cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မက္ကာဒေးမီးယားစိုက်နည်း အပိုင်း(၃)

. စိုက်ပျိုးနည်းစနစ်များ
မက္ကာဒေးမီးယားစိုက်နည်း အပိုင်း(၃)
  • article
  • #HtwetToeCropGuide

    မက္ကာဒေးမီးယားကိုင်းဆက်ခြင်း

    ကိုင်းဆက်ရန်ရွေးချယ်ထားသော အောက်ခံပင်ကို(40)cm အမြင့်တွင်ဖြတ်ပြီး အပေါ်ဘက်အရွက် (3-4)စုံ ကို ဖယ်ရှားချွေပစ်ရပါမည်။ ရွေဘော်ဖြင့်အောက်ခံပင်ကို ချော့မွေ့သောမျက်နှာပြင်ရအောင် ဦးစွာတိုက်ရပါသည်။ မျက် နှာပြင်အရွယ်အစားမှာ (3-3.5)cmခန့်ရှိပါသည်။ လက်ခံပင်အရွယ်အစားနှင့် တူညီသောမျိုးကိုင်းကိုရွေးချယ်ပြီး အ ဆစ်(3-4)ဆစ်ခန့် အရှည်(12-15cmအရွယ်) ဖြတ်ပြီးမျိုးကိုင်းကို ရွေဘော်ဖြင့် လက်ခံပင်မျက်နှာပြင်နှင့် တူညီသော အရွယ်ရောက်အောင် ပြုလုပ်ရပါမည်။ ပြုပြင်ထားသော လက်ခံပင်နှင့် အပေါ်ပိုင်းကို တစ်ထပ်တည်းကျအောင် ထပ် ဆက်ပြီး ပလပ်စတစ်(1cm×30cm)ဖြင့် နေရာလပ်မကျန်အောင် ပတ်ရစ်ရပါသည်။ ၎င်းပေါ်မှ Parafilm ဖင့် ရေငွေ့ မပျံ့အောင် ကိုင်းဆက်နေရာမှ အပေါ်ကိုင်းထိပ်ထိလုံအောင် ပတ်ရပါမည်။

    (က) ကျင်းတူးကျင်းဖုံးခြင်း

    အပေါ်ယံမြေဆီလွှာနှင့် အောက်ခံမြေလွှာကို ကျင်းတစ်ဖက်စီတွင် ခွဲခြားပုံရမည်။ ကျင်းနံရံများ ပြောင်ချော မာကျစ်မနေစေရနက် ကျင်းတူးစက်၊ တူရွင်းငန်းပြားမသုံးဘဲ ပေါက်ပြားကိုသာ သုံးရသည်။ တူးပြီးသောကျင်းထဲသို့ 100% အော်ဂဲနစ်မြေသြဇာ (1)ကီလိုဂရမ်နှင့် အပေါ်ယံမြေဆီလွှာမွမွဖြင့် သမအောင်ရောမွှေပြီး ကျင်းပြန်ဖြည့်ပေးရပါမည်။

    (ခ) စိုက်ပျိုးခြင်း

    ပျိုးပင်မစိုက်မီ ပြန်ဖို့ထားသည့်မြေကို ပေါက်ပြားဖြင့် ပျိုးအိတ်ဝင်ဆန့်နိုင်မည့် အရွယ်အစားတူးဖော်ပြီး ပျိုး အိတ်၏အောက်ခြေနှုတ်ခမ်းပတ်လည်ကို ဓါးထက်ထက်ဖြင့် လှီးဖယ်ပါ။ ပြီးလျှင်အောက်ခြေမှ အပေါ်ပိုင်းသုံးပုံနှစ်ပုံအ ထိ ဒေါင်လိုက် ပလစ်စတစ်အိတ်ခွဲ၍ ကျင်းထဲသို့ထည့်ရပါသည်။ ပျိုးအိတ်အပေါ်ယံမျက်နှာပြင်သည် ကျင်းမျက်နှာပြင် နှင့် တစ်ညီတည်းဖြစ်ရပါမည်။ အပင်ရင်းပတ်တွင် ရေထိန်းနိုင်ရန် ခွက်ပုံသဏ္ဍာန် မြေဖို့ပေးရပါမည်။ စိုက်ခင်းတွင် မျိုးကွဲများစွာ ပါဝင်စိုက်ပျိုးပါက တစ်မျိုးလျှင် တစ်လိုင်းချင်းစိုက်ပျိုးသင့်ပါသည်။ သို့မှသာ အသီးကောက်ရာတွင် တစ် လိုင်းတစ်မျိုးခြင်း တစ်ပြိုင်တည်းကောက်နိုင်မည်ဖြစ်ပါသည်။ မျိုးကွဲအလိုက် အသီးရင်မှည့်ချိန်မတူ၍ ဖြစ်ပါသည်။

    (ဂ) အစိုဓာတ်ထိန်းသိမ်းခြင်း

    မက္ကာဒေးမီးယားစိုက်ခင်းတွင် အပင်ကြီးထွားသန်စွမ်းရေးနှင့် အထွက်နှုန်းပိုမိုကောင်းမွန်ရေးအတွက် အစို ဓာတ်ထိန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်။ အစိုဓာတ်ထိန်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မြေမှအစိုဓာတ်ဆုံးရှုံးမှု ကို ကာကွယ်နိုင်သည့်အပြင် မြေ၏အပူချိန်ကို မျှတစေသည်။ ထို့အပြင် အပေါ်ယံမြေတိုက်စားမှုုကို ကာကွယ်နိုင်ပြီး မြေသားတည်ဆောက်မှု ပိုမိုကောင်းမွန်စေပါသည်။ ပေါင်းမြက်များကိုလည်း နှိင်နှင်းစေပါသည်။ အစိုဓာတ်ထိန်းရန်အ တွက် မက္ကာဒေးမီးယားအသီးခွံစိမ်းများနှင့် မြက်ခြောက်ဆွေးများ အသုံးပြုနိုင်ကြောင်းသိရှိရပါသည်။ အစိုဓာတ်ထိန်း ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် အပင်ရှည်ပင်စည်ကို တိုက်ရိုက်မထိတွေ့စေရပါ။ ပင်စည်ရောဂါကျရောက်စေနိုင် ၍ ဖြစ်ပါသည်။ အစိုဓာတ်ထိန်းခြင်းကို အပင်တန်းများကြားမြက်များထားရှိပြီး မှန်မှန်ရိတ်ပေးခြင်းဖြင့်လည်း ဆောက် ရွက်နိုင်ပါသည်။

    (ဃ) ဆေးသုတ်ခြင်း

    စိုက်ပျိုးပြီးပျိုးပင်အောက်ခြေရှိ ချို့ယွင်းချက်ရှိသောအရွက်များကို ဖယ်ရှားပြီး 85% WP(ဒိုင်ကော့ပါး၊ ထရိုင် ဟိုက်ဒရောဆိုဒ်) သုတ်ဆေးဖြင့် သုတ်လိမ်းရမည်။ ဖျော်စပ်နည်းမှာ ၎င်းဆေး2kgကို ရေဖျော်ဆေး 19ltဖြင့် ဖျော်စပ်ရ ပါသည်။ ဆေးကိုအောက်ခြေမှ ကိုင်းဆက်နေရာအထိသုတ်လိမ်းရပါသည်။

    မက္ကာဒေးမီးယားစိုက်ပျိုးထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်တင်ပြသည်။


likes
4
comments
0
views
2026