မက္ကာဒေးမီးယားစိုက်နည်း အပိုင်း(၄)
. စိုက်ပျိုးနည်းစနစ်များ
မက္ကာဒေးမီးယားစိုက်နည်း အပိုင်း(၄)

- #HtwetToeCropGuideပိုးမွှားရောဂါကျရောက်မှုmacadamiaအပင်များတွင်ပိုးမွှားရောဂါကျရောက်မှုအခြေအနေများကိုတင်ပြပေးလိုပါသည်။မက္ကာဒေးမီးယား(macadamia) စိုက်ခင်းတွင် အများအားဖြင့် ပိုးမွှားရောဂါထူးခြားစွာ ကျရောက်လေ့မရှိဟု သိရှိရပါသည်။ မူရင်းဒေသဖြစ်သော သြစတြေးလျနိုင်ငံတွင် ပိုးမွှားကျရောက်မှုရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော ဒေသမျိုးအလိုက် ပန်းပွင့်မှုအခြေအနေစသည်တို့အရ ပိုးမွှားရောဂါကျရောက်မှု အမျိုးအစားအတိုင်းအတာ ကွဲပြားနိုင်သည်။(က) အပွင့်စားကိုက်ဖြတ်ပိုး(Folwer Caterpillar)သြစတြေးလျနိုင်ငံတွင် ဗောက်ဖတ်များကို အဓိကပန်းပွင့်ချိန်ဖြစ်သော ဇူလိုင်လမှ စက်တင်ဘာလအတွင်း အများဆုံးတွေ့ရှိရသည်။ အဖူးဖူးစအချိန်တွင် ပန်းခိုငိများပေါ်သို့ ဥများဥချတတ်ပါသည်။ အဖူးများ၊ ပန်းပွင့်များကို စားသုံးကြသည်။ အသီးတင်နှုန်းလျော့ကျစေပြီး ဆိုးရွားပါက အသီးလုံးဝမရသည်အထိ ဖျက်ဆီးနိုင်သည်။ ဝတ်မှုံကူး ပျားများကို မထိခိုက်စေရန် ညနေပိုင်းတွင်သာ ဆေးဖြန်းရမည်။(ခ) သီးလုံးပြောက်စုပ်စားကြမ်းပိုး(Fruitspotting bugs)အရွယ်ရောက်တွင် ရွက်ဖုံးကောင်များသည် သီးခွံစိမ်းနှင့် အစေ့ဆန်များမှ သစ်ရည်များကို ထိုးဖောက်စုပ်စား ပါသည်။ အနည်းငယ်သော ပိုးကျရောက်မှုသည်ပင်လျှင် အစေ့အဆန်ထွက်နှုန်းနှင့် အရည်အသွေးကို ထိခိုက်စေ သည်။ ထိုကြမ်းပိုးများသည် အစေ့အဆန် ဖွံ့ဖြိုးကြီးထွားစဉ်အတွင်း အချိန်မရွေးကျရောက်နိုင်ပါသည်။ သြစတြေးလျ နိုင်ငံတွင် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကျရောက်ဖျက်ဆီးမှုသည် ဆုံးရှုံးမှုအများဆုံးဖြစ်သည်။ တစ်ပတ်အတွင်း သီးစိမ်းကြွေ ၄%ခန့်၌ ပိုးကျရောက်ဖျက်ဆီးရှိပါက ပိုးသတ်ဆေးဖြန်းရမည်။ သို့မဟုတ် နှစ်ပတ်ဆက် တိုက်အတွင်း ၂.၅%ခန့် ပိုးကိုက်ကြောင်းတွေ့ရှိပါက ဆေးဖြန်းရန်လိုအပ်ပါသည်။(ဂ) အရွက်သီးလုံးဖောက်ပိုးဗောက်ဖတ်များသည် သီးခွံစိမ်းပေါ်ရှိ အစို့ပေါက်လမ်းကြောင်း တစ်လျှောက်နှင့် သီးညှာတံတစ်ဝိုက်တွင် ဥများဥချတတ်ပါသည်။ ဗောက်ဖတ်များသည် သီးခွံစိမ်းကို ထိုးဖောက်စားသောက်ခြင်းမှ အစေ့အဆန်ကို ပျက်စီးစေ နိုင်သည်။ ဗောက်ဖတ်ငယ်များ သီးခွံစိမ်းကို ထွင်းဖောက်စားသောက်ခြင်းမပြုမှီ ဆေးဖြန်းနှိမ်နှင်းရပါမည်။(ဃ) အခြားဖျက်ပိုးများရှောက်ပင်၊ သံပုရာပင်တွင် ကျရောက်တတ်သော ပိုးနက်များ၊ အပွင့်စားပိုးများ၊ ရွက်တွင်းပိုးများ၊ ကိုင်းရစ် ဖြတ်ပိုးများ၊ ခူကောင်များနှင့် ရွက်စားကျိုင်းများသည်လည်း မက္ကာဒေးမီးယား(Macadamia)အပင်များတွင် ကျရောက် နိုင်သည်။macadamiaစိုက်ပျိုးထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်
2
0
2026

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း