cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် စိုက်တောင်သူများအား အကြံပြုချက်

. ရာသီဥတု သတင်းများ
စိုက်ပျိုးရေး
  • ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်

    ၂၀၂၄ ခုနှစ်၊ မေလ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့အထိ မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေများအား အောက်ပါအတိုင်း သတင်းပေးပို့လိုက်ပါတယ်ခင်ဗျာ။

    (၁) ဟင်္သာတမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၅)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာခိုင်နှုန်းမှာ (၇၀)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၂) အင်္ဂပူမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၀)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၇)ရက်နေ့မှ (၃)ရက်နေ့အထိ ရွာရန်ရာခိုင်နှုန်းမှာ (၇၅)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၃) ကြံခင်းမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၀)ရာခိုင်နှုန်းခန့်နှင့် (၂၇) ရက်နေ့တွင် တိမ်အသင့်အတင့်ဖြစ်ပေါ်ပြီး (၂၈)ရက်နေ့မှ (၃၀)ရက်နေ့ထိ ရွာရန်ရာနှုန်းမှာ (၇၅)ရာခိုင်နှုန်းခန့်သာရှိ ပါသည်။

    (၄)လေးမျက်နှာမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၅)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာနှုန်းမှာ (၇၅)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၅)ဇလွန်မြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၅)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာခိုင်နှုန်းမှာ (၇၀) ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၆) လပွတ္တာမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၇)ရာခိုင်နှုန်းခန့်နှင့် မေလ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာနှုန်းမှာ (၇၃)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၇) ကျန်မြို့နယ်များဖြစ်ကြသော မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကန်ကြီးထောင့်၊ ကျုံပျော်၊ ငပုတော၊ ပုသိမ်၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံမြို့နယ်များတွင် မေလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၀)ရာခိုင်နှုန်းခန့်နှင့် မေလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာနှုန်းမှာ (၆၀ မှ ၇၀)ရာခိုင်နှုန်းခန့်သာ ရှိပါသည်။

    ရေကိုအချိန်ကိုက်သုံး စပါးအထွက်တိုးဆုံး

    ရေသည်ပေါင်းပေါက်ရောက်မှု ပမာဏနှင့် သဘာဝမြေဆီလွှာ အာဟာရ ဓါတ်တည်ရှိမှု၊ စပါးပင်၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာ များအပေါ် သက်ရောက်မှုရှိပါတယ်။

    • သီးနှံပင် မှန်ကန်သော အဆင့်လိုက်ရေဖြည့် ဆည်းပေးခြင်းသည် အထွက်နှုန်းမြင့်မြင့်မားမာရရှိရန် အရေးကြီးသည်။

    • ပေါင်း ပေါက်ရောက်ကြီးထွားမှုကို ဖိနှိပ်၊ဟန့်တားပေး။

    • အာဟာရဓါတ်များစုပ်ယူမှုကို တိုးမြှင့်ပေး။ 

    ရေ အဓိကလိုအပ်တဲ့အဆင့်များ

    • ပင်ပွားချိန် - အစိုဓါတ်ပြတ်ခဲ့ပါက အထွက် ၃၀% လျော့နိုင်။

    • မှို့ကပ်ချိန်

    • ပန်းပွင့်ချိန်

    • အနှံသန္ဓေကြီးထွားချိန်

    • အနှံထွက်ချိန် - ပက်ကြားအက်အောင်ရေပြတ်ပါက ဗိုက်ဖြူခြင်း၊ ဆန်သားအက်ကြောင်း ဖြစ်ပေါ်နိုင်။

    အပင်ကြီးထွားမှု အဆင့်အလိုက် ထားရှိသင့်သည့် ရေအနက်

    • မျိုးညှောင့်ပေါက်အဆင့် - စိုစွတ်ရုံ

    • ပျိုးပင် (စိုက်ပျိုး ၁၀-၂၀) ရက် - ရေမထည့်၊စိုစွတ်ရုံ (အစေ့ကြဲပြီး ဝ-၂၁) ရက်

    • ပင်ပွားအဆင့် - (၁ မှ ၂လက်မ)

    • ပင်စည်ရှည်ထွက်ချိန် -(၂ လက်မ)

    • မှို့ကပ်ချိန်မှ ဗိုက်ဖောင်းချိန် - (၂ မှ ၃ လက်မ)

    • အနှံထွက်ချိန် - (၂ မှ ၃ လက်မ)

    • ပန်းပွင့်ချိန် -( ၂ မှ ၃ လက်မ)

    • နို့ရည်တည်ချိန် - (၁ မှ ၁.၅ လက်မ)

    • နို့ရည်ခဲချိန် - (၁ လက်မ)

    • ရင့်မှည့်ချိန် - ရေပြောင်အောင်ထုတ်

    • ပျိုးခင်း ရေ ၄ လက်မခန့်ရှိပါက ရွက်ဖုံးရှည်လျားပြီး ပျိုးပင်နွဲ့ (အပင်လှီ- အမြစ်စွဲနောက်ကျ)

    ကျမ်းကိုး။ ။ ဒေါ်ခင်ရီ (လပွတ္တာခရိုင်မျိုးစေ့တာဝန်ခံ - အငြိမ်းစား)(ဆန်စပါးမျိုးသန့် မျိူးစေ့ရယူသုံးစွဲ နိုင်မှု မြှင့်တင်ရေးစီမံကိန်း စပါးသီးနှံရေစီမံခန့်ခွဲမှု)

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes6comments0
views1030views1142