cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးခူအကြောင်း လေ့လာမယ်

. ငါးမွေးမြူရေးဆောင်းပါးများ
မျိုးစိတ်ပေါ်မူတည်ပြီး အချို့ ငါးခူတွေဟာ ဆယ်စုနှစ်တစ်ခုအကြာထိ အသက်ရှိနေနိုင်ပါတယ်။ အချို့ မျိုးတွေဆိုရင် နှစ်ပေါင်း ၆၀ အထိ အသက်ရှင်နေနိုင်တယ်လို့ ပြောပါတယ်။
  • ငါးခူမျိုးစိတ်ကို ရေချိုမှာ တွေ့ရများပြီး ကမ္ဘာတစ်ဝှမ်း မြစ်၊ ချောင်း၊ အင်းအိုင်နဲ့ ကန်တွေမှာ ရှိနေတက်ပါတယ်။ အခြေအနေအမျိုးမျိုးမှာ ရှင်သန်ပေါက်ဖွားနိုင်တဲ့အတွက် ငါးခူမျိုးစိတ်ရဲ့ ထူးခြားချက်တွေကို ဆွေးနွေးလိုက်ပါတယ် ခင်ဗျာ။

    ၁။ မျိုးစိတ်ကွဲပြားခြင်း

    ကမ္ဘာပေါ်မှာ ငါးမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိပြီး ယင်းတို့ထဲမှ ငါးခူမျိုးစိတ်ဟာ မျိုးကွဲများစွာရှိနေပါတယ်။ ရေချို၊ ရေငန်နဲ့ ပင်လယ်ရေတွေမှာ မျိုးစုံတွေ့ရတတ်ပါတယ်။

    ၂။ အမွှေးမျှင် တစ်စုံရှိခြင်း

    ငါးခူမှာ ထူးခြားတဲ့အချက်ကတော့ ကြာပွတ်နဲ့တူတဲ့ အမွှေးမျှင် တစ်စုံရှိပြီး အစာနဲ့ ပတ်ဝန်းကျင်ကို စူးစမ်းတဲ့နေရာမှာ သုံးပါတယ်။

    ၃။ ရေအောက်ငါးဖြစ်ခြင်း

    ငါးခူတွေဟာ မြစ်၊ ကန်၊ ချောင်းတွေမှာ ရေအောက်နေငါးများဖြစ်ပါတယ်။ ငါးခူရဲ့ ပြားတဲ့ ခန္ဓာကိုယ်နဲ့ အောက်ဘက်ကိုကော့ထွက်နေတဲ့ ပါးစပ်ဟာ မြစ်ကြမ်းပြင်မှာရှိတဲ့ အစာကို ရှာဖွေစားသောက်ဖို့အတွက် အထောက်အကူ ပြုပါတယ်။

    ၄။ လျှပ်စစ်ဓါတ်ထုတ်လွှတ်နိုင်ခြင်း

    အချို့သော ငါးခူမျိုးစိတ်တွေဟာ လျှပ်စစ်ဓါတ် ထုတ်လွှတ်နိုင်ပါတယ်။ အဲ့လို လျှပ်စစ်ထုတ်ပြီး အချင်းချင်း ချိတ်ဆက်သွားလာပြီး သားကောင်ကို ဖမ်းယူပါတယ်။

    ၅။ အရသာကို ခံစားတတ်ခြင်း

    ငါးခူတွေမှာ ခန္ဓာကိုယ်နဲ့ ပါးစပ်တွေမှာ အရသာခံအဖုလေးတွေပါပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ အစာကို ရှာဖွေစားသောက်ဖို့ ကူညီပါတယ်။

    ၆။ မျိုးစုံစားခြင်း

    ငါးခူတွေဟာ မျိုးစုံစားပါတယ်။ အင်းဆက်၊ ငါးအသေးလေးများ၊ အခွံမာသတ္တဝါတွေနဲ့ အပင်စွန့်ပစ်ပစ္စည်းတွေကို စားသုံးပါတယ်။

    ၇။ အရွယ်အစားကြီးလွယ်ခြင်း

    အချို့ငါးခူတွေဟာ ၉ ပေအထိ ရှည်ပြီး ပေါင် တစ်ရာအထိ အလေးချိန်ရှိပါတယ်။ ဒီလိုငါးခူတွေကို မဲခေါင်မြစ်ထဲမှာ တွေ့နိုင်ပါတယ်။

    ၈။ သက်တမ်းရှည်ခြင်း

    မျိုးစိတ်ပေါ်မူတည်ပြီး အချို့ ငါးခူတွေဟာ ဆယ်စုနှစ်တစ်ခုအကြာထိ အသက်ရှိနေနိုင်ပါတယ်။ အချို့ မျိုးတွေဆိုရင် နှစ်ပေါင်း ၆၀ အထိ အသက်ရှင်နေနိုင်တယ်လို့ ပြောပါတယ်။

    ၉။ ရင်ဘက်ဆူးတောင်ဖြင့် ဆက်သွယ်နိုင်ခြင်း

    ငါးခူတွေဟာ ပါးစပ်ရှိ အမွှေးမျှင် တစ်စုံမှသာမက ရင်ဘက်ဆူးတောင်မှလည်း ဆက်သွယ်နိုင်ပါတယ်။

    ၁၀။ အရောင်ပြောင်းနိုင်ခြင်း

    ငါးခူအများစုဟာ ပတ်ဝန်းကျင်အနေအထားပေါ် မူတည်၍ အရောင်နဲ့ ပုံသဏ္ဍန်ပြောင်းလဲနိုင်ပါတယ်။

    ၁၁။ သားထိန်းကောင်းခြင်း

    ငါးခူတွေဟာ သူ့တို့ရဲ့ ဥတွေနဲ့ သန္ဓေသားလောက်တွေကို လက်လွတ်လို့ရချိန်အထိ စောင့်ရှောက်တက်ပါတယ်။

    ၁၂။ ခက်ခဲတဲ့အခြေအနေတွင် အသက်ရှူနိုင်ခြင်း

    ငါးအများစုဟာ ပါးဟပ်မှတစ်ဆင့် အသက်ရှူလေ့ရှိပြီး အချို့ငါးခူမျိုးစိတ်တွေဟာ အောက်ဆီဂျင်နည်းတဲ့ ရေမှာ အသက်ရှင်နိုင်ကြပါတယ်။

    ၁၃။ အမဲလိုက်ကျွမ်းကျင်ခြင်း

    အချို့ငါးခူမျိုးစိတ်တွေမှာ ချွန်ထက်တဲ့ သွားတွေရှိနေတက်တာကြောင့် အမဲလိုက်ကျွမ်းကျင်ကြပါတယ်။

    ၁၄။ အကြားအာရုံကောင်းခြင်း

    ငါးခူတွေမှာ တိကျတဲ့ အကြားအာရုံခံတွေ ရှိနေပါတယ်။ ငါးခူရဲ့ အတွင်းနားတစ်စုံမှတဆင့် တုန်ခါသံကို အာရုံခံနိုင်ကြပါတယ်။

    ၁၅။ ဂေဟစနစ်ကို ထိန်းသိမ်းပေးခြင်း

    ငါးခူတွေဟာ ရေနေ အစာကွင်းဆက်ကို ထိန်းသိမ်းပေးပါတယ်။ ရေနေသက်ရှိသတ္တဝါများရဲ့ ပေါက်ပွားနှုန်းကို ထိန်းသိမ်းပေးခြင်းဖြင့် ဂေဟစနစ်ကို ထိန်းသိမ်းပေးပါတယ်။

    ထွက်တိုး

    Source: https://facts.net/nature/animals/15-facts-about-catfish/


  • article
likes9comments0
views145views2667