မက္ကာဒေးမီးယားစိုက်နည်း အပိုင်း(၅)
. စိုက်ပျိုးနည်းစနစ်များ
မက္ကာဒေးမီးယားစိုက်နည်း အပိုင်း(၅)

- #HtwetToeCropGuideအသီးဆွတ်ခူးခြင်းမရိတ်သိမ်းမှီအပင်၏ အောက်ခြေကို ရှင်းလင်းထားရန် လိုအပ်ပါသည်။ ပေါင်းမြက်များ၊ သစ်ကိုင်းခြောက်များ၊ အမှိုက်သရိုက်များကို ရှင်းလင်းထားရမည်။ သို့မှသာ လွယ်ကူစွာ ရိတ်သိမ်းနိုင်မည်။ အောက်ခြေတွင် အကိုင်းများရှုပ် ထွေးယှက်ဖြာနေပါက ဖြတ်တောက်ပေးခြင်းဖြင့် ဆွတ်ခူးမှုကို ပိုမိုလွယ်ကူစေပါသည်။ စတင်စိုက်ပျိုးချိန်တွင် ရင်မှည့်မှု တူညီသောမျိုးများကို စိုက်ခင်းတွင်အတန်းလိုက် စနစ်တကျ စိုက်ပျိုးခြင်းအားဖြင့် ရိတ်သိမ်းချိန်တွင် လွယ်ကူစွာ သိမ်းနိုင်မည်ဖြစ်ပါသည်။ ရင်မှည့်သောအသီးများ မြေပေါ်တွင် ကြွေကျသည့်အချိန်တွင် လက်ဖြင့် ကောက်ယူခြင်းလုပ်ငန်းအား ဆောင် ရွက်ရသည်။ Husk ခွာ၍ အတွင်းခွံ အညိုရောင်ရှိလျှင် ရင်မှည့်သော အသီးဖြစ်သည်။ Nut in Huskသည် ရေစိမ်ကြည့်၍ အသီးမြုပ်သွားလျှင် အတွင်းဆံသည် ရေစိမ်၍ ရေတွင်ပေါ်နေလျှင် ကောင်းသော အသီးဆံဖြစ်သည်။ စိုက်ခင်းမှအသီးများ ပြောင်စင်အောင် ကောက်ယူရမည်။ အကယ်၍ စိုက်ခင်းအတွင်း အသီးများ ကျန်ခဲ့ပါက ရောဂါ ပိုးမွှားဝင်ခြင်း၊ တိရစ္ဆာန်များ ဖျက်ဆီးခြင်းတို့ကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါမည်။ အသီးကောက်ယူမှုအား စိုက်ခင်း အကျယ်အဝန်းပေါ်မူတည်၍ တစ်ပတ်လျှင ်တစ်ကြိမ်ကောက်ယူရန် လိုအပ်ပါ သည်။ စိုက်ခင်းမှ ကောက်ယူလာသော အသီးများကို အလေးချိန်၍ နေ့စဉ်မှတ်တမ်း ပြုလုပ်ထားရမည်။မက္ကာဒေးမီးယားအသီးစုဆောင်းရာတွင်ဆောင်ရွက်ရမည့်နည်းလမ်းများ(က) အသီးစုဆောင်းရာတွင် မြေပြင်ပေါ်၌အသီးများ လုံးဝမကျန်စေခြင်း၊ စိုက်ခင်းအနီးအနားတွင် မက္ကာဒေးမီး ယားစက်ရုံမှ အကြွင်းအကျန်များ မရှိစေခြင်းတို့ကို ဆောင်ရွက်ရပါမည်။ သို့မှသာ အစာအလွယ်တကူ မရရှိနိုင်သဖြင့် ကြွက်ကောင်ရေတိုးပွားမှုကို ထိန်းထားနိုင်ပါသည်။(ခ) ကြွက်ခိုအောင်းနေနိုင်သောနေရာများ၊ ကြွက်သိုက်များကိုလည်း မရှိအောင်ပတ်ဝန်းကျင်သန့်ရှင်းရေးကို လည်း ဆောင်ရွက်နိုင်ရပါမည်။(ဂ) ကြွက်တွင်းများကို ရေသွင်း၍ဖျက်စီးခြင်းဖြင့်လည်း ကြွက်ဦးရေကိုနည်းပါးစေပါသည်။(ဃ) ကြွက်သတ်ဆေးရောထားသောအစာများကို ၎င်းတို့ခိုအောင်းနေနိုင်သောနေရာများ၊ ခြံ၊ အဆောက်အဦးပတ် ဝန်းကျင်များတွင်ချထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။(သတိပြုရန်မှာ- ၎င်းအဆိပ်အစာများကို ကလေးငယ်များ နှင့် အခြားတိရစ္ဆာန်များ အန္တရာယ်မဖြစ်စေရန် ဂရုပြုရပါမည်။(င) အစာများကို အဖုံးအကာများဖြင့် ဖုံးအုပ်ပေးထားခြင်းဖြင့် ကြွက်များပိုမိုနှစ်သက်စေပါသည်။ဤသို့ အဖုံးအ ကာများထဲတွင် ထားခြင်းဖြင့် မိုးရေဒဏ်မှလည်း ကင်းလွတ်စေပါသည်။ မက္ကာဒေးမီးယားခြံများတွင် ကားတာယာများ ကို အဆိပ်များထည့်သွင်း၍အသုံးပြုကြပါသည်။ ကားတာယာအဟောင်းများ၏ အတွင်းမြောင်းထဲတွင် အဆိပ်အစာ များ ထည့်သွင်းထားပြီး အပေါ်မှ အဖုံးဖြင့် ဖုံးအုပ်ထားပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် အခြားသတ္တဝါများစားသုံး ခြင်းမှ ကာကွယ်နိုင်ပြီး မြေကြီးမှလည်း တိုက်ရိုက်ထိတွေ့မှုမရှိနိုင်တော့ပါ။မက္ကာဒေးမီးယားစိုက်ပျိုးထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်တင်ပြသည်။
2
0
2026

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း