cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ဖုန်းဘေကံထူးကြမယ် ထွက်တိုးမှာကွယ်” အစီအစဥ်မှ ကံထူးကြသူများ

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
ကံထူးသူများ ထွက်တိုး မက်ဆင်ဂျာမှ လာရောက်ဆက်သွယ်ပြီး ဖုန်းနံပါတ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။ (ပရိုဖိုင်မှာ ပုံလေးတွေလည်း ထည့်ထားကြဖို့ အကြံပြုချင်ပါတယ်။)
  • article
  • article
  • ကံထူးသွားသူများကတော့ -

    ၁. Myo Min Oo

    ၂. ဖိုးစည်

    ၃. Tun Tun win

    ၄. Khin Thu Zar

    ၅. သွန်းနဒီဇော်

    (ကံထူးသူများကို ထွက်တိုး မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်နော်) 

    မိမိနည်း မိမိဟန်ဖြင့် မျိုးစေ့ ပေါက်နှုန်းစမ်းသပ်ပြီး မျိုးကောင်းမျိုးသန့်သုံးရန်ကို တောင်သူတော်တော်များများ သိကြတဲ့အတွက် ထွက်တိုးမှ များစွာဝမ်းသာပီတိဖြစ်ရပါတယ်။ စပါးမျိုးပေါက်နှုန်းကို နည်းစနစ်တကျစမ်းသပ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

    စပါးမျိုးပေါက်နှုန်းကို စစ်ဆေးနည်း

    အဆင့် ၁ - ရေစိုနေတဲ့ ပိတ်ပါးစ အပေါ်မှာ မျိုးစေ့ ၁၀၀ ခန့် တညီတညာ ချထားပါ။

    အဆင့် ၂ - ပိတ်ပါးစကို လိပ်ပြီး အသင့်အတင့် နေရောင်ရသော နေရာတွင် ၃ ရက်မှ ၅ ရက်အထိ ထားပေးပါ။

    အဆင့် ၃ - အဲ့ဒီနောက်မှာ ဘယ်မျိုးစေ့က အပင်ပေါက်လဲဆိုတာ သိရအောင် ပိတ်ပါးစကို ဖြည်ပြီး စစ်ဆေးကြည့်ပါ။

    အဆင့် ၄ - အပင်ပေါက်သော မျိုးစေ့ကို ရေတွက်ပါ။ အကယ်၍ မျိုးစ့ ၁၀၀ စေ့မှာ အနည်းဆုံး ၈၀%ခန့်ပေါက်ပါက စိုက်ပျိုးဖို့အတွက် သင့်တော်တဲ့ မျိုးအဖြစ် ရွေးချယ်နိုင်ပါတယ်။

    စမ်းသပ်မှု သေချာစေရန် အထက်ပါ နည်းအတိုင်း မျိုးတစ်မျိုးတည်းကိုပဲ ၃ ခု (သို့မဟုတ်) ၅ ခုကို တစ်ပြိုင်နက်တည်း ပြုလုပ်ပေးသင့်ပါတယ်။

    အချိန်ပေးပြီး ဆွေးနွေးပေးကြသော တောင်သူဦးကြီးတစ်ယောက်ချင်းစီကို ကျေးဇူး အထူးတင်ရှိပါတယ်။

    ဆုရတဲ့တောင်သူများနှင့်အတူ ထွက်တိုးမှ ဝမ်းသာဂုဏ်ယူကြောင်း မှတ်တမ်းတင်အပ်ပါတယ်ရှင်။

    နောက်များမှာလဲ စိုက်ပျိုးရေး ဗဟုသုတရစရာများ၊ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများ၊ ထိရောက်သော စိုက်နည်းစနစ်နှင့် ပိုးရောဂါကာကွယ်နိုင်နင်းနည်းများကိုလဲ ဝင်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်။

    ထွက်တိုး ရယူရန် - https://htwettoe.com/download

    ထွက်တိုးဝင်ရောက်ဆွေးနွေးနည်း လေ့လာရန် - https://htwettoe.com/post/49038

    ထွက်တိုးတောင်သူအကြံပေးဖုန်း- 09977910000

    ထွက်တိုး ယူကျူ့ ( Youtube Channel) - https://www.youtube.com/@HtwetToe

    ထွက်တိုး တယ်လီဂရမ် (TelegramChannel) - https://t.me/htwettoe


likes12comments4
views199views1896