စျေးကွက်သို့ ကြက်သွန်ဖြူများ အဝင်နည်းကာ စျေးများ မြင့်တက်နေ
ရာသီကုန်ချိန် ဖြစ်၍ ကြက်သွန်ဖြူများ အဝင်နည်းကာ စျေးများ မြင့်တက်နေကြောင်း စျေးကွက်အရ သိရသည်။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အဝင်နည်းလာ၍ ရှမ်းကြက်သွန်ဖြူများ အပြင် တရုတ် ကြူကုတ် ကြက်သွန်များပါ အမြင့်စျေးတွင် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
“ ရာသီကုန်သွားလို့ ရှမ်း ကြက်သွန်တွေ အဝင်နည်းတယ် ။ စျေးကွက်အရ ကြူကုတ်မရှိရင် ရှမ်းကထိုးတက်မှာ။ ရှမ်းမရှိရင် ကြူကုတ်က တက်တယ်။ ဒါကြောင့် ကြက်သွန်စျေးတွေ ဆက်တိုက် တက်လာတာ။ ပြီးခဲ့တဲ့လတွေဆို ရှမ်းမြောက် ပိတ်ထားလို့ ကြူကုတ် အဝင်နည်းသွားတယ် “ ဟု exporter တစ်ဦးက ပြောသည်။
ကြက်သွန်ဖြူက မေလ အစ တစ်ပိဿလျှင် ၆၅၀၀ မှ ၈၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး မေလ ဒုတိယ အပတ်မှ စတင်ကာ တဖြေးဖြေး မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၂၁ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အောင်ပန်း ထူး ကြက်သွန်ဖြူ တစ်ပိဿလျှင် ၉၀၀၀ မှ ၁၀၅၀၀ အတွင်း ထိသာ ရှိခဲ့ပြီး လက်ရှိ တစ်ပိဿလျှင် ၁၀၀၀၀ မှ ၁၂၀၀၀ အထိ မြင့်တက်သွား ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
ထို့အပြင် လက်ရှိ ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာလျှင် ၁၁၅၀၀ မှ ၁၂၀၀၀ ဝန်ကျင်အထိ အမြင့် စျေးတွင် ရှိနေသည်။
ပြီးခဲ့သည့် နှစ်ဖြင့် ယှဉ်ပါက ကြက်သွန်ဖြူစျေးမှာ အတက်စျေးရရှိကြောင်း ကုန်သည်များက သုံးသပ်ကြသည်။
လက်ရှိ ကြက်သွန်းဖြူ စျေး ထပ်မံ မြင့်တက်လာမှာကြောက်၍ ဝယ်ယူ ထားသူ များကြောင့်လည်း အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းနေတာလည်း ဖြစ်သည်။
ကြက်သွန်ဖြူ စျေးများ မှာ အချိန်နှင့် အမျှ ပြောင်းလည်းနေခြင်းကြောင့် စျေး တစ်သတ်မှတ် တည်း ရောင်း၍ မရကြောင်း ရှမ်းပြည်နယ် အောင်ပန်းမှ ကြက်သွန်ပွဲရုံ များ မှ သိရသည်။
“မေလ အစက တစ်ပိဿာကို ၈၀၀၀ နားပဲရှိတာ အခုဆို ၁၂၀၀၀ ဝန်းကျင်လောက်ထိ ပြန်ဖြစ်နေပြီး စျေးတွေက တစ်နေ့နဲ့ တစ်နေ့ မတူဘူး အမြဲ တက်နေတာ “ ဟု ရန်ကုန်၊ သင်္ဃန်ကျွန်းမြို့နယ် မှ စားသုံသူ ဒေါ် နန်း က ပြောပါသည်။
တရုတ် ကြူကုတ် ကြက်သွန်ဖြူများမှာ လားရှိုး ရှမ်းမြောက် နှင့် ယိုးဒယား ဘက်မှ တိုက်ရိုက်ဝင်ရောက် လျှက်ရှိကြောင်း သိရသည်။
ကြက်သွန်ဖြူကို ပြည်တွင်း၌ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြခြင်း ဖြစ်သည်။
ဖိုးချဲ(AMIA)
Exclusive content for Htwet Toe
.......
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe