cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သားပေါက်ကန်များဖြင့် ငါးသားပေါက်ပြုစုခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးသားပေါက်ပြုစုရာတွင် ငါးမှုန်ကန်အရွယ်အစားသည် (၀.၂၅)ဧကမှ (၀.၅)ဧကအရွယ်သာရှိသင့် ပါသည်။ ငါးသန်အရွယ်ရောက်ချိန်တွင် ငါးသန်များပြုစုပါက (၀.၅)မှ (၁)ဧက ကန်အတွင်းသာ ဆောင်ရွက် သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
  • မေလမှစတင်ပြီး ငါးခုံးမ နှင့်ငါးမြစ်ချင်းငါးများ ဆေးထိုးသားဖောက်ပြုလုပ်နိုင်ကြပါသည်။ ဆေး ထိုးသားဖောက်ခြင်းမှ ရရှိလာသော သားလောင်းများ(ငါးမှုန်) ကို ငါးသန် နှင့်ငါးဖျန်းအထိပြုစုမွေးမြူခြင်း ကာလသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ငါးသန် နှင့်ငါးဖျန်းအရွယ် ရောက်ပါက မွေးမြူသူတောင်သူများက ဝယ်ယူပြီး အသားတိုးမွေးမြူကြသည့် ဖြစ်စဉ်သည် ယနေ့ အထိ ရှိဆဲဖြစ်ပါသည်။ ငါးသားဖောက်ပြုစုခြင်းတွင် ငါးမှုန်ပြုစုခြင်းနှင့် ငါးသန်ပြုစုခြင်းဟူ၍ နှစ်မျိုး သတ်မှတ်နိုင်ပါသည်။ ငါးမှုန်အရွယ်သည် ဥမှအကောင်ပေါက်ပြီး (၃)ရက်သားအရွယ်မှ စတင်မွေးမြူ စောင့်ရှောက်ခြင်းလုပ်ငန်းဖြစ်ပါသည်။ အဆိုပါလုပ်ငန်းလုပ်ချိန်တွင် ငါးမှုန်သားပေါက်များသည် အရွယ်အစား သေးငယ်ခြင်း၊ အပူချိန်ပြောင်းလဲခြင်းကိုမခံနိုင်ခြင်းစသည့်အခြေအနေမျိုးတွင် ရှိပြီး အစာစားရာတွင်လည်း ပါးစပ်ပေါက်သေးငယ်သေးသဖြင့် အစာကြွေးခြင်းကိုလည်း အထူးဂရုပြုရသောအချိန် ဖြစ်ပါသည်။ ထို့အပြင် ရေတွင်ပေါက်ဖွားသော အင်းဆက်ပိုးမွှားများ၏ ဖျက်စီးခြင်းကိုလည်း ခံစားရပါသည်။ ငါးမှုန်ပြုစုကန်ကို သေချာစွာဆောင်ရွက်ထားမှသာလျှင် အကောင်ရေအသက်ရှင်နှုန်း မြင့်မားစွာရရှိပါမည်။

    ငါးသားပေါက်ပြုစုရာတွင် ငါးမှုန်ကန်အရွယ်အစားသည် (၀.၂၅)ဧကမှ (၀.၅)ဧကအရွယ်သာရှိသင့် ပါသည်။ ငါးသန်အရွယ်ရောက်ချိန်တွင် ငါးသန်များပြုစုပါက (၀.၅)မှ (၁)ဧက ကန်အတွင်းသာ ဆောင်ရွက် သင့်ပါကြောင်း အကြံပြုအပ်ပါသည်။ ငါးသားပေါက်ပြုစုရာတွင် အထက်ပါကန် အရွယ်အစားများ များစွာ တည်ဆောက်ထားပါက သားပေါက်ပြုစုရာတွင် ပိုမိုအဆင်ပြေနိုင်ပါသည်။ ငါးမှုန်သားပေါက်ပြုစုရာတွင် လည်းကောင်၊ ငါးသန်သားပေါက်ပြုစုရာတွင်လည်းကောင်း ငါးမျိုးစိတ် တစ်မျိုးတည်းသာ ပြုစုဆောင်ရွက် သင့်ပါသည်။ မတူညီသောငါးမျိုးစိတ်များ ရောနှောပြုစုပါက အသက်ရှင်နှုန်းနည်းပါကြောင်း နှင့် စီမံဆောင် ရွက်ရာတွင် အခက်အခဲရှိကြောင်း တင်ပြအပ်ပါသည်။

    ငါးမှုန်ကန်ပြုစုရာတွင် အထက်ဖော်ပြပါ ကန်အရွယ်အစားတွင် ကန်ကိုပတ်ကြားအက်အောင် အခြောက်ခံပြီး တစ်ဧကလျှင် အနည်းဆုံး ထုံး(၂၀၀)ပိဿာခန့် ဖြူးပေးပါ၊ ကန်အောက်ခြေအပြင် ကန်ဘောင်အတွင်းပိုင်းနံရံများကိုပါ ထုံးအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ ထို့နောက် ရေကို ရေစစ်ဖြင့် ရေသွင်းခြင်းကို ဆောင်ရွက်ပေးပါ။ သွင်းသောရေတွင် အနယ်အနှစ်များမပါဝင်စေရန် အထူး ဂရုစိုက်ပြီး၊ ငါးရိုင်းနှင့်သားစားငါးများ မပါရှိစေရပါ။ အဆိုပါ အချက်သည် အရေးကြီးသောအချက်ဖြစ်ပြီး၊ ငါးအကောင်ရေ အသက်ရှင်နှုန်းကို မြင့်မားစေပါသည်။ ငါးမှုန်ပြုစုကန်၏ ကန်ရေအနက်သည် အနည်းဆုံး (၁)ပေခွဲမှ အများဆုံး(၂)ပေသာ ထားသင့်ပါသည်။ ငါးမှုန်ကန်ပတ်ပတ်လည်ကို အခြားသောသတ္တဝါများနှင့် အင်းဆက်ပိုးများမဝင်ရောက်နိုင်စေရန် ပိုက်စိမ်းဖြင့် ကာရန်ပေးထားဖို့ လိုအပ်ပါသည်။

    ကန်ရေသွင်းပြီး (၃-၇)ရက်အကြာတွင် ကန်ရေဩဇာရရှိစေရန် မြေဩဇာထည့်သွင်းပေးရပါမည်။ (NPK) မြေဩဇာကို တစ်ဧက (၇)ပိဿာနှုန်းထည့်ပေးပါက(၇)ရက်အကာတွင် ရေ၏အရောင်သည် အစိမ်းနု ရောင် သန်းလာပါလိမ့်မည်။ အဆိုပါအချိန်တွင် ငါးမှုန်များကန်အတွင်းထည့်သွင်းနိုင်ပါသည်။ ငါးမှုန်များကန် အတွင်းမထည့်မှီ ရေတွင်ပေါက်ဖွားသော အင်းဆက်ပိုးများကို နှိမ်နှင်းရန်လိုအပ်ပါသည်။ ကာလီမက် ရေပိုး သတ်ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။ သဘာဝနည်းဖြင့် ရေပိုးသတ်လိုပါက တစ်ဧကလျှင် ဒီဇယ် လေးပုံ နှစ်ပုံ လီတာ နှင့် ဓာတ်ဆီ လေးပုံ တစ်ပုံလီတာရောပြီး ကန်ရေမျက်ပြင်ပေါ်မှ ဖျန်းပေးပါ။ လေတင်မှဖြန်း ပေးခြင်းဖြင့် ဒီဇယ်ဓာတ်ဆီများသည် လေအောက်ရှိ ကန်တစ်ဖက်တွင် သွားရောက်စုဝေးသွားပါလိမ့်မည်။

    ငါးမှုန်သားပေါက်ဘဝမှ ငါးသန်သားပေါက်အထိမွေးမြူရာတွင် ၊ တစ်ဧကလျှင် ငါးမှုန် ၁၅သိန်းမှ ၂၀ သိန်းအထိပြုစုမွေးမြူနိုင်ပြီး၊ ရှင်သန်နှုန်းအခြေအနေမှာ (ငါးသန်အရွယ်) ၁၆ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ ရရှိနိုင်ပါသည်။ ငါးမှုန်ပြုစုချိန်တွင် အပူချိန် ၊ရေအရည်အသွေးနှင့် အစာကောင်းမွန်ပါက ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင် နှုန်းအထိ ရှင်သန်နိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes5comments0
views90views2901