cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေများမြင့်တက်နေ၍ မြို့ ၂၄ မြို့မှာလက်ရှိရေအမှတ်အထက် အများဆုံး ၁၁ ပေခန့်အထိမြင့်တက်နိုင်

. ရာသီဥတု သတင်းများ
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိမန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပြည်၊ ဟင်္သာတ၊ ဇလွန် အပါအဝင် ၁၇ မြို့နှင့် ချင်းတွင်းမြစ်တစ်လျှောက် ဟုမ္မလင်း၊ မုံရွာအပါအဝင် ၇ မြို့တို့တွင် လက်ရှိရေအမှတ်ထက် မြင့်တက်လာနိုင်တာဖြစ်တယ်လို့ မိုးဇလမှ မေလ ၂၈ ရက်နေ့ကအသိပေးကြေညာထားတာဖြစ်ပါတယ်။
  • ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေများမြင့်တက်နေ၍ ၎င်းမြစ်များတစ်လျှောက်ရှိမြို့ ၂၄ မြို့မှာလာမည့် ၁၀ ရက်အတွင်းလက်ရှိရေအမှတ်အထက် ၆ ပေမှ ၁၁ ပေခန့်အထိမြင့်တက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

    ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိမန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပြည်၊ ဟင်္သာတ၊ ဇလွန် အပါအဝင် ၁၇ မြို့နှင့် ချင်းတွင်းမြစ်တစ်လျှောက် ဟုမ္မလင်း၊ မုံရွာအပါအဝင် ၇ မြို့တို့တွင် လက်ရှိရေအမှတ်ထက် မြင့်တက်လာနိုင်တာဖြစ်တယ်လို့ မိုးဇလမှ မေလ ၂၈ ရက်နေ့ကအသိပေးကြေညာထားတာဖြစ်ပါတယ်။

    ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မေလ ၂၈ ရက်နေ့လည် ၁၂ ခွဲအချိန် တိုင်းထွာချက်အရယင်းမြို့တွင် ၅၈၈ စင်တီမီတာသို့ ‌ရောက်ရှိခဲ့ကာ ၃၆ နာရီအတွင်း ၁၀ ပေခန့် မြင့်တက်ခဲ့ကာဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သောအဆိုပါမြစ်ရေများသည် နောက် ၁ ရက်မှ ၇ ရက်အတွင်းဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၆ ပေမှ ၈ ပေခန့်၊ နောက် ၈ ရက်မှ ၁၁ ရက်အတွင်းပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ၈ ပေမှ ၁၀ ပေခန့်၊ နောက် ၁၁ ရက်မှ ၁၃ ရက်အတွင်းပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၆ ပေမှ ၇ ပေခွဲခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ကြောင်းမိုးဇလရဲ့ ထုတ်ပြန်ထားမှုအရသိရပါတယ်။

    ထို့အတူချင်းတွင်းမြစ်ရေဟာလည်းခန္တီးမြို့တွင် မေလ ၂၈ ရက်နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရယင်းမြို့တွင် ၅၀၂ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၃၆ နာရီအတွင်း ၁၃ ပေခန့်မြင့်တက်ခဲ့သလိုချင်းတွင်းအထက်ပိုင်းတွင် မြင့်တက်ခဲ့သောအဆိုပါမြစ်ရေဟာနောက် ၁ ရက်မှ ၄ ရက်အတွင်းဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၁၀ ပေမှ ၁၁ ပေခန့်၊ နောက် ၄ ရက်မှ ၆ ရက်အတွင်းကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၈ ပေမှ ၁၀ ပေခန့် လက်ရှိရေအမှတ်များထက် မြင့်တက်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။

    အဆိုပါ အခြေအနေများကြောင့်မြစ်ကြောင်းများအတွင်းသွားလာနေကြသည့် ရေယာဉ်၊ လှေနှင့် သင်္ဘောများအနေဖြင့် ဂရုပြုသင့်ကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်းမြစ်ရေတိုးလာနိုင်မှုကိုဂရုပြုနေထိုင်သင့်ကြောင်းမိုးဇလမှ အကြံပြုထားပါတယ်။

    ၂၀၂၄၊ မေ ၂၉ ရက်နေ့ သတင်း

    Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။

    -----

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များအတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes5comments0
views174views1239