cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးတွင် ကျရောက်တတ်သော ပိုးမွှားများ🌾🌾🌾

. ပိုးမွှား
စပါးတွင် ကျရောက်တတ်သော ပိုးမွှားများ🌾🌾🌾
  • မိုးစပါးစိုက်မည့်အချိန်လည်း ရောက်လာပြီဆိုတော့ တောင်သူဦးကြီးတို့အတွက် စပါးစိုက်ခင်းတွေမှာ ကျရောက်ဖျက်ဆီးတတ်တဲ့ ပိုးမွှား‌တွေအကြောင်းကို ပုံနှင့်တကွ စုစည်းပေးလိုက်ပါတယ်။ စိုက်ပျိုးသူတို့အနေနဲ့ တခြားသိချင်တဲ့ ဖျက်ပိုးရှိပါကလည်း ကောမန့်မှာ ပြောပြပေးသွားနိုင်ပါတယ်‌နော်။


    #စပါးပိုးလောင်မီး


    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒  Dicladispa armigera


    လက္ခဏာရပ်


    အကောင်ငယ်/ကြီးအဆင့်နှစ်မျိုးလုံးဖျက်ဆီးတတ်သည်။အကောင်ငယ်သည်အရွက်ထွင်းပိုး(Leaf.miner)ဖြစ်ပြီးအကောင်ကြီးသည်အပင်ပေါ်နှင့်အပင်ပတ်ဝန်းကျင်တွင်စားသောပိုးကောင်(External.feeders)ဖြစ်သည်။အကောင်ငယ်ကြောင့်အရွက်များခြောက်ကုန်ပြီးအကောင်ကြီးသည်အရွက်၏အစိမ်းရောင်တစ်သျှူးကိုအလျားလိုက်ခြစ်စားသဖြင့်အရွက်တွင်အဖြူရောင်အလျားလိုက်အစင်းများတွေ့ရသည်။ဖျက်ပိုးကျရောက်မှုနည်းပါကစပါးပင်သေမသွားသော်လည်းများစွာအားနည်း၍ကျရောက်မှုများပါကအပင်ခြောက်၍ သေနိုင်သည်။


    ကျရောက်ချိန်


    စိုက်ခင်း၊ပျိုးခင်းနှစ်ခုလုံးတွင်ကျရောက်နိုင်သည်။မိုးများသောနှစ်များတွင်ပိုးလောင်မီးကျရောက်မှုနည်းသည်။ရေကြီးနစ်မြုပ်ပြီးပြန်ကျသောအခင်းများတွင်ရေဝပ်နေရာများကျန်ရှိခဲ့ပါကထိုအခင်းများကို ဂရုစိုက်ပါ။


    ကာကွယ်နှိမ်နှင်းနည်း


    - စပါးခင်းပတ်ဝန်းကျင်တွင်ပေါင်းမြက်များသုတ်သင်ရှင်းလင်းပါ။


    - အကောင်ကြီးများကိုတွေ့ရှိပါကဖမ်းဆီးပါ။


    -အဝါကွက်ပါသောအရွက်များတွေ့ပါကခူးယူဖျက်ဆီးပစ်ပါ။


    ရွက်ထိပ်ဖျားများတွင်ဥများဥတတ်သဖြင့်အရွက်ထိပ်ဖျားများကိုဖြတ်ပစ်ပါ။စွတ်စိုသောအခြေအနေကနှစ်သက်သဖြင့်ဖြစ်နိုင်ပါကရေထုတ်ပေးပါ။ရေထုတ်ရာတွင်နာရီပိုင်းခန့်သာထုတ်ရန်လိုပါသည်။အချို့ဒေသများဆေးရွက်ကြီးအမှုန့်အစများကိုပျိုးခင်းတွင်(၂‒၃)ပြည်ခန့်ကြဲပက်ပေးခြင်းဖြင့်ကျရောက်မှုသက်သာသည်။ကျရောက်သညနေရာတွင်ပိုးကျရောက်ရာနေရာကိုသာဆေးချခြင်း(Spot treatment) ပြုလုပ်နိုင်သည်။


    #စပါးရွက်လိပ်အိမ်ပိုး 


    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒  Nymphuladepunctalis 


    လက္ခဏာရပ်


    စပါးရွက်များကိုအလျားလိုက်အလိပ်လိုက်ပြုလုပ်ပြီးထိုအလိပ်အတွင်းနေ၍စပါးရွက်အောက်မျက်နှာပြင်ကိုခြစ်စားသည်။အပင်ငယ်စဉ်တွင်ပိုမိုဆိုးရွားစွာကျရောက်နိုင်သည်။အပင်ကြီးမှာခံနိုင်ရည်ပိုရှိသည်။ ရေထဲတွင်ဖလံဘဝကြာရှည်နေနိုင်သည်။   


    ကျရောက်ချိန်


    အပင်ငယ်စဉ်ပျိုးခင်း၊ပြောင်းရွေ့စိုက်ပြီးသားတက်ပွားများချိန်၌ကျရောက်ဖျက်ဆီးသည်။အပင်ကြီးတွင်ထိခိုက်ကျရောက်မှုနည်းသည်။စိုစွတ်မှုများသောအခြေအနေကိုပိုမိုကြိုက်နှစ်သက်သည်။မိုးစပါးတွင်ကျရောက်မှုများသည်။ရေကြီးနစ်မြုပ်သောနေရာများတွင်ကျရောက်မှုများတတ်သည်။


    ကာကွယ်နှိမ်နှင်းနည်း


    စပါးပင်ဦးရေမထူထပ်စေရန်ဂရုစိုက်ပါ။တိုက်ရိုက်စိုက်ခင်းတွင်ပြဿနာပိုရှိနိုင်သည်။(၂၃)ရက်ရေထုတ်ပစ်ပါကအကောင်ငယ်များအောက်စီဂျင်ပြတ်၍သေစေသည်။ရေသွင်းပြီးစိုက်ခင်းအားစောင့်ကြည့်စစ်ဆေးရန်နှင့်လယ်ကွက်သည်အရိပ်ရပြီးဗွက်အိုင်ထူသောပတ်ဝန်းကျင်ရှိပါကပွားများမှုမြန်သည်။ရွက်လိပ်များမပြုလုပ်မီ၊ချည်မျှင်နှင့်မတွယ်မီပိုးသတ်ဆေးကိုစနစ်ကျ စွာဖျန်းရန်လိုအပ်သည်။


    #ငမြှောင်တောင်


    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Spodopetramanritia 


    လက္ခဏာရပ်


    ငယ်စဉ်တွင်အရွက်၏အစိမ်းရောင်အသားကိုခြစ်စားသဖြင့်အစိမ်းရောင်ပျောက်နေသောစပါးရွက်များကိုတွေ့ရပြီးအကောင်ကြီးအရွယ်တွင်အရွက်များကိုကိုက်ဖြတ်စားသောက်သဖြင့်အရွက်များပြတ်နေသည်။ ပျိုးခင်းတွင်ပိုမိုတွေ့နိုင်သည်။


    ကျရောက်ချိန်


    ပျိုးခင်းနှင့်ပြောင်းရွှေ့စိုက်ပြီးခါစအခင်းများတွင်ဆိုးဝါးစွာကျရောက်နိုင်သည်။ရေကြီး၊ရေလျှံ၍ပြန်လည်စိုက်ပျိုးသောအခင်းများတွင်အထူးဂရုစိုက်ရန်လိုအပ်သည်။မိုးဦးကောင်းပြီးမိုးလည်ခေါင်သောနှစ်များတွင်လည်းကောင်းမိုးစပါးနှင့်တိုက်ရိုက်စိုက်ခင်းများတွင်ပေါင်းမြက်ထူထပ်လျှင်သော်လည်းကောင်းစပါးသီးထပ်စိုက်သောနှစ်များတွင်လည်းကောင်းကျရောက်မှုပိုများ၏။ 


    ကာကွယ်နှိမ်နှင်းနည်း


    စပါးခင်းပတ်ဝန်းကျင်တွင်ပေါင်းမြက်များရှင်းလင်းထားရန်နှင့်စပါးခင်းကန်သင်းဘောင်များကိုခိုင်ခံ့အောင်ပြုလုပ်ပါ။သီးလှည့်စိုက်ပျိုးပါ။ထယ်ရေးနက်နက်ထိုးပြီးရိုးပြတ်များကိုမီးရှို့ရန်နှင့်ပိုးကောင်ကျနေသောစိုက်ခင်းများထဲသို့ရေသွင်းပါ။ငမြှောင်တောင်ဥအစုလိုက်တွေ့ပြီးတစ်ပတ်ဆယ်ရက်ကြာလျှင်အညွှန်းပါဆေးကိုစပါးရွက်အောက်မျက်နှာပြင်ကိုရောက်အောင် ဖျန်းပါ။


    #စပါးဆစ်ပိုးများ 


    ပိုးလောက်ကောင်ဖျက်ဆီးမှုကြောင့်ရွက်ပြားများဖြူကုန်သည်။စပါးနှံစထွက်ချိန်တွင်အနှံများခြောက်ကုန်သည်ကိုတွေ့နိုင်သည်။ဆစ်ပိုးခေါင်းမဲများသည်စပါးပင်အဆစ်များတွင်အဓိက စားသောက် လေ့ရှိသည်။


    ကျရောက်ချိန်                                                                                                         မိုးစပါးတွင်တိုက်ရိုက်စိုက်ခင်းများ၌ပေါင်းမြက်ထူထပ်နေပါကကျရောက်မှုများနိုင်သည်။ စပါးကိုသီးထပ်စိုက်သောနှစ်များတွင်ပိုမိုကျရောက်နိုင်သည်။


    ကာကွယ်နှိမ်နှင်းနည်း


    ရိုးပြတ်များအတွင်းရုပ်ဖုံးများဝင်ရောက်ကာဘဝစက်ဝန်းဆက်လက်ရှင်သန်နိုင်သဖြင့်ရိုးပြတ်များနှင့်ကောက်ရိုးများအားမီးရှို့ဖျက်စီးပါ။ထယ်ရေးနက်နက်ထိုးပြီးရေသွင်းထားခြင်းသည်အထိရောက်ဆုံးဖြစ်ပြီးစိုက်/ပျိုးခင်းများမြေပြင်ချိန်တွင်ဖူရာဒန်(3G)တစ်ဧလျှင်(၃၅)ကီလိုထည့်ပေးခြင်းသည်ဆစ်ပိုးကျရောက်မှုအားပိုမိုထိရောက်စွာကာကွယ်နိုင်ပါသည်။နှစ်စဉ်ကျရောက်တတ်သောစပါးခင်းများတွင်စိုက်ချိန်အားတွက်ချက်၍နောက်ကျစိုက်ပါ။အပင်ပွားချိန်တွင်ဆစ်ပိုးလက္ခဏာ(အူပုပ်dead.heart)စတင်တွေ့ရှိပါက(၁‒၂)ရက်ခန့်ရေထုတ်ပေးခြင်းဖြင့်ဆစ်ပိုးပွားများမှုမှကာကွယ်ပါ။


    #စပါးကြက်သွန်မြိတ်ပိုး 


    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Orseoliaoryzae


    လက္ခဏာရပ်


    ပိုးလောက်ကောင်များသည်ဖွံ့ဖြိုးဆဲအပင်များအတွင်း၌စားသောက်ခြင်းကြောင့်ပင်ပွားများ၏အခြေသည်ရောင်ရမ်းပြီးဖုလုံးဖြစ်လာသည်။ပျိုးခင်းကတည်းကအစပြု၍ကြက်သွန်မြိတ်ပိုးကျရောက်ပါကစပါးနှံသန္ဓေမတည်မီကာလအတွင်းဘဝစက်ဝန်းအကြိမ်များစွာလည်ပတ်နိုင်သည်။


    ကျရောက်ချိန် 


    မိုးအုံ့၍တိမ်ထူထပ်သောရာသီဥတုမျိုးတွင်ကျရောက်မှုများနိုင်သည်။ယခင်နှစ်ကြက်သွန်မြိတ်ပိုးကျရောက်ခဲ့သောပျိုးခင်း၊စိုက်ခင်းများတွင်ယခုနှစ်ပြန်လည်ကျရောက်နိုင်သည်။ဆောင်းသီးနှံစိုက်ပျိုးပြီးသောအကွက်တွင်စပါးပြန်စိုက်ပါကအထူးဂရုစိုက်ရမည်။မိုနောက်ကျသောနှစ်များတွင်အထူးဂရုစိုက်ပါ။ပေါင်းမြက်ထူထပ်သောနေရာများတွင်ကျရောက်မှုများသည်။မိုးများရေလျံသောနှစ်များတွင်ကျရောက်မှုမရှိသလောက်နည်းသော်လည်းပြန်လည်စိုက်ပျိုးသောအခင်းများတွင်အထူးဂရုစိုက်ရမည်။ခြောက်သွေ့သောရာသီတွင်ကျရောက်မှုနည်းသည်။


    ကာကွယ်နှိမ်နှင်းနည်း


    ယခင်နှစ်ကကြက်သွန်မြိတ်ပိုးကျရောက်သောအကွက်တွင်ယခုနှစ်စပါးထပ်မစိုက်သင့်ပါ။ယခင်နှစ်ကဖျက်ပိုးကျရောက်သောအချိန်ကိုမှတ်သားပြီးစိုက်ချိန်ရွှေ့ပြောင်းစိုက်ရမည်။သာမန်အားဖြင့်မိုးအခြေအနေကိုကြည့်ပြီးစောနိုင်သမျှစောစောစိုက်ရမည်။လိုအပ်၍ပိုးသတ်ဆေးပက်ဖျန်းလျှင်နံနက်စောစောပက်ဖျန်းပါ။ဒေသအလိုက်ခံနိုင်ရည်ရှိသောမျိုးများကိုရွေးချယ်စိုက်ပျိုးပါ။ပိုတက်ရှ်ဓါတ်မြေသြဇာများများထည့်ခြင်းမှရှောင်ပါ။ဓာတ်မြေသြဇာအနည်းအများသည်ကြက်သွန်မြိတ်ပိုးပွားများမှုကိုပြောင်းလဲစေသည်။အပင်ဦးရေမများစေရန်ဂရုစိုက်ပါ။ သီးလှည့်စိုက်ပျိုးပါ။ပိုးသတ်ဆေးကိုအကောင်ပေါက်ချိန်တွင်အချိန်ကိုက်ဖျန်းပါ။ပင်စည် အောက်ခြေမှအထက်သို့တိုးဖျန်းပါ။


    #စပါးသရစ်ပိုး


    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Baliothripsbiformis


    လက္ခဏာရပ်


    စပါးသရစ်ပိုးကျရောက်ပါကရွက်ထိပ်ဖျားများခြောက်သွေ့နေပြီးကျရောက်မှုများပါကရေလိုအပ်သောစပါးပင်၏လက္ခဏာနှင့်တူသည်။စိုက်ခင်းတွင်ရေမရှိပါကထိုလက္ခဏာပိုမိုထင်ရှားပြီးစပါးရွက်အောက်မျက်နှာပြင်တွင်အဝါရောင်မှအနီရောင်အထိအစင်းများတွေ့ရပြီးအရွက်အနားမှအရွက်အလယ်အရိုးထိလိပ်ဝင်နေသည်ကိုတွေ့ရသည်။စပါးနှံထွက်ချိန်တွင်ကျရောက်ပါကအဆံမပါသောအစေ့များဖြစ်နိုင်သည်။အရွက်လိပ်ထဲတွင်သရစ်ပိုးအကောင်ငယ်/ကြီးနှစ်မျိုး လုံးကိုတွေ့နိုင်သည်။


    ကျရောက်ချိန် 


    ပျိုးပင်တွင်ပိုမိုကျရောက်လေ့ရှိသည်။ပေါင်းပင်များထူထပ်သောနေရာတွင်လျင်မြန်စွာပေါက်ဖွားနိုင်သည်။မြက်မှပျိုးခင်းသို့ကူးနှုန်းသည်စပါးပင်အချင်းချင်းကူးနှုန်းထက်ပိုမြန်သည်။နွေစပါးခင်းတွင်ကျရောက်မှုပိုများသည်။ရေကျနောက်စိုက်စိုက်ခင်းများ၊ရေပြတ်သောစပါးစိုက်ခင်းများ၊တိုက်ရိုက်မျိုးစေ့ချပျိုးခင်းများ၊ရေကြီးနစ်မြုပ်ပြီးပြန်လည်စိုက်သည့်အခင်းများတွင်ဆိုးဝါးစွာကျရောက်ပါသည်။


    ကာကွယ်နှိမ်နှင်းနည်း


    ပေါက်ပွားမှုလျှင်မြန်သောဖျက်ပိုးဖြစ်သဖြင့်ကာကွယ်နှိမ်နင်းမှုကိုအချိန်မီပြုလုပ်ရပါမည်။အရွက်လိပ်ခြောက်နေသောစပါးရွက်များ၊စပါးရွက်ဘေးနှုတ်ခမ်းမှရွက်လယ်ကြောအတွင်းလိပ်နေသောစပါးပင်များကိုတွေ့ရှိပါကနှုတ်ယူမီးရှို့ပစ်ပါ။ပျိုးခင်းခြောက်သွေ့နေပါကရေနေ့တစ်ဝက်ခန့်သွင်းပါ။ခြောက်နေသောအရွက်လိပ်ကိုခွဲကြည့်ပါကအမည်းရောင်အကောင်လေးများ(၁)ဧကတွင်အပင်(၂၀)တွေ့ပါကသရစ်ပိုးကိုကုသရန်ညွှန်ပြထားသောဆေးများကိုစနစ်တကျမှန်ကန်စွာပက်ဖျန်းပါ။မွှားပင့်ကူသတ်ဆေးများသုံးစွဲခြင်းသည်အထိရောက်ဆုံးဖြစ် သည်။ထိသေ၊စားသေ၊ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးများလည်း အသုံးပြုနိုင်ပါသည်။


    #စပါးဖြုတ်ပိုး


     လက္ခဏာရပ်


    ဖြုတ်စိမ်းပိုး၊ ဖြုတ်ညို၊ ဖြုတ်ကျောဖြူပိုး


    ဖြုတ်စိမ်း၊အကောင်ကြီး၊အကောင်ငယ်နှစ်မျိုးစလုံးအပင်ကိုစုပ်စားသဖြင့်အပင်မသေသော်လည်းအပင်အားနည်းပြီးအပင်ကြီးထွားမှုနည်းသည်။ဖြုတ်စိမ်းသည်အပင်တွင်ဗိုင်းရပ်စ်ရောဂါများကိုသယ်ဆောင်သည်။အရွက်များဝါခြောက်သွားသည်။စပါးပင်၏အစောပိုင်းအဆင့်တွင်ကျရောက်တတ်သည်။ဖြုတ်ညိုပိုးကျရောက်ပါကစပါးပင်၏ပင်ရည်အားစုပ်ယူသဖြင့်စပါးရွက်များခြောက်သွေ့၍မီးလောင်ထားသကဲ့သို့တွေ့မြင်ရပြီးနောက်ဆုံးတွင်အပင်များအားလုံးသေသွားသည်ကိုတွေ့ရပါသည်။တခါတရံတံစဉ်လွတ်သည်အထိဖျက်ဆီးနိုင်ပါသည်။ထိုကဲ့သို့ဖြစ်ခြင်းကို(hopper.burn)ဖြုတ်လောင်ခြင်းဟုခေါ်သည်။ထို့အပြင်ရောဂါများဖြစ်သော(Rice Grassy Stunt Virus)(မြက်တူပင်တိုရောဂါ)နှင့်(Rice Ragged Stunt Virus) (စုတ်ပြတ်လိန်တွန့်ပင်တိုရောဂါ)သယ်ဆောင်ကူးစက်ပြန့်ပွားစေသည်။ဖြုတ်ညိုပိုးများသည်တစ်နေရာမှတစ်နေရာသို့လေမှတဆင့်ကူးစက်ပျံ့နှံ့သည်။ဖြုတ်ညိုပိုးသည်ရာသီဥတုနှင့်ဆက်စပ်မှုအများဆုံးရှိသောဖျက်ပိုးဖြစ်သည်။ဖြုတ်လောင်ရောဂါ(hopper burn)နှင့် Southern Rice Black Streak Dwarf virus(စပါးအနက်အစင်းအပင်ပုရောဂါ) ဖြစ်စေသည်။


    ကျရောက်ချိန်


    ရာသီဥတုနှင့်ဆက်စပ်မှုအများဆုံးရှိသောဖျက်ပိုးဖြစ်သည်။မိုးဦး၊မိုးလယ်၊မိုးနှောင်း(၃)မျိုးစလုံးတွင်မိုးရေချိန်များပါကဖြုတ်ပိုးပုံမှန်ကျရောက်သည်။စွတ်စိုမှုများသောနှစ်များတွင်ဆိုးဝါးစွာကျရောက်တတ်သည်။ဆိုးဝါးစွာကျရောက်သောနှစ်နည်းသည်။


    ကာကွယ်နှိမ်နှင်းနည်း 


    ဖြုတ်ညို၊ဖြုတ်ဖြူပိုးကျရောက်မှုအားကြိုတင်ကင်းထောက်မှတ်တမ်းကောက်ယူခြင်း၊ပတ်ဝန်းကျင်တွင်ပေါင်းမြက်များအားရှင်းလင်းပေးခြင်း၊စပါးလမိုင်းများမရှိစေရန်နှင့်ယခင်နှစ်ကဖြုတ်ပိုးကျခဲ့သောစိုက်ခင်းကိုမီးရှို့၍ထယ်ရေးနက်နက်ထိုးခြင်း၊ရေသွင်းရေထုတ်ပုံမှန်ပြုလုပ်ပေးခြင်း၊ဓါတ်မြေသြဇာ(ယူရီးယား)အားသင့်တော်သောနှုန်းထားဖြင့်ထည့်သွင်းပေးရန်နှင့်ပိုတက်ရှ်မြေသြဇာကိုမှန်မှန်ထည့်ပေးခြင်း၊စပါးပင်အုံတစ်အုံတွင်ဖြုတ်ညို၊ဖြုတ်ကျောဖြူအကောင်ဦးရေ(၁၀‒၁၅)ကောင်တွေ့ပါကစပါးကွင်းအားရေထုတ်၍ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရန်နှင့်စပါးခင်းအတွင်းရှိမိတ်ဆွေပိုးများအားထိန်းသိမ်းပေးခြင်း၊ ပင့်ကူအစိမ်းရောင်မိတ်ဆွေဂျပိုး Wolf spider (Paradosapseudoannulata)၊အစိမ်းရောင်မိတ်ဆွေဂျပိုးgreen mired bug(CyrtorhinuslividipennisReuter)၊မြေကျိုင်းground beetle (Ophioneanigrofasciata)မိတ်ဆွေပိုးများလာရောက်စေရန် စပါးစိုက်ခင်းများ၊ကန်သင်းများတွင်အဝါရောင်နှင့်အဖြူရောင်ပန်းပွင့်သည့်အပင်များစိုက်ပျိုးပေးခြင်း၊ဖြုတ်ပိုးဒဏ်ခံနိုင်ရည်ရှိသောစပါးမျိုးများဖြင့်အစားထိုးစိုက်ပျိုးပေးခြင်းတို့ပြုလုပ် ပေးရမည်။


    #စပါးနှံစုပ်ပိုး


    လက္ခဏာရပ်  


    စပါးနှံမပေါ်ခင်တွင်အရွက်နုများကိုစုပ်စားဖျက်ဆီးသည်။ပြောပလောက်အောင်ဖျက်ဆီးမှုမရှိသော်လည်းစပါးနှံထွက်ချိန်တွင်စပါးနှံများသေးသိမ်ဝါခြောက်ထိုးထောင်နေသည်ကိုတွေ့ရ သည်။ သို့သော်စပါးနှံအစေ့ပေါ်တွင်ညိုနက်ရောင်အစက်များတွေ့ရှိနိုင်သည်။


    ကျရောက်ချိန် 


    ရေသွင်းစိုက်ပျိုးသောဒေသများတွင်ရေသွင်းစိုက်ပျိုးသည့်စပါးသီးနှံများကို သတိထားရမည်။နှစ်စဉ်မိုးရာသီ၌မိုးရွာသွန်းမှုသည်ရှေ့- လယ်၊ နောက်-မိုးရွာသွန်းမှုတူညီနေပါကနှံစုပ်ပိုးကျရောက်မှုများတတ်သည်။အထွက်နှုန်း(၁၀-၄၀)ရာခိုင်နှုန်းခန့်ဆုံးရှုံးနိုင်သည်။


    ကာကွယ်နှိမ်နှင်းနည်း 


    စပါးနှံစုပ်ဂျပိုးသည်မြက်ရိုင်းများပေါ်တွင်အသက်ရှင်နိုင်ပြီးစပါးခင်းအနီးပတ်ဝန်းကျင်ရှိပေါင်းမြက်မြက်ရိုင်းများကိုရှင်းပါ။သီးလှည့်စိုက်ပျိုးပါ။မီးထောင်ချောက်များကိုကွင်းအနှံ့ညီညာစွာထွန်းပါ။ပိုးသတ်ဆေးများကိုနေပြင်းပြင်းမထွက်ခင်အချိန်ဆေးဖျန်းရမည်ဖြစ်ပြီးအပင်ထိပ်ဖျားမှအရွက်အနုအရင့်တစ်ပင်လုံးအတွက်နေရာ အနှံ့ရောက်ရှိရန်ဖျန်းပါ။


    #စပါးနှံဖြတ်ပိုး


     ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Mythimna separate


    လက္ခဏာရပ်


    အကောင်ငယ်များကြောင့်စပါးပင်ရွက်ကြောသာကျန်ပြီးအရွက်များမှာအကောင်ကြီးကိုက်ဖျက်စားသဖြင့်စုတ်ပြတ်နေသည်။စပါးစေ့များ၊အနှံများအပင်ရင်းတွင်ကျရောက်နေတတ်သည်။ညနေနေဝင်ချိန်မှစ၍မိုးသောက်ချိန်ထိအနှံများကိုတစ်နှံချင်းတစ်စေ့ချင်းကိုက်ဖြတ်စားသည်။ 


    ကျရောက်ချိန်  


    နှစ်စဉ်ကျရောက်ခြင်းမရှိဘဲ(၁၀)နှစ်တစ်ကြိမ်ခန့်ဆိုးဝါးစွာကျရောက်တတ်သည်။ယခင်နှစ်ကမိုးခေါင်ပြီးလာမည့်နှစ်မိုးဦးတွင်ပြင်းထန်စွာရွာသွန်းသောမိုးနှင့်ကြုံပါက၎င်းဖြတ်ပိုးကျရောက်မှုအတွက်သတိထားရမည်။ကွင်းထဲတွင်စပါးနှံဖြတ်ပိုးကျရောက်မှုစတွေ့သည့်အချိန်သည်ဆိုးဝါးသောအခြေအနေပင်ဖြစ်သည်။မိုးဦး၊မိုးနှောင်းကောင်းပြီးမိုးလယ်ခေါင်သောနှစ်များတွင်ဆိုးဝါးစွာကျရောက်နိုင်သည်။ 


    ကာကွယ်နှိမ်နှင်းနည်း 


    စပါးခင်းပတ်ဝန်းကျင်ရှိပေါင်းမြက်များကိုရှင်းလင်းရန်နှင့်စပါးရိတ်ပြီးရိုးပြတ်များကိုမီးရှို့ပါ။ထယ်၊ထွန်ကိုနက်နက်ထွန်ယက်ပါ။နှံဖျက်ပိုးများများပြားစွာကျနေသောစပါးခင်းကိုရေသွင်းပါ။နဂျီမျိုးရင်းဝင်ကပ်ပါးမိတ်ဆွေပိုးများသည်နှံဖျက်ပိုးဥပေါ်တွင်များစွာကပ်ပါးပြုနိုင်သဖြင့်အကျိုးပြုနဂျီများ(braconids)နှင့်(ichneumons)များကိုမသေစေရန်ပိုးသတ်ဆေးကိုဆင်ခြင်သုံးစွဲပါ။


    #စပါးရွက်လိပ်၊ရွက်ခေါက်ပိုး


    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒  Cnaphalocrocismedinalis


    လက္ခဏာရပ်


    စပါးပင်များကွက်၍ဖြူနေသည်ကိုတွေ့ရသည်။ပြွန်ပုံရှိစပါးရွက်လိပ်များအတွင်းတွင်လောက်ကောင်ငယ်များအားတွေ့ရသည်။အရွက်ရောဂါများအထူးသဖြင့်ဘက်တီးရီးယားရောဂါသည်၎င်းဖျက်ဆီးထားသောစပါးရွက်နှုတ်ခမ်းများမှစတင်ဖြစ်ပေါ်နိုင် သည်။


    ကျရောက်ချိန်  


    စပါးပင်သက်တမ်းအစောပိုင်းတွင်ကျရောက်တတ်သည်။ဆိုးဝါးစွာကျရောက်ခြင်းမရှိတတ်သော်လည်းစပ်မျိုးစပါးများတွင်ကျရောက် မှုဆိုးဝါးသည်။


    ကာကွယ်နှိမ်နှင်းနည်း 


    ရွက်လိပ်ရွက်ခေါက်ပိုးများဖျက်ဆီးမှုသည်စပါးအထွက်နှုန်းအားဆိုးဝါးစွာမထိခိုက်နိုင်ပါ။ပိုးသတ်ဆေးများအားအမှန်တကယ်လိုအပ်မှသာမှန်ကန်စွာသုံးစွဲသင့်ပါသည်။ပိုးသတ်ဆေးမသုံးဘဲအခြားကာကွယ်နည်းများဖြစ်သောပေါင်းမြက်များကိုရှင်းလင်းခြင်း၊ရွက်လိပ်များအားလက်ဖြင့်ဖယ်ရှားဖျက်ဆီးခြင်း၊သဘာဝမိတ်ဆွေပိုးများစပါးကွင်းအတွင်းများပြားလာစေရန်ဆွဲဆောင်နိုင်သည့်အဖြူရောင်(သို့)အဝါရောင်အပွင့်များပွင့်သည့်အပင်များအားကန်သင်းတစ်လျှောက်စိုက်ပေးခြင်းတို့ပြုလုပ်ပေးသင့်ပါသည်။


    #စပါးရွက်စားယင်(ရွက်ဗွေလောက်)


    လက္ခဏာရပ်


    ဥမှပေါက်ကာစလောက်ကောင်သည်အပင်၏အလယ်ရွက်နုပိုင်းသို့ပြောင်းရွေ့ကာကြီးထွားစရွက်သစ်လိပ်များ၏အတွင်းရှိအနားပိုင်းကိုစားသောက်ဖျက်ဆီးကြသည်။အရွက်များတစ်စထက်တစ်စရှည်လျား၍ပြန့်လာသည်နှင့်အမျှဒဏ်ရာများအားပိုမိုမြင်သာစေသည်။


    ကျရောက်ချိန် 


    ပျိုးပင်မှပင်ပွားအများဆုံးပွားသည့်ကာလအတွင်းကျရောက်တတ်သည်။ဆိုးဝါးစွာကျရောက်ခြင်းမရှိတတ်သော်လည်းကျရောက်မှုဆိုးဝါးပါကအပင်အထနှေးစေသည်။တစ်နှစ်ပတ်လုံးစပါးစိုက်ပျိုးသောဒေသများတွင်ပိုမိုဖျက်ဆီးမှုရှိသည်။ပျိုးခင်းအတွင်း၌ပင်ကာကွယ်နှိမ်နှင်းခြင်းပြုလုပ်ပေးသင့်သည်။ရေမပြတ်ရှိနေသည့်လယ်များတွင်ရောက်ကြသည်။


    ကာကွယ်နှိမ်နှင်းနည်း 


    ရေ(၁-၂)ရက်ခန့်ထုတ်ပေးပါ။ ပေါင်းမြက်များအားရှင်းလင်းပါ။


    #ရွှေခရု (Golden apple snail)

    ရောဂါပိုးဖြစ်စေသောသက်ရှိ  ‒ Pomacea Canaliculata Lamara


    လက္ခဏာရပ်


    အဝါရောင်နှင့် အညိုရောင်ဥခွံ (သို့) အစိမ်းရင့်ရောင်နှင့် အနက်ရောင် ရောနေသော ဥခွံပါသော Pila Scutataနှင့် ဆင်တူသည်။ ရေနှင့်ထိနေသော အပင်တစ်လျှောက် တစ်ကြိမ်ဥလျှင်ဥ (၄၀၀) မှ (၃၀၀၀) အထိဥသည်။ သေးငယ်ပြီး ပန်းရောင်ရှိသော ဥများသည် (၇-၁၂) ရက်အတွင်းပေါက်ပြီး ပင်ပွားထွက်သည့်အဆင့် မရောက်မီပျိုးပင်လေးများကိုစတင်စားသည်။


    ကာကွယ်နှိမ်နှင်းနည်း


    ခရုများကိုစု၍စပါးခင်းမှဝေးရာသို့ဖယ်ထုတ်ပါ။စးပါးခင်းအတွင်းရေဝင်ပေါက်တွင်အတားအဆီးပစ္စည်းသုံးပါ။ခရုဥဥစေရန်ကန်သင်းပတ်လည်(၁၀)မီတာတွင်သစ်သားတိုင်များပြုလုပ်ထားပြီးခရုနှင့်ဥများကို ဖျက်ဆီးပါ။ခရုအလေ့အထများကို ပျက်စေရန် စပါးပြောင်းရွှေ့စိုက်ပြီး ရေထုတ်ပါ။စပါးပင်သန်မာ၍ ဖျက်ဆီးမှုခံနိုင်ရည်ရှိပါက ရေပြန်သွင်းပါ။ (Open billed stork) ကဲ့သို့သဘာဝရန်သူများကို မွေးမြူပါ။ခရုနှိမ်နှင်းရန်ဆေးကို စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသော အခြားနည်းလမ်းများအတိုင်း ရွေးချယ်ပါ။


    #လယ်ဂဏန်း

    ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Rice field Crab (Esamthelphusa spp. Sayamiaspp)


    လက္ခဏာရပ်


    လယ်ဂဏန်းသည် ကန်သင်းတစ်လျှောက် အပေါက်တူးရန် ကြိုက်နှစ်သက်သည်။ ခန္ဓာကိုယ်သည် (၃-၈) စင်တီမီတာ ရှည်ပြီး အခွံမှာအနက်ရောင်ဖြစ်သည်။


    ကျရောက်ချိန်


    ပျိုးပင်အဆင့်တွင် စတင်ဖျက်ဆီးပြီးပြောင်းရွှေ့စိုက်ပျိုးသည့်အဆင့်အထိအပင်ခြေမှမြေပြင်အထက်(၃.၅)စင်တီမီတာခန့်တွင်အပင်အခြမှကိုက်ဖြတ်သည်။ဂဏန်းဖျက်ဆီးသည့်အကွက်များကိုတွေ့ရသည်။


    ကာကွယ်နှိမ်နှင်းနည်း


    ဂဏန်းတွင်းပေါက်(သို့)ရေလမ်းကြောင်းတစ်လျှောက် ငါးထောင်ခြောက်များသုံးပါ။ငါးပုပ်အစာတုံးထည့်ထားပါ။ဂဏန်းများကိုစုပြီး စပါးခင်းအပြင်ဘက်သို့ ဖယ်ထုတ်ပါပြောင်းရွှေ့စိုက်ပြီးနောက်ရေထုတ်ပါ။လယ်ဂဏန်းကာကွယ်နှိမ်နင်းရန်ဆေးကို ထောက်ခံထားသောနည်းလမ်းများအတိုင်း ရွေးချယ်သုံးစွဲပါ။


    Source: DOA

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes16comments0
views289views2176