျွန်းစုနှင့် နီကိုဘာကျွန်းစုတို့တွင် အနှံ့အပြားပေါက်ရောက်သည်။ ငှက်သတ္တဝါတို့ မှ စားသုံးသယ်ဆောင်ခြင်းကြောင့် ကမ္ဘာ့အပူပိုင်းဒေသအနှံ့အပြားတွင် ပေါက်ရောက်လာခြင်းဖြစ်သည်။ အပင်သည် လှပတင့်တယ်သော သစ်ပင်ပျော့မျိုးဖြစ်သည်။ ပင်စည်မှာ နီညို ရောင်ဖြစ်သည်။ (၄) ပေ မှ (၁၀) ပေအထိမြင့်သည်။ အရွက်မှာ ငှက်တောင်ပုံဖြစ်ပြီး ထိပ်ချွန်သည်။ (၉) လက်မခန့်ရှည်သည်။ ပန်းခိုင်ထိပ်ဖျား မှထွက်၍ ကတော့ပုံသဏ္ဌာန် ပန်းခိုင်ဖြစ်သည်။ (၃)လက်မခန့်ရှည်၍ နီသောပွင့်ခံရွက်များပါရှိ သည်။ အပွင့်မှာ အဖြူဆွတ်ဆွတ်နုနယ်၍ လှိုင်းတွန့်ကဲ့သို့ ကတော့ပုံဖြစ်သည်။ အပွင့်သည်ကြီး၍ အချင်း (၃) လက်မခွဲခန့်ရှိပြီး (၂)လက်မခန့် အရှည်ရှိသည်။ သို့သော် အချို့သောမျိုးကွဲများတွင် အပွင့်မှာ အဖြူနှင့် အစိမ်းကျားအရောင်ရှိသည်။

    ဆေးဖက်ဝင်မှု

    Costus Speciosus နှင့် Antidiabetic နှင့် Antilipidemic ဓာတ်ပြည့်ဝစွာပါဝင်သည့် အတွက် ဖလံတောင်ဝှေးဥကို အခြောက်ခံအမှုန့်ပြုလုပ်၍ နေ့စဉ်ပုံမှန်သောက်သုံးပါက ဆီးချိုရောဂါကို ပျောက်ကင်း စေပြီး ခန္ဓာကိုယ်အတွင်းမှ မလိုလားအပ်သော အဆီများကိုလည်း ချေဖျက်စေနိုင်သည်။ သျှတြရကျမ်းအဆို အရ ပန်းနာရင်ကျပ်ရောဂါကိုပျောက်ကင်းစေကြောင်း၊ယားနာ (Rash)၊ လည်ချောင်းနာ(Bronchitis) နှင့် အူလမ်းကြောင်းအတွင်းမှ သန်ကောင်နှင့် တုတ်ပိုး (Intestinal Worms )များကို သေစေနိုင်ပြီး ကာမအားကို တိုးစေနိုင်ကြောင်းသိရသည်။ သူ့ပင်ကို သဘာဝက ဆေးစွမ်းထက်သဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်း တို့အတွက် အသုံးဝင်လှသည်။ ဖလံတောင်ဝှေးအပင်၏ အပေါ်ယံအခွံကိုခွာပြီး ခပ်နွမ်းနွမ်းဖြစ်သွားအောင် မီးကင်၍ အအေးခံပြီး အရည်ညှစ်ယူထားပါ။ ရလာသော ထိုဖလံတောင်ဝှေးအရည် လေးစက်ခန့် ကို နားထဲသို့ တစ်နေ့ငါးကြိမ်မျှ ထည့်ပေးခြင်းဖြင့် နားပြည်ယိုခြင်းနှင့် နားကိုက်ခြင်းတို့ကို သက်သာပျောက် ကင်းစေနိုင်သည်။

    ရှေးလူကြီးများက ဖလံတောင်ဝှေးပင်အမြစ်ကို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာ မကြေ၊ လေနာ၊ အရေပြားရောဂါတို့အတွက် ဆေးမြီးတိုအဖြစ် ကုသပျောက်ကင်းလေ့ရှိကြသည်။ အမျိုးသမီးရောဂါများဖြစ်ကြသော သားအိမ်လျှော၊ သားအိမ်ကျ၊ သားအိမ်အောင့်ခြင်းနှင့် အမျိုးသား ရောဂါများဖြစ်ကြသော အူကျခြင်း၊ တိုနာရောဂါတို့အတွက် ဖလံတောင်ဝှေးပင်ကို အခြောက် လှန်း၊ အမှုန့်ပြုလုပ်၍ အုန်းဆီနှင့် ရောဖျော်ပြီး စအိုနှင့် ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် ပျောက်ကင်းစေနိုင် သည်။ ထို့ပြင် အမျိုးသမီးတွေမှာ အဖြစ်များသော ရင်သားအဆီအကျိတ်ဖုအတွက် ဖလံတောင်ဝှေးပင် တစ်ပင်လုံးကိုထုချေ၍ အကျိတ်ပေါ်အုံပေးပြီး အဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကျေစေသည်။ အမျှင် ဓာတ်ကြွယ်ဝသော ဖလံတောင်ဝှေး ကို မကြာခဏချက်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေတော့ ပေ။အမျိုးသားများ ဒူလာရောဂါအတွက် လက်တစ်ဆုပ်စာပမာဏရှိသော ဖလံတောင်ဝှေး အပင်နှင့် အမြစ် တို့ကို သုံးခွက်တစ်ခွက်တင် ကျိုချက်သောက်၍သော်လည်းကောင်း၊ ဖလံတောင်ဝှေးအမြစ်ဥကို ချင်း၊ သကြားနှင့် ရောစပ်ကျိုချက်၍သော်လည်းကောင်း တစ်နေ့နှစ်ကြိမ် သောက်ပေး သင့်သည်။ အထိုင်များ၍ ခါးနာတတ်သူများနှင့် ဆီးချိုရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးသူများအတွက် ဖလံတောင်ဝှေး ပဥ္စငါးပါး(ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ကို ငရုတ်ကောင်းနှစ်စေ့ထည့်၍ ဆူပွက်နေအောင် ကျိုချက်ပြုတ်ကာ သောက်သုံးနိုင်သည်။ နာလန်ထစလူနာများအတွက် ဖလံတောင်ဝှေး ပင်ကို အခြောက်မှုန့် ပြုလုပ်၍ ပျားရည်၊ ထောပတ်နှင့်ရော၍ ညအိပ်ရာဝင်ခါနီးတိုင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း မှန်မှန်စားသုံး ပေးခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် သိသိသာသာ ခွန်အားပြည့်လာစေသည်။ ရောဂါ အမျိုးမျိုးတို့အတွက် ဆေးဖက်ဝင်ဖလံတောင်ဝှေးပင်များကို အောက်ပါအတိုင်း ချက်စားနိုင်သည်။

    - နို့တိုက်မိခင်များတွင်ဖြစ်လေ့ရှိသော နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်းပိတ်ခြင်း၊ သကျည်းကိုက်ခြင်း စသည့်ပြဿနာများအတွက် ဖလံတောင်ဝှေးကို မကြာခဏ ဟင်းခါး ချက်စားပေးပါ။

    - နှမ်းဆီစစ်စစ်ဖြင့် ကြော်စားပေးခြင်းက ချောင်းဆိုးရောဂါနှင့် နှလုံးအားနည်း၍ နှလုံးတုန်ရောဂါ တို့ကို သက်သာစေနိုင်သည်။

    - ငါးခူနှင့်ရော၍ချက်စားခြင်းဖြင့် ကာမအားကို တိုးပွားစေနိုင်သည်။

    - ငါးသိုင်း သို့မဟုတ် ပုစွန်နှင့်ရော၍ ချက်စားပေးခြင်းက သွေးဝမ်းရောဂါကိုပျောက်စေသည်။

    - အမဲသားနှင့်ချက်စားပါက ဆီးရွှင်၍ ကျောက်ကပ်ကို ကျန်းမာစေသည်။

    - ရေကြက်သားနှင့် ချက်စားခြင်းက ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါ ခြင်းစသည့် ဆီးရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်သည်။

    - ပုစွန်စုတ်ဖွား(ပုစွန်ဆိတ်)နှင့် ကြော်စားပါက လိပ်ခေါင်းသွေးကျခြင်းကို သက်သာစေသည်။

    - ကင်ပွန်းချဉ်ရွက်ဖြင့်ကြော်စားခြင်းဖြင့် ဆံပင်ဖြူခြင်းနှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာစေ သည်။

    Credit to original uploader


  • article
likes7comments0
views178views1218