မက္ကာဒေးမီးယားစိုက်နည်း အပိုင်း (၂)
. စိုက်ပျိုးနည်းစနစ်များ
မက္ကာဒေးမီးယားစိုက်နည်း အပိုင်း (၂)

- #HtwetToeCropGuideမက္ကာဒေးမီးယားပျိုးပင်စိုက်ပျိုးခြင်းများအကြောင်းကိုလည်းထပ်မံ၍ တင်ပြလိုပါ သည်။➢ ပြောင်းရွှေ့စိုက်ခြင်းရက်သတ္တိ(၅)ပတ်သားခန့်ရှိသော ပျိုးပင်သည်ရွက်စုံ(၂)ခုအထိ ထွက်ရှိပြီးအမြစ်အရှည်(၄”)ခန့်ရှိပြီဖြစ်သည်။ ပျိုးအိတ်ကို ကျင်းပြုလုပ်ရာတွင် အချင်း(၁၁/၂”)ခန့်၊ အရှည်(၁၂”)ခန့်ရှိပြီး အဖျားတစ်ဖက်ကို ခဲတံချွန်သကဲ့သို့ချွန် ထားသောသစ်သားတုတ်ကို အသုံးပြုပါသည်။ ထိုတစ်ဖက်ချွန်တုတ်ဖြင့် ပျိုးအိတ်အလယ်တည့်တည့်တွင် စိုက်၍ ဆီ ဆုံကျည်ပွေ့လှည့်သကဲ့သို့ နှဲ့၍သွင်းရပါသည်။ အနက်(၆”)ခန့်ရလျှင် တစ်ဖက်ချွန်တုတ်ကို ပြန်ချွတ်၍ ပျိုးဘောင်ထဲမှ နှုတ်ယူထားသော ပျိုးပင်ကိုထည့်ပါသည်။ ပျိုးပင်ထည့်ရာတွင် ရေသောက်အမြစ် ခေါက်မသွားရန် ဂရုပြုရပါသည်။ ပျိုးပင်၏ပင်စည်နှင့် အမြစ်ဆက်သောအပိုင်း(Ground Level)ကို ပျိုးအိတ် မြေမျက်နှာပြင်နှင့်ညီအောင် လက်တစ်ဖက် ဖြင့်ထိန်း၍ ထည့်ပေးထားပြီး ပျိုးအိတ်ကို အထက်အောက်(၃)ကြိမ်ခန့် လှုပ်ခါပေးခြင်းဖြင့် ပျိုးအိတ်မြေသားပြန်လည် ညီညာစွာ ပျိုးပင်အခြေသို့ ဖြည့်သွင်းပြီးဖြစ်ကာ ပျိုးပင်စိုက်ပျိုးခြင်းပြီးဆုံးသွားပြီဖြစ်ပါသည်။ပျိုးအိတ်ထဲသို့ ပျိုးပင်စိုက်ပျိုးပင်စိုက်ပျိုးရာတွင် အောက်ပါကဲသို့သော မူမမှန်ပျိုးပင်များကို ဖယ်ရှားသင့်ပါသည်။(၁) Goose Neck - ဘဲငန်းလည်ပင်းကဲသို့ ကောက်ကွေးနေခြင်:(၂) Twist - တစ်ရစ်လည်ကောက်ကွေးခြင်း(၃) Strange- တစ်ရစ်ခြင်းလှည့်၍အရစ်များစွာကောက်ကွေးခြင်း(၄) Crank - လက်လှည့်စက်နှိုးဂေါက်ကဲသို့နှစ်ဆစ်ချိုးကောက်ကွေ့နေသောအမြစ်(၅) Spira - နွယ်နှာမောင်းလိမ်ကဲသို့ကောက်ကွေ့ခြင်း(၆) Pot Bound - ပျိုးအိတ်တိမ်သဖြင့်အောက်ခြေထောက်ပြီးကောက်ကွေ့ခြင်း စသည့်အပင်များ ကို ဖယ်ရှားသင့်ပါသည်။စိုက်ပြီးစပျိုးပင်ငယ်များအား အစိုဓာတ်မပြတ်စေရန် ရေလောင်းပေးရပြီး နောက်ပိုင်းတစ်နေ့တစ်ကြိမ် (သို့) လိုအပ်သလိုရေလောင်းပေးရသည်။မြေသြဇာအချိုး၁၀;၁၀;၁၀၊ တစ်လလျှင်တစ်ပင်ကို(၁)အောင်စနှုန်းဖြင့် ကျွေးပေးရ မည်။ Trace elementမြေသြဇာများကိုလည်းပတ်ဖြန်းပေးနိုင်ပါသည်။ ကိုင်းဆက်ခြင်းမပြုလုပ်မှီ တစ်လအလိုတွင် မြေ သြဇာကျွေးခြင်းကို မပြုလုပ်ရတော့ပါ။ ကိုင်းဆက်ခြင်းမပြုလုပ်မှီ ပျိုးပင်ပေါ်ရှိအရိပ်များကို ဖြည်းဖြည်းချင်းဖယ်ရှားပေး ရမည်။➢ မြေသြဇာကျွေးခြင်းစိုက်ပြီးနှစ်လအကြာတွင် 15း15း15မြေသြဇာကို တစ်ပင်လျှင်30ဂရမ်နှုန်းဖြင့် ပထမနှစ်တွင် 4ကြိမ်ခွဲ၍ ကျွေး သင့်ပါသည်။ ဒုတိယနှစ်တွင် 60ဂရမ်နှုန်းဖြင့် 4ကြိမ်ခွဲ၍ ကျွေးရပါမည်။ ဓာတ်မြေသြဇာကျွေးရာတွင် အစာစားအဖြစ် ရောက်ရှိရာ (canopy)အစပ်တွင် ဖြန့်ဖြူးကျွေးပေးရပါသည်။ တစ်ကြိမ်ဖြူးကျွေးပြီးပါက နောက်တစ်လတွင် (organic manure)ဖြန့်ဖြူးကျွေးခြင်းဖြင့် တစ်လလျှင်တစ်မျိုးတစ်လှည့်စီကျွေးရမည့်စနစ်ကို သုံးရမည်ဖြစ်ပါသည်။ မြေသြဇာ ကျွေးရန်အတွက် 2နှစ်1ကြိမ် မြေဆီလွှာဓါတ်ခွဲစမ်းသပ်ပြီး ထောက်ခံချက်အရ ကျွေးသင့်ပါသည်။➢ ကိုင်းပိုဖြတ်ခြင်းနှင့် အပင်ပုံသွင်းခြင်းကိုင်းပိုဖြတ်ခြင်းလုပ်ငန်းကို တစ်နှစ်သားမှ လေးနှစ်သားအတွင်း အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ မလိုအပ်သောကိုင်းများ ကြပ်ညှပ်နေ၍ အသီးနှုန်းနဲခြင်း “v” ပုံသဏ္ဍာန် ဂွဆုံများဖြစ်၍ လေတိုက် ဒဏ်ကြောင့် ကိုင်းကျိုးပဲ့ခြင်းများ ဖြစ်ပေါ်သဖြင့် ကိုင်းပိုဖြတ်ခြင်းလုပ်ငန်းကို အရေးတကြီးဆောင်ရွက်ရန်လိုအပ်ပါသည်။ အပင်ငယ် စဉ်တွင် သုံးနှစ်သားအရွယ်ခန့်အထိ ရွက်အုပ်ကျဲနေ၍ ကိုင်းထွက်ရန်လိုအပ်ပါက ကိုင်းထွက်လိုသောနေရာ အထက် ကပ်၍ အခေါက်အားထစ်ပေးခြင်းအားဖြင့် ကိုင်းထွက်လာစေနိုင်ပါသည်။ အကွာအဝေးစိပ်စိပ်စိုက်၍ အပင်ဝင်ဆန့်မှု များသော မက္ကာဒေးမီးယားစိုက်ခင်းတွင် အပင်သက်တမ်းကြီးလာသည်နှင့်အမျှ ရွက်အုပ်များထိစပ်ကာ ရေရှည်၌ အ ထွက်နှုန်းကျဆင်းလာနိုင်ပေသည်။ ၎င်းအပင်များမှ ဘေးကိုင်းများဖြတ်ပေးခြင်း၊ လိုအပ်ပါက ကြားပင်များဖယ်ရှားပေး ခြင်းတို့ကို ဆောင်ရွက်ရပါမည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် နေရောက်ခြည်ကို ပိုမိုမျှတစွာရရှိစေပြီး မှိုရောဂါကျရောက် မှုမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ဆက်လက်ဖတ်ရှုလိုပါကအပိုင်း ၃ - https://vlink.app.link/I2t2BwWTk1Credit - macadamiaစိုက်ပျိုးထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။
1
0
2028

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း