cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် မွေးမြူရေး အကြံပြုချက်

. ရာသီဥတု သတင်းများ
ငါးမွေးမြူရေး
  • ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်

    ၂၀၂၄ ခုနှစ်၊ မေလ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့အထိ မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေများအား အောက်ပါအတိုင်း သတင်းပေးပို့လိုက်ပါတယ်ခင်ဗျာ။

    (၁) ဟင်္သာတမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၅)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာခိုင်နှုန်းမှာ (၇၀)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၂) အင်္ဂပူမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၀)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၇)ရက်နေ့မှ (၃)ရက်နေ့အထိ ရွာရန်ရာခိုင်နှုန်းမှာ (၇၅)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၃) ကြံခင်းမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၀)ရာခိုင်နှုန်းခန့်နှင့် (၂၇) ရက်နေ့တွင် တိမ်အသင့်အတင့်ဖြစ်ပေါ်ပြီး (၂၈)ရက်နေ့မှ (၃၀)ရက်နေ့ထိ ရွာရန်ရာနှုန်းမှာ (၇၅)ရာခိုင်နှုန်းခန့်သာရှိ ပါသည်။

    (၄)လေးမျက်နှာမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၅)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာနှုန်းမှာ (၇၅)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၅)ဇလွန်မြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၅)ရာခိုင်နှုန်းခန့်နှင့် မေလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာခိုင်နှုန်းမှာ (၇၀) ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၆) လပွတ္တာမြို့နယ်

    မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၇)ရာခိုင်နှုန်းခန့်နှင့် မေလ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာနှုန်းမှာ (၇၃)ရာခိုင်နှုန်းခန့်သာရှိပါသည်။

    (၇) ကျန်မြို့နယ်များဖြစ်ကြသော မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကန်ကြီးထောင့်၊ ကျုံပျော်၊ ငပုတော၊ ပုသိမ်၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံမြို့နယ်များတွင် မေလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်းမှာ (၉၀)ရာခိုင်နှုန်းခန့်နှင့် မေလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရွာရန်ရာနှုန်းမှာ (၆၀ မှ ၇၀)ရာခိုင်နှုန်းခန့်သာ ရှိပါသည်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် 

    မုန်တိုင်း၏ အကျိုးသက်ရောက်မှုကြောင့် မိုးရွာနိုင်တဲ့အတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်းလိုပါတယ် ခင်ဗျာ။ 

    • ရေချဉ်ဖန်နှုန်းနှင့် ပျော်ဝင်အောက်ဆီဂျင် စောင့်ကြည့်ရန်၊ 
    • ကန်အတွင်းရေအပူချိန် လျော့ကျနိုင်ပါသဖြင့် အပူချိန်ရုတ်တရက်ပြောင်းလဲခြင်းကို ဂရုပြုရန်၊ 
    • ရေချဉ်ဖန်နှုန်းကျဆင်းသွားနိုင်သဖြင့် ဂရုပြုရန်၊ 
    • လေပြင်းတိုက်ခက်ချိန် ငါးများ ဖိစီးမှု Stress မဖြစ်အောင် ဂရုစိုက်ရန်၊ 
    • မိုးရွာပြီးနောက် ပျော်ဝင်အောက်ဆီဂျင်နဲ့ရေချဉ်ဖန်နှုန်း ပုံမှန်အခြေအနေဖြစ်သွားပါက ဗိုက်တာ မင်စီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ မက်ဂနီစီယမ်ဆားတို့ကို အစာကျွေးချိန် ထည့်ကျွေးရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes5comments0
views274views1326