cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပန်းပွင့်ချိန်မှာ ဆေးဖျန်းသင့်လား ?

. ပိုးသတ်ဆေးစနစ်တကျသုံးစွဲနည်းများ
ဥပမာ- ပန်းပွင့်ချိန်၊ အဖူးဝင်ချိန်တွင် အဓိကကျတတ်သော သရစ်ပိုး၊ ပွင့်ထွေးပိုးများအတွက် စိုက်ခင်း၏ ၂၅% အဖူးဝင်ချိန်တွင် ကြိုတင်ကာကွယ်ပါ။ ၅၀% ပန်းပွင့်ချိန်မှစ၍ ဆေးသုံးခြင်းကိုရှောင်သင့်ပါသည်။
  • ဒီကနေ့ဟာ ကမ္ဘာ့ပျားနေ့လည်း ဖြစ်တာကြောင့် ပန်းဝတ်မှုန်ကူးချိန်မှာ အကျိုးပြုလွန်းလှတဲ့ ပျားလေးတွေကို ဂုဏ်ပြုရင်း ရေးသားလိုက်ပါသည်။

    အချို့ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အထွက်နှုန်းကောင်းကောင်းရရှိနိုင်ရန် ဝတ်မှုန်ကူးပေးနိုင်သော အကျိုးပြုအင်းဆက်များ၏ အကူအညီကို မဖြစ်မနေလိုအပ်ပါသည်။ ပုံမှန်အားဖြင့် ပွင့်ဖက်၊ပွင့်ချပ်များသည် ဆေး၊ရေ၊ အာဟာရဓာတ်တို့ကို စုပ်ယူနိုင်စွမ်းအလွန်နည်းပါးပါသည်။ သို့သော်လည်း အသုံးပြုသည့် ဓာတုဆေးနှုန်းထား များလွန်းခြင်း၊ ပွင့်ဖက်၊ပွင့်ချပ်ပေါ်တို့တွင် ဓာတုဆေးများစုပုံနေခြင်းကြောင့် အဓိကအကျိုးပြုအင်းဆက်တစ်မျိုးဖြစ်သည့် ပျားများကို အန္တရာယ်ဖြစ်စေနိုင်သကဲ့သို့ ဓာတုဆေးကို ပန်းပွင့်ချိန်တွင်ဖျန်းခြင်းသည် ပန်းပွင့်၊အဖူးများ ကြွေစေနိုင်ခြင်း၊ ဝတ်မှုန်ကြွေနိုင်ခြင်း၊ ပွင့်ဖက်များဆေးလောင်နိုင်ခြင်းနှင့် အသီးတင်မှုကို ထိခိုက်နိုင်ခြင်းတို့ဖြစ်စေနိုင်ပါသည်။

    သီးနှံပင်တိုင်းအတွက် ပန်းပွင့်ချိန်တွင်ဝတ်မှုန်ကူးရန် အကျိုးပြုပျား၏ အကူအညီလိုအပ်သည်တော့ မဟုတ်ပါ။ သို့သော် နွယ်ပင်အမျိုးအစားဖြစ်သည့် သခွား၊ ကြက်ဟင်းခါး၊ ဘူး၊ ဖရုံ စသည့် သီးနှံများတွင် ပန်းပွင့်ချိန်တစ်လျှောက်လုံး ကောင်းစွာဝတ်မှုန်ကူးနိုင်ရန် အကျိုးပြုပျားများ၏ အကူအညီကိုလိုအပ်ပါသည်။။ ခရမ်းချဥ်၊ ငရုတ်၊ ခရမ်း၊ ရုံးပတီ၊ ပြောင်း စသောသီးနှံများအတွက်တော့ ဝတ်မှုန်ကူးအင်းဆက်၏ အကူအညီမပါဘဲ ကောင်းစွာသီးပွင့်နိုင်ပါသည်။ သို့ပေမယ့် ပျားကဲ့သို့ အကျိုးပြုပိုးများသည် ဝတ်ရည်အစာအာဟာရစုဆောင်းရန်အတွက် စိုက်ခင်းတွေထဲမှာ ရှိနေနိုင်ပါသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ကြသည့် တောင်သူများအနေဖြင့် စိုက်ခင်းပတ်လည်တွင် ပျားများအတွက် နေရာတကူးတကပြုလုပ်ပြီး သီးနှံပန်းပွင့်ချိန်တွင် ဓာတုဆေးဖျန်းခြင်းကို ဂရုစိုက်ရှောင်လေ့ရှိကြပါသည်။

    ပန်းများအပြည့်အဝပွင့်ဖူးနေချိန်တွင် မည်သည့်ဓာတုဆေးကိုမှ အပေါ်ကနေအုပ်မိုးပြီးမဖျန်းသင့်ပါ။ ပွင့်ဖက်၊ပွင့်ချပ်များ (ရေ၊မိုး၊မြူနှင်း) ကြောင့်စိုစွတ်နေသောအနေအထားတွင် မည်သည့်ဓာတုဆေးမှ မဖျန်းသင့်ပါ။ အဆိပ်သင့်မှုနည်းသော ဆေးကိုထိတွေ့မှုပမာဏနှင့် အချိန်ကြာခြင်းသည် အဆိပ်သင့်မှုများသောဆေးကို ထိတွေ့မှုပမာဏနှင့်အချိန်နည်းခြင်းနဲ့ အန္တရာယ်ဖြစ်နိုင်ချေတူတူပဲဖြစ်ပါသည်။

    ထို့ကြောင့် မြေကြီးပေါ်သို့ တိုက်ရိုက်ဖျန်းရသောဆေး၊ စိုက်ဘောင်၊စိုက်ကြောင်းများသို့ ထည့်ရသောဆေးနှင့် မျိုးစေ့လူးနယ်စိုက်ပျိုးခြင်းနည်းတို့ကိုသုံးခြင်းအားဖြင့် ပန်းပွင့်ကြွေခြင်း၊ အကျိုးပြုအင်းဆက်များထိခိုက်မှုကိုနည်းစေပါသည်။

    ဥပမာ- ပန်းပွင့်ချိန်၊ အဖူးဝင်ချိန်တွင် အဓိကကျတတ်သော သရစ်ပိုး၊ ပွင့်ထွေးပိုးများအတွက် စိုက်ခင်း၏ ၂၅% အဖူးဝင်ချိန်တွင် ကြိုတင်ကာကွယ်ပါ။ ၅၀% ပန်းပွင့်ချိန်မှစ၍ ဆေးသုံးခြင်းကိုရှောင်သင့်ပါသည်။

    ကိုးကား- Vegetable pesticide series: Should I use it during bloom? - MSU Extension

    Dr. Kyu Kyu Thin (Dr. DaDa )


  • article
likes16comments5
views243views2488