cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မက္ကာဒေးမီးယားစိုက်နည်း အပိုင်း (၁)

. စိုက်ပျိုးနည်းစနစ်များ
မက္ကာဒေးမီးယားစိုက်နည်း အပိုင်း (၁)
  • article
  • #HtwetToeCropGuide

    ဒီတပတ်မှာတော့ တောင်သူကြီးတွေ အတွက် မက္ကာဒေးမီးယားအပင်ကြောင်း တင်ဆက်ပေးသွားပါမယ်ရှင်။ မက္ကာဒေးမီးယား အပင်ဟာဆိုရင် နှစ်ရှည်ပင် ဖြစ်ပီး အခွံမာ အသီး အမျိုးအစား ဖြစ်ပါတယ်။အတွင်းက အစေ့ကို လှော်စားလေ့ ရှိသလို ကိတ် ၊ ဘီစကစ် ၊ ချောကလက်တွေထဲမှာလဲ ထည့်သွင်းပီး ထုတ်လုပ်ကြပါတယ်။သြစတေးရီးယားနိုင်ငံမှာ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ကျော်ခန့်ထဲက စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပီး လက်ရှိမြန်မာနိုင်ငံ ရှိ ရှမ်းပြည်နယ်မှာ စီးပွားဖြစ် စိုက်ပျိုးလာကြပီ ဖြစ်ပါတယ်။

    ➢ မြေအမျိုးအစား

    စေးလွန်းသော မြေ၊ သဲမဆန်သောမြေ၊ ကျောက်သားမြေမျိုးတို့ကို ရှောင်ကြည်ရမည်။ မက္ကာဒေးမီးယားသည် နှစ်စဉ်မိုးရေချိန်လက်မ(၆ဝ)နှင့် အထက် ရွာသွန်းသောဒေသများတွင် စိုက်ပျိုးရှင်သန်နိုင်သော်လည်း ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများသည် ပန်းပွင့်ချိန်ကာလဖြစ်ပြီး အနိမ့်ဆုံးအပူချိန် ၁၄ဒီဂရီစင်တီဂရိတ်မှ ၁၈ဒီဂရီစင်တီဂရိတ် ရရှိရန်လိုအပ်ပါသည်။ အပူချိန်နိမ့်သွားလျှင်သော်လည်းကောင်း၊ မြှင့်သွားလျှင်သော်လည်း ကောင်း ပန်းပွင့်နှုန်းသိသာစွာ လျော့နည်းသွားပါသည်။ အပူပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁၅ဝဝမှ ၃ဝဝဝအတွင်း စိုက်ပျိုးနိုင်သည်။ သမပိုင်းရာသီဥတုရှိသောဒေသများတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁ဝဝဝထက်နိမ့်သော မြေနိမ့်၊ မြေပြန့်များတွင် စိုက်ပျိုးနိုင်သည်။ ဆီးကျသောရာသီဥတုကို ရှောင်ကြည်သင့်ပါ သည်။

    ➢ ရေလိုအပ်ချက်

    မက္ကာဒေးမီးယားအပင်၏ ရေလိုအပ်ချက်မှာ စိုက်ပျိုးသောမြေအမျိုးအစား၊မြေမျက်နှာသွင်ပြင် အနေအထား၊ လေတိုက်နှုန်း၊ တိမ်ထူထပ်မှုတို့အပေါ် များစွာမူတည်သည်။ အစိုဓာတ်ထိန်းသိမ်းမှုကောင်းသော မြေမျိုးတွင် နှစ်စဉ်မိုး ရေချိန်လက်မ ၆၅ခန့် ရွာသွန်းလျှင် အစိုဓာတ်လုံလောက်ကြောင်း တွေ့ရှိရပါသည်။

    ➢ မျိုးစေ့ရွေးချယ်ခြင်း

    မျိုးစေ့များကို ပျိုးမထောင်မီ ရေစည်ထဲတွင် မျိုးစေ့များအက်ကွဲသည်အထိ ၄၈နာရီရေစိမ်ရပါမည်။ ရေစိမ်ပြီး သောအခါ ရေတွင်ပေါ်လာသည့် အစေ့များဖယ်ရှားပြီး ရေမြှပ်စေ့များကိုသာ ရွေးချယ်၍ မျိုးစေ့အစို့ဖောက်ပါသည်။

    ➢ သဲဘောင်ပြင်ဆင်ခြင်း

    အကျယ် ၁မီတာ၊ အမြင့် ၃ဝစင်တီမီတာနှင့် အရှည် ၅ဝမီတာ ပျိုးဘောင်များပြုလုပ်၍ ပလပ်စတစ်အမဲခင်းပြီး မြစ်သဲကြမ်းများဖြည့်ရပါသည်။ သဲအပေါ်မျက်နှာပြင်ညီညာရန် ပြုပြင်ပါသည်။

    ➢ ပင်ကြားတန်းကြား အကွာအဝေး

    မျိုးစေ့တစ်စေ့နှင့်တစ်စေ့ ၁စင်တီမီတာ၊ တစ်တန်းနှင့်တစ်တန်း ၃စင်တီမီတာ၊ အနက် ၃စင်တီမီတာ ထား ကာ အစို့ဖောက်ရပါသည်။ ၁စတုရန်းတွင် မျိုးစေ့(၃၇၃)စေ့ဆန့်ပါသည်။

    ➢ ပျိုးဘောင်ပြုစုထိန်းသိမ်းခြင်း

    မျိုးစေ့ထည့်စီပြီးသော သဲဘောင်တွင် ရေလောင်းပြီး ဝါးကိုင်းဖြင့်အခုံးပြုလုပ်ကာ ၎င်းအပေါ်မှ ပလပ်စတစ်အ မဲတစ်ထပ်အုပ်ပြီး အပေါ်မှာ အဖြူတစ်ထပ်အုပ်ပေးရပါသည်။ ကြွက်၊ ရှဥ့်၊ ပရွက်ဆိတ်များ ကာကွယ်ရန်အတွက် Adrin နှင့် Stromဆေးများချထားရပါမည်။ ရေကိုလိုအပ်သလို တစ်နေ့(၁)ကြိမ် (သို့) (၂)ကြိမ်ခန့် လောင်းပေးရပါ သည်။ အပူချိန် ၃ဝဒီဂရီစင်တီဂရိတ် မှ ၃၅ဒီဂရီစင်တီဂရိတ် အတွင်း ရှိရန်လိုအပ်ပါသည်။ ၁၄ရက်ခန့်အကြာတွင် မျိုးစေ့များ စတင်ပေါက်လာပါသည်။ ထိုအချိန်တွင် ပလက်စတစ်ကိုဖယ်ရှားပေးရမည်။ အပင်ပေါက်ပြီး တစ်လခန့်အ ကြာ အရွက်(၃)စုံခန့်ရှိလာချိန်တွင် ပျိုးအိတ်ထဲသို့ ပြောင်းရွှေ့စိုက်ပျိုးရပါသည်။

    ➢ ပျိုးအိတ်သွပ်ရန်နှင့် မြေရောစပ်ခြင်းနှင့် ပျိုးအိတ်သွပ်ခြင်း

    အပေါ်ယံမြေဆီလွှာ ၃ဝ%၊ သဲကြမ်း ၃ဝ% နှင့် စက်ဖွဲပြာ ၁ဝ% ကို သမအောင်ရောမွှေပါသည်။ ၆”×၁၆” အရွယ် ပိုလီဘတ်အိတ်အနက်ကို သုံးရပါမည်။

    ➢ ပျိုးအိတ်စီရန်နှင့် ဘောင်ပြုပြင်ခြင်းနှင့် ပျိုးအိတ်စီခြင်း

    ဆောက်လုပ်ပြီးသောအရိပ်စင်အောက်တွင် ပိုလီဘတ်အိတ်ကို (၃)လုံးတန်းစီကာ ၂’အကျယ်လမ်းပြုလုပ်ပါ သည်။ အိတ်မစီမီ ပလပ်စတစ်အနက်ကို ဦးစွာခင်းပြီး အိတ်စီပါသည်။

    ဆက်လက်ဖတ်ရှုလိုပါက

    အပိုင်း ၂ - https://vlink.app.link/YjhaaklUeX

    Credit - macadamiaစိုက်ပျိုးထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။


likes
3
comments
0
views
2027